ထိပ်တန်းဆော့ဖ်ဝဲကုမ္ပဏီတစ်ခုဖြစ်သည့် JustLogin မှ HR Cloud ဝန်ဆောင်မှုအသစ်အားစတင်မိတ်ဆက်

စင်ကာပူနိုင်ငံ၏ ထိပ်တန်းဆော့ဖ်ဝဲကုမ္ပဏီကြီးတစ်ခုဖြစ်သည့် JustLogin မှ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုများကို အလို အလျောက်လုပ်ဆောင်နိုင်သည့် HR Cloud ဝန်ဆောင်မှုစနစ်ကို မြန်မာပြည်တွင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါ ဝန်ဆောင်မှုအစီအစဉ်မိတ်ဆက်ပွဲအခမ်းအနားကိုလည်း ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် ရန်ကုန် မြို့ ရှိ Melia Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။

Photo Source – https://www.facebook.com/hrsoftware/

အဆိုပါ HR Cloud သည် လစာငွေပေးချေခြင်း၊ ခွင့်ရက်ပေးခြင်းနှင့်ရုံးတက်ရောက်မှုမှတ်တမ်းများကို စီမံခန့်ခွဲနိုင်သည့် စင် ကာပူနိုင်ငံ၏ နံပါတ်တစ်လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဆိုင်