iOS 15.4 မှာပါဝင်လာတဲ့ Emoji အသစ် ၃၇ ခု

iOS 15.4 တွေကို iPhone တွေမှာစတင် Upgrade ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ မတ်စ်အသုံးပြုပြီး Face ID အသုံးပြုနိုင်မယ့် လုပ်ဆောင်ချက်တွေ၊ Siri ရဲ့အသံတွေနဲ့ Universal Control လိုလုပ်ဆောင်ချက်တွေအပြင် Emoji အသစ် ၃၇ ခုကိုပါ Update မှာထည့်သွင်းပေးထားပါတယ်။

အသစ်ထပ်မံပါဝင်လာတဲ့ Emoji တွေကတော့

(၁) အရည်ပျော်နေတဲ့မျက်နှာ

(၂) မျက်လုံးဖွင့်ပြီး ပါးစပ်ကိုလက်နဲ့ပိတ်ထားတဲ့ မျက်နှာ

(၃) လက်ကြားထဲကနေခိုးကြည့်နေတဲ့ မျက်နှာ

(၄) အလေးပြုနေတဲ့မျက်နှာတစ်ခြမ်း

(၅) Dotted လိုင်းတွေနဲ့မျက်နှာ

(၆) ပါးစပ်စောင်းနေတဲ့ပုံနဲ့ မျက်နှာ

(၇) မျက်ရည်မကျအောင် ထိန်းထားတဲ့မျက်နှာ

(၈) ညာဘက်ပြနေတဲ့ လက်

(၉) ဘယ်ဘက်ပြနေတဲ့လက်

(၁၀) မှောက်ထားတဲ့လက်

(၁၁) ဖြန့်ထားတဲ့လက် 

Photo Source https://emojipedia.org/apple/

(၁၂) လက်ညှိုးနဲ့ လက်မကို ကြက်ခြေခတ်ပုံလုပ်ထားတဲ့ လက်

(၁၃) ကြည့်နေတဲ့သူကို လက်ညှိုးထိုးထားတဲ့ပုံစံ

(၁၄) အသည်းပုံဖော်ထားတဲ့လက်

(၁၅) နှုတ်ခမ်းကိုက်ထားတဲ့ပုံ

(၁၆) သရဖူနဲ့လူပုံ

(၁၇) ကိုယ်ဝန်ဆောင်အမျိုးသား

(၁၈) ကိုယ်ဝန်ဆောင်အမျိုးသမီး

(၁၉) Troll

(၂၀) သန္တာကျောက်

(၂၁) ကြာပန်း

(၂၂) ဘာမှမရှိတဲ့ငှက်သိုက်

(၂၃) ဥတွေပါတဲ့ ငှက်သိုက်

(၂၄) ပဲ

(၂၅) ဖန်ခွက်ထဲက အရည်တွေလောင်းချနေတဲ့ပုံ

(၂၆) Mason jar

(၂၇) လျှောဆင်းကစားစရာ

(၂၈) ဘီး

(၂၉) ရေပေါ်ပေါတဲ့ဘီး

(၃၀) Hamsa (မျက်လုံးနဲ့ အရှေ့အလယ်ပိုင်းဒေသက အဆောင်ပုံစံလက်)

(၃၁) ဒစ္စကိုမှန်ဘောလုံး

(၃၂) Low Battery

(၃၃) ချိုင်းထောက်

(၃၄) X-ray

(၃၅) ပူဖောင်း

(၃၆) သက်သေခံကတ်ပြား

(၃၇) ကြီးမားသောညီမျှခြင်းလက္ခဏာ

(၃၈) လူမျိုးပေါင်းစုံလက်ဆွဲနှုတ်ဆက်ခြင်း (အသစ်မဟုတ်ပေမယ့် ရှိပြီးသား လက်ဆွဲနှုတ်ဆက်တဲ့ပုံစံကို အရောင်အသစ်တွေ ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။)