မြန်မာနိုင်ငံတွင် အကောင်းဆုံး နှင့် ထိပ်ဆုံးမှရပ်တည်နေတဲ့ အိမ်ခြံမြေ အကျိုးဆောင် ၀ဘ်ဆိုက် iMyanmarHouse

Image Source: https://www.imyanmarhouse.com/

တိုးတက်ပြောင်းလဲလာသောနည်းပညာများ နှင့်အတူ မြန်မာနိုင်ငံ၏ နည်းပညာကဏ္႑ မှာလည်းပိုမိုတိုးတက် လာခဲ့ပါတယ်။ မြန်မာနိုင်ငံ အိမ်ခြံမြေဈေးကွက်မှာလည်း များစွာပြောင်းလဲလာခဲ့ပြီး ယခင်နှစ်များ နဲ့မတူ အိမ်ခြံမြေ တန်ဖိုး ဈေးနှုန်းများမှာလည်း သိသိသာသာ တန်ဖိုးများတိုးလာခဲ့ပါတယ်။ ယခင်က ဆိုလျှင်ဖြင့် အိမ်ခြံမြေ ရောင်း၊ ၀ယ်၊ ငှား ပြုလုပ်တော့မည်ဆိုလျှင်ဖြင့် အိမ်ခြံမြေ အကျိုးဆောင် ပွဲစားများ ၊ အကျိုးဆောင် ကုမ္မဏီများကိုဆက်သွယ်ပြီး မိမိလိုချင်သော အိမ်ခြံမြေ များကို မိမိ ကြိုက်နှစ်သက်သော အချက်အလက်များ မရမချင်း အချိန်ကုန်လူပင်ပန်းစွာ လိုက်လံ ကြည့်ရှုရပါတယ်။ တချို့မှာမူ အိမ်ခြံမြေ အကျိုးဆောင် ပွဲစားများ ၊ အကျိုးဆောင် ကုမ္မဏီများ မှ လိမ်လည်ခြင်းကို ခံရပြီး ငွေကြေးများနစ်နာဆုံးရှုံးမှုများစွာလည်းရှိခဲ့ပါတယ်။ ထိုသို့ အချိန်ကုန်၊ လူပင်ပန်း၊ ငွေကြေးနစ်နာမှုများ နည်းသထက်နည်းလာစေရုံသာမက ပိုမိုလွယ်ကူပြီး အချိန်ကုန်၊လူပင်ပန်းသက်သာစေရန် ခေတ်မှီတိုးတက်လာသော နည်းပညာများကို အသုံးပြုလာခဲ့ကြပါတယ်။ ယခုအခါ အိမ်ခြံမြေ များကို ရောင်းခြင်း၊ ၀ယ်ခြင်း၊ ငှားရမ်းခြင်းများကို ပြုလုပ်တော့မယ်ဆိုလျှင် အင်တာနက်ရရှိနိုင်သည့် မည်သည့်နေရာဒေသမဆို မိုဘိုင်းဖုန်းများ၊ တက်ဘလက်များ၊ ကွန်ပျူတာများ ပေါ်မှာ ရောင်းခြင်း၊ ၀ယ်ခြင်း၊ ငှားရမ်းခြင်း များကိုပြုလုပ်နိုင်ခဲ့ပါပြီ။ ယခင်လို နေပူထဲသွားလာပြီး အိမ်ခြံမြေ များကိုလိုက်လံကြည့်ရှု ရန်မလိုအပ်ပဲ မိမိ လိုချင်သော အိမ်ခြံမြေ၊ နေရာ၊ ဒေသ၊ မြေနေရာအကျယ်အ၀န်း၊ အဆောက်အဦးပုံ၊ အခန်းဖွဲ့စည်းပုံများနှင့် ဈေးနှုန်းထားများကို တစ်ထိုင်တည်းမှာပဲကြည့်ရှု နိုင်မှာဖြစ်ပါတယ်။ ယခုလို အဆင်ပြေချောမွေ့စေနိုင်ရန်အတွက် iMyanmarHouse.com မှကူညီပေးသွားမှာဖြစ်ပါတယ်။

