ရောင်းအားအကောင်းဆုံး Sedan Suzuki Ciaz အဆင့်မြှင့်မော်ဒယ်သစ်ကို မြန်မာပြည်ဈေးကွက်တွင်မိတ်ဆက်

Suzuki (Myanmar) Motor Company Limited သည် ဂျပန်နည်းပညာဖြင့်မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့်ရောင်းအား အကောင်းဆုံး Sedan ကားအမျိုးအစားဖြစ်သည့် Suzuki Ciaz အဆင့်မြှင့်မော်ဒယ်သစ်ကို စတင်မိတ်ဆက်လိုက်ပြီဖြစ် ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် Suzuki Ciaz ကားအမျိုးအစားထုတ်လုပ်မှုကို ပထမဆုံး အကြိမ်အဖြစ် ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလက တောင်ဒဂုံစက်မှုဇုန်ရှိ Suzuki စက်ရုံတွင်စတင်ထုတ်လုပ်ခဲ့ပြီး အဆိုပါနှစ်တွင်ပင် စုစုပေါင်း အစီးရေ ၁,၀၅၀ အထိ ရောင်းချ နိုင်ခဲ့သည်။ ထို့နောက် ရောင်းအားပိုမိုတိုးချဲ့ရန်အတွက် ထုတ်လုပ်မှုကို ၎င်း၏သီလဝါစက်ရုံသို့ ပြောင်းရွှေ့ထုတ်လုပ်ခဲ့ သည်။ Suzuki (Myanmar) Motor Company Limited ၏အဆိုအရ ၂၀၁၈ခုနှစ် တစ်နှစ်လုံးတွင်Suzuki Ciaz ရောင်းအားအဖြစ် အစီးရေ ၄,၁၂၃ စီးနှင့် ၂၀၁၉ ခုနှစ်တွင် အစီးရေ ၃,၈၃၈ အထိ ရောင်းချနိုင်ခဲ့သည်။

Photo Source https://www.facebook.com/suzukimyanmarmotorcoltd

“Suzuki Ciaz ဟာ မြန်မာနိုင်ငံရဲ့ ရောင်းအားအကောင်းဆုံး Sedanကားအမျိုးအစားဖြစ်ပြီး ကားကို ဂျပန်စံနှုန်းအတိုင်း ထုတ်လုပ်ထားပါတယ်။ ဒါ့ကြောင့် ကျွန်ုပ်တို့ရဲ့ Customersတွေအတွက် စုစုပေါင်း အစီးရေ ၉,၅၅၉ အထိရောင်းချ ခဲ့ပြီးဖြစ်ပါတယ်။ အခုဆိုရင်တော့ “New Icon of Glory”ဆိုတဲ့ဆောင်ပုဒ်အတိုင်း လှပထည်ဝါမှုရဲ့သင်္ကေတအသစ်ဖြစ်တဲ့ Suzuki Ciaz အဆင့်မြှင့်မော်ဒယ်သစ်ကို သပ်ရပ်လှပတဲ့ဒီဇိုင်းအသစ်နဲ့ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်”ဟု Suzuki(Myanmar) Motor Company Limited ၏မန်နေးဂျင်းဒါရိုက်တာ ဖြစ်သူ Mr Keiichi Asano ကပြောကြားသည်။
“Suzuki Ciaz အဆင့်မြှင့်မော်ဒယ်သစ်ဟာ အရင်ကရောင်းအားအကောင်းဆုံး မော်ဒယ်တွေအတိုင်း မြန်မာနိုင်ငံမှာ ဝယ်လို အားမြင့်တက်လာလိမ့်မယ်လို့ ကျွန်တော်တို့အခိုင်အမာ ယုံကြည်ပါတယ်”ဟု MrAsanoက ဆက်လက် ပြောကြားသည်။
Suzuki Ciaz အဆင့်မြှင့်မော်ဒယ်သစ်တွင်ပါဝင်သည့် ထင်ရှားသောပြောင်းလဲမှုသစ်များမှာ-
-ကား၏အရှေ့ဘက် Grill ဒီဇိုင်းကို ပုံစံအသစ်ပြောင်းလဲထားခြင်း။
-ပိုမိုဆွဲဆောင်မှုရှိစေရန် ကား၏နှင်းခွဲမီးသီးများကိုလည်းChromeများဖြင့်အလှဆင်ထားခြင်း။
-လှပ၍ခေတ်မှီသောခံစားမှုကိုပေးစွမ်းရန်အတွက် ရှေ့မီးသီးများကို အဖြူရောင် အလင်းတန်းထွက်ရှိသည့် LED မီးများဖြင့် ပြောင်းလဲအသုံးပြုထားခြင်း။
-ပိုမိုလှပပြီး ဆွဲဆောင်မှုရှိစေရန် အနောက်ဘက်ရောင်ပြန်များ၏ ပတ်ပတ်လည်တွင် Chromeများတပ်ဆင်ထားခြင်း။
-စမတ်ဖုန်းနှင့် ချိတ်ဆက်၍ အသုံးပြုနိုင်သော Touch Panel Audio စက်ထည့်သွင်းပေးထားခြင်းတို့ဖြစ်သည်။

