သဘာဝပတ်ဝန်းကျင်ဆိုင်ရာ “တို့ကမ္ဘာ” မာတီမီဒီယာဒစ်ဂျစ်တယ်ပြပွဲကြီး ကျင်းပမည်

ကမ္ဘာပေါ်တွင် ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝဆုံးသော နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် သစ်တောပြုန်း တီးမှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာညစ်ညမ်းမှု၊ တောရိုင်းတိရစ္ဆာန်များအား တရားမဝင်သတ်ဖြတ်မှုများ၊ ရာသီဥတုပြောင်းလဲ မှုများ စသည်တို့ကြောင့် စိန်ခေါ်မှုအများအပြားနှင့်ရင်ဆိုင်ကြုံတွေ့နေရသည်။ အရေးတကြီးဖြေရှင်းရန်လိုအပ်လာသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် မြန်မာ့ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ရန်မှာ အရေးကြီးလှကြောင်း လူထုအား အသိပေးလှုံ့ဆော်ရန် ဥရောပသမဂ္ဂသည် မြန်မာ့မြင်မှုဆိုင်ရာအနုပညာရှင်များ (visual artists)၊ ထင်ပေါ်ကျော်ကြားသူများ နှင့် သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများ(Eco-champions) ၏ ဖန်တီးမှုအနုပညာ လက်ရာများပါဝင်သော ဒို့ကမ္ဘာ အမည်ရ မာတီမီဒီယာဒစ်ဂျစ်တယ်ပြပွဲကို ၆ ပတ်ကြာကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
မူလက အနုပညာပြပွဲ။ ရုပ်ရှင်ပြသခြင်းနှင့် အခြားအခမ်းအနားကို အစီအစဉ်အလိုက်ပြုလုပ်သွားရန် ရည်ရွယ်ထားသော် လည်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် ဒို့ကမ္ဘာ သည် ဒစ်ဂျစ်တယ်ပြပွဲအသွင်သို့ ပြောင်းလဲလာခဲ့သည်။ မြင်မှုဆိုင်ရာ အနုပညာများ ( visual arts) ၊ အနုပညာစိတ်အခံဖြင့် ဖန်တီးတင်ဆက်သည့်အခင်းအကျင်းများ(installations)၊ ပြည်တွင်း နှင့်ပြည်ပ မှတ်တမ်းရုပ်ရှင်များအပါအဝင် ဇီဝမျိုးစုံမျိုးကွဲများ ပျက်သုန်းမှု၊ တောပြုန်းမှု၊ ရာသီဥတုပြောင်းလဲလာမှု၊ ပတ်ဝန်း ကျင်ညစ်ညမ်းမှုတို့အားသိရှိနိုင်ရန် ရေးဆွဲဖန်တီးထားသော ချုံ့နိုင်ချဲ့နိုင်သော မြေပုံလွှာ ( interactive map) ကို အွန်လိုင်း မှတစ်ဆင့် ဖြန့်ချိသွားမည်ဖြစ်သည်။ ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံရှိ ၎င်း၏မိတ်ဖက်ပါတနာများမှ ရန်ပုံငွေမတည်ပေးထားပြီး ရေရှည်အကျိုးမျှော်ကိုးသည့် ပရိုဂရမ်မျိုးစုံမှ ပညာရှင်များပါဝင်သော အွန်လိုင်းမှတစ်ဆင့် နှီးနှောဖလှယ်ပွကြိုလည်း Facebook တွင် တိုက်ရိုက်(Live) ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

