မြန်မာနိုင်ငံတွင် ကျင်းပတော့မည့် Black Friday Online ဈေးရောင်းပွဲတော်ကြီး

အခုဆိုရင် မြန်မာနိုင်ငံရဲ့ E-commerce အခြေအနေဟာ တိုးတက်မှု အတော်လေး မြင့်မားလာနေပြီဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သူများဟာလည်း ပွင့်လင်းမှုရှိလာပြီး ခေတ်ကိုအမီလိုက်လာနေကြပါပြီ။ ဒါကြောင့်မို့ အင်တာနက် Speed များ တိုးတက်မြင့်မားလာသည်နှင့်အမျှ E-commerce လုပ်ငန်းသည်လည်း တိုးတက်မှု တစ်စထက်တစ်စ မြင့်မားလျှက်ရှိလာပါတယ်။
ခေတ်မီတိုးလာလာသည်နှင့်အညီ ပြည်သူအများဟာလည်း Online Shopping များမှ ဈေးဝယ်ယူခြင်းအား ပြုလုပ်လာလျှက်ရှိကြပါပြီ။ ဒါကြောင့် မကြာခင်မှာ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်တော့မယ့် Black Friday Online Shopping ဈေးရောင်းပွဲတော်ကြီးအကြောင်းကို online shopping မှ ဈေးဝယ်နှစ်သက်သူများအတွက် တင်ဆက်ပေးချင်ပါတယ်။

Image Source: https://www.shop.com.mm/

Black Friday ဆိုတာကတော့ Thanksgiving Day (ကျေးဇူးတော်နေ့) အပြီး နောက်ရက်ကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ ဒီရက်မှာ နိုင်ငံတကာမှာရှိသည့် Online Shopping Website အသီးသီးမှ အထူးဈေးနှုန်းများဖြင့် ဈေးရောင်းချပေးတဲ့ တစ်နှစ်တာပတ်လုံး၏ အကြီးကျယ်ဆုံး ဈေးရောင်းပွဲတော်ရက်တစ်ရက် ဖြစ်ပါတယ်။ ဒီနှစ်တွင် မြန်မာနိုင်ငံ၏ အကြီးမားဆုံး Online Shopping တွေထဲက တစ်ခုဖြစ်တဲ့ Shop.com.mm မှလည်း Black Friday ပွဲကြီးကို နိုဝင်ဘာလ ၂၂ ရက်နေ့မှာ စတင်ကျင်းပပေးမှာဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးမှာ Black Friday သည် အကြီးမားဆုံး အွန်လိုင်းဈေးရောင်းပွဲတော်ဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် ကျင်းပမည့် Black Friday လျှော့ဈေးတွေဟာလည်း အကောင်းဆုံးများ ဖြစ်နိုင်ပါတယ်။ အဲဒီနေ့မှာ ဝယ်ယူနိုင်မယ့် ပစ္စည်းများတွေကတော့ Laptop, မိုဘိုင်းဖုန်း၊ ဂိမ်းစက်များ၊ အိမ်အသုံးအဆောင် ပစ္စည်းများ၊ ဖက်ရှင်ပစ္စည်းများ၊ အီလက်ထရွန်းနစ်ပစ္စည်းအမျိုးမျိုး တို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လူ့အသုံးအဆောင် ပစ္စည်းတွေဖြစ်တဲ့ သွားတိုက်ဆေး၊ ဆပ်ပြာ၊ အချိုရည်၊ မုန့်ပဲသွားရေစာများ၊ ကော်ဖီ လက်ဖက်ရည်ထုပ်များ၊ နို့ဆီ၊ သောက်ရေသန့်၊ ဆပ်ပြာမှုန့် စသည်တို့ကို စုံလင်စွာ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

Image Source: https://www.shop.com.mm/

Webiste မှနေ၍ အော်ဒါတင်နိုင်ရုံသာမကဘဲ mobile app ကို ဒေါင်းလုဒ်ဆွဲပြီးလည်း အော်ဒါတင်နိုင်မှာ ဖြစ်ပါတယ်။ ငွေပေးချေမှုစနစ်အနေနဲ့ကတော့ အိမ်အရောက်ငွေပေးချေမှုဖြစ်ပြီးတော့ ဘဏ်ကနေ ငွေလွှဲပြီးတော့လည်း ငွေပေးချေနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Visa Card နဲ့ ဝယ်ယူမယ်ဆိုရင် 5% လျှော့ဈေး ထပ်ဆောင်းရရှိနိုင်မှာ ဖြစ်ပါတယ်။ Black Friday နေ့များမှာ ၉ဝ% နှုန်းအထိ လျှော့ဈေးများအပြင် နေ့စဉ် New Deals အသစ်များ၊ နေ့စဉ် အချိန်နဲ့ လျှော့ဈေးပေးတဲ့ Flash Sales များ၊ brand အလိုက် Vouchers များနှင့် Daily Giveaways တွေလည်း ပေးဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တစ်နှစ်တာပတ်လုံး၏ အထူးလျှော့ဈေး အွန်းလိုင်းဈေးရောင်းပွဲတော်ကြီးကို လက်မလွှတ်လိုက်ရအောင် သတင်းပေးတင်ဆက်လိုက်ရပါတယ်။

Tin Zar Htet Htet Aung