Image Source: https://www.imyanmarhouse.com/en/imyanmarhouse-mobile-app

iMyanmarHouse.com ၀ဘ်ဆိုက်် ကို ၂၁ ရက် အောက်တိုဘာ လ ၂၀၁၃ တွင် စတင်လွှင့်တင်ခဲ့ပြီး အိမ်ခြံမြေ ရောင်းခြင်း ၊ ၀ယ်ခြင်း ၊ ငှါးရမ်းခြင်း များရှိပါက မိမိ ကိုယ်ပိုင် အကောင့်တစ်ခု ဖွင့်လှစ်ပြီး အခမဲ့ ကြော်ငြာတင်နိုင်သော မြန်မာနိုင်ငံတွင် အကောင်းဆုံး နှင့် ထိပ်ဆုံးမှရပ်တည်နေတဲ့ အိမ်ခြံမြေ အကျိုးဆောင် ၀ဘ်ဆိုက်် တစ်ခုဖြစ်ပါတယ်။ iMyanmarHouse ၀ဘ်ဆိုက်ကို မြန်မာ ၊ အင်္ဂလိပ် ဘာသာ နှစ်မျိုးဖြင့် မြင်တွေ့နိုင်ပြီး မေလ ၂၀၁၇ စာရင်းများအရ ၄င်း ၀ဘ်ဆိုက်် ကို အသုံးပြုသူများမှ တင်ထားပြီးသော ရောင်းရန် ငှါးရန် ကြော်ငြာစုစုပေါင်းမှာ ၂၀၀,၀၀၀(နှစ်သိန်း) ကျော်ခဲ့ပြီး ထိုကြော်ငြာပေါင်းများစွာကို မြို့နယ် အလိုက် ၊ တိုက်ခန်း ၊ ကွန်ဒို ၊ လုံးချင်း ၊ မြေကွက်များ စသည်ဖြင့် ဈေးနှုန်း အလိုက် လွယ်ကူစွာ ရှာဖွေ နိုင်မှာဖြစ်ပါတယ်။ အိမ်ခြံမြေ လောက်ကကြီးတစ်ခုလုံး ပိုမိုတိုးတက်စေရန် အတွက် အိမ်ခြံမြေ အရောင်းပြပွဲများကိုလည်း အစဉ်အမြဲမပျက် ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနှံ့အပြားမှာ တည်ရှိနေသော မြို့ကြီး၊ မြို့ငယ် များမှ အိမ်ခြံမြေနဲ့ပတ်သတ်သည့် ၀ယ်ယူသူများ ၊ အိမ်ခြံမြေ ကုမ္မဏီ ၊ အကျိုးဆောင်လုပ်ငန်းများ နှင့် ပြင်ပ အထွေထွေရောင်းချသူများကို တစ်နေရာတည်းမှာ ချိတ်ဆက်ဆုံဆည်းပေးစေတဲ့ မြန်မာ့အိမ်ခြံမြေ အွန်လိုင်း၀ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။

Image Source: https://www.imyanmarhouse.com/

iMyanmarHouse.com ကိုလစဉ်၀င်ရောက်ကြည့်ရှုသူ (၉) သိန်းကျော်နှင့် ကြည့်ရှုသည့်စာမျက်နှာအကြိမ်အရေအတွက်မှာဆိုလျင်ဖြင့် (၁)သန်း ကျော်ရှိခဲ့သည့် မြန်မာနိုင်ငံတွင်ကြည့်ရှုသူအများဆုံး အိမ်ခြံမြေ အကျိုးဆောင် ၀ဘ်ဆိုက် ဖြစ်ပါတယ်။ iMyanmarHouse.com မှတင်ထားသော အိမ်ခြံမြေကြော်ငြာပေါင်း ၂၀၀,၀၀၀ (နှစ်သိန်း) ကျော်ရှိသည့်အနက် ရန်ကုန်မြို့ရှိ တိုက်ခန်းများ ၊ မန္တလေးမြို့ရှိတိုက်ခန်းများ ၊ ရန်ကုန်မြို့ရှိအိမ်များ အစရှိသည်ဖြင့် ရှာဖွေစုံစမ်းနိုင်ပါတယ်။ အဓိကမြို့ကြီးများဖြစ်တဲ့ ရန်ကုန် ၊ နေပြည်တော် ၊ မန္တလေး နဲ့ အခြားသောမြို့တွေက ကြော်ငြာပေါင်းများစွာ ကိုလည်း ရှာဖွေနိုင်မှာဖြစ်ပါတယ်။ အိမ်ခြံမြေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေဖြစ်တဲ့ ဧရိယာ အကျယ်အ၀န်း ၊ အိပ်ခန်းအရေအတွက် ၊ ရေချိုးခန်းအရေအတွက် ၊ စားသောက်ခန်းနဲ့ ဧည့်ခန်းအရေအတွက် စတာတွေအပြင် အိမ်ခြံမြေ အမျိုးအစား ကဏ္႑တစ်ချင်းစီ အလိုက် အားသာချက် အားနည်းချက် များကို အသုံးပြုပြီး ရှာဖွေနိုင်မှာဖြစ်ပါတယ်။ အိမ်ခြံမြေ ကြော်ငြာတစ်ခုချင်းစီရဲ့ တည်နေရာနဲ့ အနီးဆုံးမြို့နယ် ၊ ကျောင်းများ ၊ ၂၄နာရီဖွင့်စတိုးဆိုင်များ ၊ စတာတွေကိုလဲတပါထဲတင်ပြပေးထားပါတယ်။

Image Source: https://www.imyanmarhouse.com/

iMyanmarHouse.com အနေနဲ့မြန်မာနိုင်ငံရဲ့ အဓိကမြို့ကြီးများ ဖြစ်တဲ့ ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် နှင့် စင်္ကာပူ နိုင်ငံအတွင်းနေထိုင်လျှက်ရှိကြသော မြန်မာပြည်သူပြည်သားများအတွက်ရည်ရွယ်ပြီး စင်္ကာပူနိုင်ငံတွင်လည်း အိမ်ခြံမြေ ဟောပြောပွဲများ နှင့် အရောင်းပြပွဲအခမ်းအနားများကိုလည်း ဦးဆောင်ပြီး ကျင်းပပေးလျက်ရှိပါတယ်။ အဆိုပါ အခမ်းအနားပွဲများမှာ အရောင်းအ၀ယ် အကျိုးဆောင်တွေနဲ့ အိမ်ယာစီမံကိန်းတည်ဆောက်သူများက ကူညီထောက်ပံ့သူ စပွန်ဆာများအနေနဲ့ပါ၀င်ပြသခဲ့ကြပါတယ်။ တချို့သော အရောင်းပြပွဲအခမ်းအနားတွေမှာ ဆိုရင်ဖြင့် iMyanmarHouse.com နဲ့ ယုံကြည်စိတ်ချရတဲ့ အိမ်ရာဆောက်လုပ်ရေး ကုမ္ပဏီများ နှင့် အတူတကွ လက်တွဲပြီး အိမ်ခြံမြေ ၀ယ်ယူလိုသူများအတွက် လစဉ်အရစ်ကျပေးချေနိုင်တဲ့ကြိုတင်၀ယ်ယူမှုတွေ ရရှိနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။

Image Source: https://www.imyanmarhouse.com/

အိမ်ခြံမြေ၀ယ်ယူဖို့ပဲဖြစ်ဖြစ် အိမ်ခြံမြေ ကိုရောင်းချ ၊ ငှားရမ်းဖို့ပဲဖြစ်ဖြစ် အကောင်းဆုံးနဲ့ ယုံကြည်စိတ်ချမှု အပြည့်အ၀ပေးနိုင်တဲ့ အိမ်ခြံမြေရောင်း၀ယ်ရေး အကျိုးဆောင် ၀ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ iMyanmarHouse.com ကို မိုဘိုင်းအပလီကေးရှင်း (https://play.google.com/store/apps/details?id=com.imyanmarhouse.imyanmarhouse ) အနေဖြင့်လဲရယူနိုင်မှာဖြစ်ပါတယ်။ အိမ် ရောင်းရန်၊ ငှားရန်ကြော်ငြာများကို အခမဲ့တင်နိုင်ရန်အတွက် အကောင့်တစ်ခုဖွင့်ရန်လိုအပ်ပြီး အကောင့်ဖွင့်ရာတွင် သာမန်အကောင့် (သို့) အကျိုးဆောင်ကုမ္ပဏီ အကောင့်ဟူ၍ ရွေးချယ်ပြီး အချက်အလက်များကို ဖြည့်စွက်ကာ Sign Up ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Image Source: https://www.imyanmarhouse.com/

ကြော်ငြာတင်ရန်မိမိ အကောင့်သို့၀င်ပြီး ရောင်းရန် သို့ ငှါးရန်ကို ရွေးချယ်၍ မိမိစိတ်တိုင်းကျ ကြော်ငြာတင်နိုင်မှာဖြစ်ပါတယ်။ သာမန်အကောင့် နှင့် အကျိုးဆောင်ကုမ္ပဏီ အကောင့်ဟူ၍ နှစ်မျိုးနှစ်စားရှိပြီး အကောင့် နှစ်မျိုးစလုံးကတော့ အခမဲ့ ဖြစ်ပါတယ်။ ကြော်ငြာများကို အခမဲ့တင်ခွင့်ရှိပြီး သို့သော် အကျိုးဆောင် ကုမ္ပဏီအကောင့်မှာလုပ်ဆောင်ချက်များပိုမိုပါ၀င်ပါတယ်။ ပိုမိုပါ၀င်သောလုပ်ဆောင်ချက်များမှာ- အကျိုးဆောင်ကုမ္ပဏီ အကောင့်မှ တင်ထားသော ကြော်ငြောများ၏ ညာဖက်ခြမ်းတွင် အကျိုးဆောင်ကုမ္ပဏီ၏ အချက်အလက်များကိုဖော်ပြပေးထားပြီး အကျိုးဆောင်များ ဟူ၍ Menu အောက်တွင်ဖော်ပြခြင်းခံရမှာဖြစ်ပါတယ်။ ၄င်းတို့တွင်ကိုယ်ပိုင် သီးသန့်စာမျက်နှာများရှိကြပြီး ရောင်းရန် (သို့) ငှားရန် ကြော်ငြာများကို လွယ်ကူစွာရှာဖွေနိုင်ပြီ သာမန်အကောင့် မှ အကျိုးဆောင် ကုမ္ပဏီ အကောင့်သို့ အဆင်မြှင့်၍ ရနိုင်သောအားသာချက်များလည်းပါ၀င်သောကြောင့် မြန်မာနိုင်ငံတွင်အကောင်းဆုံး နှင့် ထိပ်ဆုံးမှရပ်တည်နေတဲ့ အိမ်ခြံမြေအကျိုးဆောင်၀ဘ်ဆိုက်တစ်ခုဟုထင်မြင်ယူဆမိပါတယ်။ ယခုတိုးတက်ဆန်းသစ်လာသောနည်းပညာများအရ ကမ ္ဘာကြီးဟာရွာကြီးတစ်ရွာလို့တင်စားခေါ်ဝေါ်လောက်ရအောင်ပင် ကမ္ဘာအနှံအပြားမှာရှိတဲ့နိုင်ငံများ၏ ခေတ်မီတိုးတက်မှုအဖုံဖုံကိုအချိန်နှင့်တပြေးညီ up to date သိရှိနိုင်နေပါပြီ။

Image Source: https://www.imyanmarhouse.com/

အခြားဖံွ့ဖြိုးတိုးတက်ပြီးသောနိုင်ငံများမှာဆိုလျှင် အချိန်ဟာ အလွန်တန်ဖိုးရှိလှတာကြောင့် အိမ်ငှား၊ အိမ်ဝယ် ကိစ္စများဆောင်ရွက်ရာတွင် အကျိုးဆောင်ဝက်ဆိုဒ်များမှတစ်ဆင့်သာဆောင်ရွက်ကြတာဖြစ်ကြောင်းကိုလည်း သိရှိလာရပါတယ်။ မအားလပ်နိုင်အောင်လုပ်ငန်းခွင်ဝင်နေရသော ဝန်ထမ်းများ၊ လုပ်ငန်းရှင်များအတွက်လည်း အင်တာနက်ရှိရုံမျှဖြင့် ဆောင်ရွက်နိုင်သည့် အိမ်၊ခြံ၊မြေ အကျိုးဆောင်ဝက်ဆိုဒ်များဟာ အင်မတန်ကို အကျိုးများလှတာဟာလည်း အခြားနိုင်ငံများမှာပင်မဆိုထားနှင့် မြန်မာနိုင်ငံမှာပင် မျက်ဝါးထင်ထင်တွေ့မြင်နေရပါတယ်။ ထီးဖြူပြီး၊ဖိနပ်ပါးရလောက်အောင် သွားလာပြီး ရောင်း၊ဝယ်၊ငှား၊ရမ်း ရသည့် အနေအထားကနေ online ပေါ်မှသက်တောင့်သက်သာ အချိန်ကုန်၊ လူပင်ပန်းသက်သာစွာဖြင့် လုပ်ငန်းဆောင်တာများ ဆောင်ရွက်လာနိုင်ခြင်း၊ရောင်း၊ဝယ်၊ငှားရမ်းမှုများလုပ်ဆောင်လာနိုင်ခြင်းတို့လည်း မြန်မာနိုင်ငံတွင် ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။ ထိုသို့ဖြစ်ပေါ်လာသောတိုးတက်ခေတ်မီလာသည့် နည်းပညာရပ်များကို တရင်းတနှီးအသားကျစွာ အသုံးပြုလာသည်ကိုကြည့်ရှုခြင်းအားဖြင့် မြန်မာနိုင်ငံ၏နည်းပညာတိုးတက်လာမှုမှာလည်း အခြားသောဖံွ့ဖြိုးတိုးတက်ပြီး နည်းပညာအသုံးချနိုင်ငံများကဲ့သို့ပင် အရှိန်အဟုန်ကောင်းလာပြီဖြစ်ကြောင်း တင်ပြပေးလိုက်ပါတယ်။