Photo Source https://www.facebook.com/suzukimyanmarmotorcoltd

Suzuki Ciaz အဆင့်မြှင့်မော်ဒယ်အား Pure White Pearl, Dignity Brown Pearl Metallic နှင့် Super Black Pearl အရောင်သုံးရောင်ဖြင့်ရရှိနိုင်ပြီး ဆူဇူကီး၏လူကြိုက်များသော Ertiga နှင့် Swift ကားများနည်းတူ သီလဝါအထူး စီးပွားရေးဇုန်ရှိ ဆူဇူကီးစက်ရုံမှထုတ်လုပ်ခြင်းဖြစ်သည်။
ဈေးနှုန်းမှာလည်း အများစုတတ်နိုင်သည့် ပမာဏဖြစ်သည့် မြန်မာကျပ်ငွေ ၂၈,၂၀၀,၀၀၀ ဖြင့် နိုင်ငံအနှံ့ရှိ ဆူဇူးကီး၏ တရားဝင်မော်တော်ယာဉ်အရောင်းပြခန်း ၅၆ ခုတွင် ဇွန်လ ၁၅ ရက် နေ့မှစတင်ကာ ဝယ်ယူနိုင်ပြီဖြစ်သည်။
ထို့အပြင် ဝယ်ယူလိုသော Customersများအနေဖြင့် ဆူဇူကီးကားသစ်များကိုတရားဝင် အရောင်းကိုယ်လှယ်များမှတဆင့် အရစ်ကျငွေပေးချေမှုအစီအစဉ်များဖြစ်သော AYA ဘဏ် ၏“AYA Super Suzuki Finance”နှင့် CB ဘဏ်၏“CB-Suzuki Easy Finance” တို့ကို အသုံးပြု၍နှစ်စဉ်အတိုးနှုန်း ၁၀ ရာခိုင်နှုန်း ဖြင့်ဝယ်ယူနိုင်ပြီး ဘဏ်ဝန်ဆောင်ခနှင့် အရောင်း ကော်မရှင်ခများအားလည်း ပေးဆောင်ရန်မလိုအပ်ပါ။

Photo Source https://www.facebook.com/suzukimyanmarmotorcoltd

ဆူဇူကီးအနေနဲ့ Customers များ၏ ကျန်းမာရေးနှင့် ဘေးကင်းရေးကို ပဓာနထားပြီး၎င်း၏ တရားဝင်မော်တော်ကား အရောင်းပြခန်းများအားလုံးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှချမှတ်ထားသော Covid-19 ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များအတိုင်း ပြင်ဆင် ထားရှိကြောင်း MrAsano ကဖြည့်စွက်ပြောကြားသည်။
Brand New Suzuki Ciaz Upgraded Model နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/suzukimyanmarmotorcoltd