ဂျပန်ရောက် IT/Engineering များအတွက် အလုပ်အကိုင်များပြသခြင်းနှင့်အလုပ်လျှောက်ခြင်းပွဲကို Online Event ဖြင့်ကျင်းပမည်

အလုပ်အတွေ့အကြုံရှိပြီး Career Up ဖြစ်ချင်သော ဂျပန်ရောက်မြန်မာ IT/Engineering ပညာရှင်များအတွက် ဂျပန်ရှိ ကောင်းမွန်သော Jobs Vacancies များစုစည်းပြသပွဲနှင့် အလုပ်လျှောက်ခြင်းပွဲ ကို Online မှတဆင့်ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားကို ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့(စနေနေ့) နံနက် ၉ နာရီ မိနစ် ၃၀ မှ နေ့လည် ၁၂ နာရီ မိနစ် ၃၀ အချိန်တွင် ကျင်းပပြုလုပ်သွားမည်လည်းဖြစ်သည်။
အဆိုပါပြပွဲကို ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်မှာလည်း ဂျပန်ရောက် မြန်မာလူမျိုးများ၏ အလုပ်အကိုင်အခွင့်အလမ်းများ အတွက် တဖက်တလမ်းမှ ပံ့ပိုးနေသော ARBEIT TIMES CO.,LTD သည် မြန်မာလူမျိုးများ ဂျပန်ကုမ္ပဏီများတွင် အလုပ်ပိုမိုရရှိနိုင်စေရန်နှင့် ဂျပန်တွင် လုပ်ငန်းအတွေ့အကြုံ ယူချင်သော မြန်မာလူမျိုးများအတွက် အထူးရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။

Photo Source https://www.facebook.com/Japan-Myanmar-Jobs-Knowledge-732800030159020/

မြန်မာနိုင်ငံရှိလူ့စွမ်းအားအရင်းအမြစ်များအတွက် အလုပ်အကိုင်သတင်းအချက်အလက်ပြပွဲသည် ဂျပန်ရောက် မြန်မာလူမျိုး များကို အလုပ်ခန့်ချင်သော ဂျပန်နိုင်ငံရှိ အိုင်တီ/အင်ဂျင်နီယာ အလုပ်ခေါ်စာများစွာကို တစ်စုတစ်စည်းထဲတင်ပြထားပြီး Online မှ အလုပ်လျှောက်နိုင်သောပွဲဖြစ်သည်။
လာရောက်ဆင်နွှဲမည့်သူများလာရောက် ဆင်နွှဲမည့်သူ မည်သူမဆို Entry Form ကိုမဖြစ်မနေ ဖြည့်ရန်လိုအပ်မည်လည်းဖြစ် သည်။ အဆိုပါပြပွဲကို လာရောက်ဆင်နွှဲသင့်သူများမှာ ဂျပန်(သို့) မြန်မာတွင် အလုပ်အတွေ့အကြုံရှိပြီး အလုပ်ပြောင်း ချင်သောသူများ၊ Career up ချင်သူများ အနေဖြင့်တက်ရောက်သင့်သော ပြပွဲတစ်ခုလည်းဖြစ်သည်။
အဆိုပါပြပွဲကို တက်ရောက်လိုသူများအနေဖြင့် လိုအပ်သောအရည်အချင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ အနည်းဆုံး ဂျပန်စာ N3 လက်မှတ်ရှိရပါမည်။
၂။ ဂျပန်(သို့) မြန်မာတွင်  အိုင်တီ၊အင်ဂျင်နီယာလုပ်ငန်းအတွေ့အကြုံရှိသူ  ဖြစ်ရမည်။
၃။ လက်ရှိဂျပန်တွင်နေထိုင်နေသောသူဖြစ်ရမည်။
ARBEIT TIMES CO.,LTD သည်ဂျပန်တွင် စတင်တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း ၄၇နှစ် ကြာ ရှိပြီဖြစ်ပြီး ဂျပန် ဥပဒေများ နှင့်အညီ မှန်ကန်စွာ လုပ်ကိုင်နေသော ကုမ္ပဏီ တခုဖြစ်သည်။ ၂၀၁၅ ခုနှစ် မေလ ၃၁ ရက်နေ့ မှစပြီး ယနေ့အထိ ၇ ကြိမ်တိုင်တိုင်ဂျပန်ရောက်မြန်မာလူမျိုးများ၏အလုပ်အကိုင်အခွင့်အလမ်းများအတွက် JOB FAIR ကို ကျင်းပပြုလုပ်ခဲ့ပြီး ထိုပွဲမှ မြန်မာလူမျိုး စုစုပေါင်း အယောက်ရာကျော် အလုပ်ရရှိခဲ့ပြီးဖြစ်သည်။ ဆက်လက် ပြီးနောင်နှစ်များတွင်လည်း ပြုလုပ်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Photo Source https://www.facebook.com/Japan-Myanmar-Jobs-Knowledge-732800030159020/

အောက်ပါ Link တွင် စာရင်းပေးသွင်းနိုင်ပါသည်။
https://docs.google.com/…/1FAIpQLSeYOlrCjR1CpV…/viewform
Entry Form ဖြည့်သူများသာ လုပ်ငန်းနာမည်များနှင့် တက်ရောက်ရန် Link အားမေးလ်ဖြင့် ပို့ပြီးအကြောင်းကြား သွားမည်ဖြစ်သည်။