Mytel မှ ခရစ္စမတ်အထူးကံစမ်းမဲအစီအစဉ်၏ iPhone 12 ကံထူးရှင်များကို ထုတ်ပြန်ကြေညာ

Mytel သည် ခရစ္စမတ်ကာလတွင် သုံးစွဲသူများကို ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် “Merry Christmas” ကံစမ်းမဲ အစီအစဉ်ကို Mytel Myanmar လူမှုစာမျက်နှာတွင် ဒီဇင်ဘာ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ တိုက်ရိုက်ထုတ်လွှင့်ကာ ကံထူးရှင် များကို ရွေးချယ်ပေးခဲ့သည်။
ထိုအစီအစဉ်သည် ခရစ္စမတ်ကာလတွင် Mytel အသုံးပြုခြင်းဖြင့် လက်ဆောင်များ ရယူနိုင်အောင် ပြုလုပ်ပေးထားသည့် အထူးအစီအစဉ်တစ်ခု ဖြစ်ပြီး အထူးဆုအဖြစ် နောက်ဆုံးပေါ် iPhone 12 (၃) လုံးနှင့် အခြားသော တယ်လီကွန်းဆုများကို မဲဖောက်ပေးခဲ့သည်။
ခရစ္စမတ်ပိတ်ရက်များတွင် တိုက်ရိုက်ထုတ်လွှင့်ကျင်းပခဲ့သော ယင်းအစီအစဉ်ကို Mytel သုံးစွဲသူများသည် 966 သို့ MC ဟုပေးပို့ကာ ပါဝင်ခဲ့ကြပြီး အထူးဆု iPhone 12 (၃) လုံးနှင့် အခြားတယ်လီကွန်းဆုများကို ကံစမ်းခဲ့ကြသည်။ တိုက်ရိုက်အစီအစဉ်၏ အထူးဆုဖြစ်သော နောက်ဆုံးပေါ် iPhone 12 ကို ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်မှ ကိုမင်းခန့်က ပထမနေ့တွင်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ မမြင့်မြင့်ဇော်က ဒုတိယနေ့တွင် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ ကိုမင်းထက်ကောင်းက တတိယနေ့တွင်လည်းကောင်း အသီးသီး ဆွတ်ခူးခဲ့ကြသည်။

Photo Source https://www.facebook.com/mytelmyanmar

Mytel သည် တစ်မူထူးခြားစွာဖြင့် ဒီဇင်ဘာလ၏ အစိုးရရုံးပိတ်ရက်များအတွက် “Merry Christmas” ကံစမ်းမဲ အစီအစဉ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နောင်အနာဂတ်များတွင်လည်း သုံးစွဲသူများအတွက် ယခုကဲ့သို့သော အထူးအစီအစဉ်များကို ပြုလုပ်ပေးသွားနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာလူမျိုးတို့၏ အကျိုးစီးပွားကိုရှေးရှုသော ဂရုအစိုက်ဆုံးအော်ပရေတာ Mytel သည် ခေတ်မီဆန်းသစ်သော နည်းပညာများဖြင့် သုံးစွဲသူများအား အထောက်အပံ့ ဖြစ်စေနိုင်မည့် အတွေ့အကြုံကောင်းများကို ပေးစွမ်းနိုင်ပြီး မြန်မာ လူမျိုးတို့၏ သုံးစွဲမှုအလေ့အထနှင့် ကိုက်ညီသည့် အရည်အသွေးပြည့်မီကောင်းမွန်သော ဆက်သွယ်ရေး ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ Mytel သည် မြန်မာနိုင်ငံနှင့်ကိုက်ညီပြီး အသုံးပြုသူများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ဆန်းသစ်တီထွင်မှုများနှင့် ဝန်ဆောင်မှုများအား ပံ့ပိုးပေးနိုင်ရန် အထူးအာရုံစိုက်၍ ဆက်လက်ဖော်ထုတ်သွားမည် ဖြစ်သည်။
Mytel ကုမ္ပဏီသည် နိုင်ငံတကာဆက်သွယ်ရေးဝန်ဆောင်မှုဈေးကွက်များတွင် ဆယ်စုနှစ်တစ်ခုကျော်တိုင် အတွေ့ အကြုံရှိသော မိတ်ဖက်အဖွဲ့ဝင် တစ်ခုဖြစ်သည့် Viettel ၏ နည်းပညာများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ Mytel သည် မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုအလေ့အထနှင့်ကိုက်ညီသည့် အရည်အသွေးပြည့်မီပြီး ကောင်းမွန်သော သုံးစွဲသူ အကြိုက် ဝန်ဆောင်မှုများကို ပြည်သူပြည်သားများအတွက် နောက်ဆုံးပေါ်နည်းပညာများဖြင့် ကြိုးပမ်း ဆောင်ရွက် လျက်ရှိသည်။

Photo Source https://www.facebook.com/mytelmyanmar

Mytel သည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ခေတ်အမီဆုံး ဆက်သွယ်ရေး အခြေခံ အဆောက် အအုံများ တည်ဆောက်၍ အကျယ်ပြန့်ဆုံး 4.5G ကွန်ရက်ဖြန့်ကျက်မှုဖြင့် ပြည်သူလူထု၏ လူနေမှု ဘဝများကို စွမ်းအားမြှင့်တင်ပေးနိုင်သော ဒီဂျစ်တယ်စနစ်သို့ကူးပြောင်းနိုင်ရန် ဦးတည်ဆောင်ရွက်နေသော ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သည်။ Mytel သည် မြန်မာနိုင်ငံတွင် 5Gကွန်ရက်၊ e-SIM နှင့် VoLTE စနစ်တို့ကို ပထမဆုံး မိတ်ဆက်ပေးခဲ့သည့် အော်ပရေတာ လည်းဖြစ်သည်။
အသေးစိတ်အချက်အလက်များကို ပိုမိုသိရှိလိုပါက https://www.facebook.com/mytelmyanmar နှင့် https://www.mytel.com.mm တွင် ဝင်ရောက်ကြည့်ရှု့နိုင်သည်။