အင်တာနက် သုံးစွဲခြင်းကို ပြည်တွင်းဈေးနှုန်းထားအတိုင်း အာရှနိုင်ငံပေါင်း ၈ နိုင်ငံတွင် စတင်အသုံးပြုနိုင်မဲ့ တယ်လီနောရဲ့အစီစဉ်သစ်

တယ်လီနောမြန်မာဟာဆိုလျင်ဖြင့် နော်ေ၀းနိုင်ငံ တယ်လီနောအုပ်စု၏ လက်အောက်ခံ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လမှ စတင်ပြီး မြန်မာ့ မိုဘိုင်းလိုင်စင်များအတွက် လေလံပါ၀င်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ပြုလုပ်သော မြန်မာ့ဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ၁၅ နှစ် ကန်ထရိုက်ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံ တွင် တယ်လိီနော၏ ပထမဦးဆုံးသော ပရိုဂရမ် Provider ကတော့ ၀ီကီပီးဒီးယား သုည ဖြစ်ပါတယ်။ တယ်လီနောမှ ၄င်း၏ မိုဘိုင်းကွန်ရက်ကို ၂၀၁၄ ဧပြီလ ၇ ရက်နေ့တွင် Trialled နှင့် တရား၀င် မိုဘိုင်း၀န်ဆောင်မှုမြို့များတွင်စစ်ဆင်ရေးစတင်ခဲ့သည်ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရန်ကုန် မန္တလေး နှင့် နေပြည်တော် တို့တွင်ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် နို၀င်ဘာလ တွင် တယ်လီနော မြန်မာ နှင့် ရိုးမဘဏ် တို့ပူးပေါင်းပြီး မိုဘိုင်းဘဏ် လုပ်ငန်းကိုထုတ်ပြန်ကြေညာခဲ့ပါတယ်။ ၄င်းတို့ပူပေါင်းဆောင်ရွက်မူ၏ အဓိကရည်ရွယ်ချက်မှာ ဘဏ်စာရင်းရှိသည်လူများကို ဘဏ္႑ာရေး၀န်ဆောင်မှုမျာကို ၀င်ရောက်ကြည့်ရှုခွင့်ပေးရန်အတွက်ဖြစ်ပါတယ်။ တယ်လီနော၏ ၅နှစ်တာရည်မှန်းချက်များမှာ မြန်မာနိုင်ငံ၏ လူဦးရေ ၉၀%ကိုကွန် ယက် လွှမ်းခြုံနိုင်ရန် Base Station ၉,၀၀၀ ကျော်တည်ဆောက်နိုင်ရန် တယ်လီနော အရောင်းဆိုင် ၁သိန်းကျော်ခန့် နှင့် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများ ခန့်အပ်ထားမှုများကို ဖန်တီးပေးနိုင်ရန်တို့ဖြစ်ပါတယ်။