Photo Source https://bit.ly/2UpevR0

ဒို့ကမ္ဘာကို ဇွန်လ ၅ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် လူမှုကွန်ရက်မီဒီယာများမှတစ် ဆင့် ဒစ်ဂျစ်တယ်ကမ်ပိန်းဖြင့် စတင်သွားမည်ဖြစ်သည်။ ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိန်းရေးနေ့အတွက် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဦးစားပေးသွားမည့် ဇီဝမျိုးစုံမျိုးကွဲအကြောင်းအရာနှင့်အညီ ဒို့ကမ္ဘာအနေဖြင့် မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲ များပေါကြွယ်ဝမှုကို ထင်ဟပ်ပြသပေးသွားမည့်အလျှောက် ထို့သို့ ဇီဝမျိုးစုံမျိုးကွဲများတည်ရှိနေခြင်း၏ အရေးပါမှု၊ သဘာဝတ ရားအား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်အတွက် လူတိုင်းနှင့်အဖွဲ့အစည်းအသီးသီးတို့က မည်သို့လုပ်ဆောင်နိုင်သည် တို့ကို ထင်ဟပ်ပြသပေးသွားမည်ဖြစ်သည်။
“ကမ္ဘာကြီးက ကိုရိုနာဗိုင်းရပ်စ်ကို အနိုင်ယူကျော်လွှားသွားမှာပါ။ ကျွန်တော်တို့တွေ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လက်တွဲလုပ်ဆောင်လေလေ ကိုရိုနာဗိုင်းရပ်စ်ကို မြန်မြန်အနိုင်ယူကျော်လွှားနိုင်လေလေပါပဲ။ အခုသဘာဝပတ်ဝန်းကျင်ပျက် စီးမှု ကပ်ဘေးအန္တရာယ်ဟာလည်း ဒီလိုပါပဲ။ ကျွန်တော်တို့တွေ ပူးပေါင်းပြီး အလျင်အမြန်ဖြေရှင်းကြဖို့လိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ ရာသီဥတုပြောင်းလဲမှုဟာ ဗိုင်းရပ်စ်ပိုးလိုပဲ ကျွန်တော်တို့ဆက်လက် အသက်ရှင်သန်ဖို့လိုအပ်တဲ့ ဝင်သက်ထွက်သက်တွေကို ထိခိုက်စေနိုင်ပါတယ်။ သစ်တောတွေနဲ့ သမုဒ္ဒရာတွေဟာ ကျွန်တော်တို့ကမ္ဘာကြီးရဲ့အဆုတ်တွေ ပါပဲ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဟာ အရင်ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ဆိုတဲ့ ရည်မှန်းချက်မျိုးမဖြစ်သင့်ပါဘူး။ အရင်က ပုံမှန်ဆို တဲ့အရာဟာ ရေရှည်အကျိုးအတွက် မကောင်းပါဘူး။ ကျွန်တော်တို့ကမ္ဘာကြီး ပြန်လည်နိုးထလာတဲ့အခါ စိမ်းလန်းစိုပြေစေ ရမယ်။ အဲ့ဒီစိမ်းလန်းစိုပြေမှုဟာလည်း လူသားတိုင်းအတွက် ဖြစ်စေရမယ်ဆိုတဲ့ ရွေးချယ်မှုကလွဲပြီး ကျွန်တော်တို့မှာ အခြား ရွေးချယ်စရာမရှိပါဘူး”ဟု ဥရောပသမဂ္ဂသံအမတ်ကြီး Kristian Schmidt မှ ပြောကြားသည်။

Photo Source https://bit.ly/2UpevR0

ဒို့ကမ္ဘာသို့ အနုပညာလက်ရာများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရှုထောင့်များကို ပါဝင်အားဖြင့်ကြသူများထဲတွင် နာမည် ကျော် မြင်မှုဆိုင်ရာအနုပညာရှင် ထိန်လင်း၊ကောင်းစု၊ ဇွန်မေဦး၊ မှတ်တမ်းဓာတ်ပုံဆရာခွန်လီ(Hkun Li) တို့လည်းပါဝင် သည်။ အနုပညာစိတ်အခံဖြင့် ဖန်တီးတင်ဆက်သည့် အခင်းအကျင်းများ၊ ပန်းချီကားများ၊ ကဗျာနှင့် အနုပညာရှင်များ၏ အင် တာဗျုးများကို မှတ်တမ်းတင်ရိုက်ကူးသွားမည်ဖြစ်ပြီး အွန်လိုင်းတွင် ကြည့်ရှုနိုင်မည်ဖြစ်သည်။
ပြပွဲကိုဇွန်လ ၁၅ ရက်နေ့တွင် တိုက်ရိုက်(Live) လွှင့်မည်ဖြစ်ကာ dohgabar.org တွင်ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။ ထို့ပြင် ဥရောပသမဂ္ဂဖေ့စ်ဘွတ်စာမျက်စာမျက်နှာနှင့်အတူ မိတ်ဖက်ပါတနာများဖြစ်ကြသော SMART Textile and Garments၊ PREVENT PLASTICS၊ Thant Myanmar(သန့်မြန်မာ)၊ Tha Bar Wa(သဘာဝ)၊ Myanmar Climate Change Alliance (မြန်မာရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်နှင့် အခြားသော သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းစောင့်ရှောက်ရေးဆိုင်ရာ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၏ လူမှုကွန်ရက်စာမျက်နှာများတွင် ဝင်ရောက်ကြည့်ရှုနိုင် မည်ဖြစ်ကြောင်းသိရသည်။