Image Source: https://www.telenor.com.mm

အင်တာနက်သုံးစွဲခြင်းကို ပြည်တွင်းဈေးနှုန်းထားအတိုင်း အာရှနိုင်ငံပေါင်း ၈ နိုင်ငံတွင် စတင်အသုံးပြုနိုင်မဲ့ တယ်လီနောရဲ့အစီအစဉ်သစ် ကို ၂၀၁၈ ခုနှစ် ဧပြီလ ၃ရက်နေ့မှစတင်အသုံးပြုနိုင်ပြီး ၄င်း၀န်ဆောင်မှုများကို ထိုင်း ၊ မလေးရှား ၊ တရုတ် ၊ စင်ကာပူ ၊ ဘင်္ဂလားဒေ့ရှ် ၊ ပါကစ္စတန် ၊ အင်ဒိုနီးရှား နှင့် ထိုင်၀မ် နိုင်ငံများ သို့သွားရောက်လည်ပတ် သည့် သို့ သွားရောက် အလုပ်လုပ်ကိုင်နေသည့် တယ်လီနော အသုံးပြု သူများ သည့် ၄င်းတို့၏ မိဘ မိတ်ဆွေများ မိသာစုများနှင့် ဆက်သွယ်ရာတွင် ဖြစ်စေ စီးပွားရေးလုပ်ငန်းကိစ္စရပ်များအား လုပ်ဆောင်ရာတွင်ဖြစ်စေ တယ်လီနော ၏ Prepaid နှင့် Postpaid အသုံးပြုသူ အားလုံး ဒေတာ အသုံးပြုခ အထူးနှုန်းထားသစ် ၁ MB လျှင် ၈ ကျပ်ဖြင့်အသုံးပြုနိုင်ပြီး မည်သည်ပိုက်ဆံမှု ထပ်မံကုန်ကျ ရန်မလိုအပ်ဘဲ အထူနှုန်းထားအသစ်အတိုင်းသုံးစွဲနိုင်မှာဖြစ်ပါတယ်။ ယခင်ကဆိုလျင် ပုံမှန် အင်တာနက် နှုန်းထားများမှာ နိုင်ငံပေါ်မူတည်းပြီး 1 MB လျှင် အနည်းဆုံး ၅၀၀ ကျပ် ကျသင့်သော်လည်း “ASIA 8” လို့အမည်ရတဲ့ ယခု Promotion ကို Promotion ကာလအတွင်း တယ်လီနော အသုံးပြု သူများ အနေဖြင့် ၉၉.၉၅ % အထိ သက်သာစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကာလအတွင်း ပြည်ပသို့ခရီးသွားလာရင်း အတွေ့အကြုံများကို Facebook နှင့် အခြားသော Social Media များတွင် မျှေ၀ပေနိုင်ရန်အတွက် မြန်မာနိုင်ငံမှာ အသုံးပြုတဲ့ နှုန်းထားနဲ့ အတူ သတ်မှတ်ပေးထားတဲ့ အတွက် အသုံးပြုသူများ အနေနဲ့ပူပန်စရာမလို အပ်ဘဲ အင်တာနက်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တယ်လီနောအနေနဲ့ “အသုံးပြုသူတွေကို အကောင်းမွန်ဆုံး ၀န်ဆောင်မှုတွေ ပေးအပ်သွားဖို့အမြဲရည်သန်ထားပြီး အနာဂတ်မှာလည်း ဒီထက်ပိုပြီး ဆန်းသစ်တဲ့၀န်ဆောင်မှုတွေနဲ့ Promotion အစီစဉ်တွေကို ပေးအပ်သွားနိုင်ဖို့မျှော်မှန်းဆောင်ရွက်နေပါတယ်” တယ်လီနော မြန်မာမှဆိုထားပါတယ်။ တယ်လီနော ဆင်းကဒ် အသုံးပြုသူများအနေဖြင့် တခြားနိုင်ငံများမှ Roaming မိတ်ဖက် မိုဘိုင်းအော်ပရေတာများ ပိုမို တိုးပွားလာသည်နှင့် အတူ အသုံးပြုသူများ ခရီး သွားလာနေစဉ်သော်လည်းကောင်း နိုင်ငံတွင်းမှတဆင့် နိုင်ငံပြင်ပ ရှိ မိသားစု မိတ်ဆွေ သူငယ်ချင်းများနှင့် ဆက်သွယ်နိုင်ရန်ရည်ရွယ်ပြီး လွယ်ကူသက်သာသော ၀န်ဆောင်မှုကောင်းများပေးလျက်ရှိပါတယ်။ လက်ရှိတွင် Telenor 4G Roaming ၀န်ဆောင်မှုများကို လက်ရှိတွင် ထိုင်း ၊ မလေးရှား ၊ စင်ကာပူ ၊ ဂျပန် ၊ ထိုင်၀မ် ၊ တရုတ် ၊ ယူအေအီး ၊ ကနေဒါ ၊ မကာအို နှင့် နော်ေ၀နိုင်ငံများတွင် သုံးစွဲ နိုင်ပြီး လက်ရှိ တွင် နိုင်ငံပေါင်း ၁၁၇ နိုင်ငံတွင် ရောက်ရှိနေသော တယ်လီနောသုံးစွဲသူများသည် ၄င်းတို့နိုင်ငံများရှိ မိတ်ဖက် အော်ပရေတာပေါင်း ၁၅၂ ခု၏ ကွန်ရက်ကို ချိတ်ဆက်အသုံးပြု နိုင်နေပြီး ပြည်ပနိုင်ငံပေါင်း ၁၂၄ နိုင်ငံမှ မိတ်ဖက်အော်ပရေတာပေါင်း ၁၉၃ ခု၏ သုံးစွဲသူများသည် မြန်မာနိုင်ငံအတွင်းတယ်လီနော ကွန်ရက်ကို ချိတ်ဆက်အသုံးပြုနိုင်နေပြီ ဖြစ်ကြောင်းသတင်းပေးတင်ဆက်လိုက်ရပါတယ်။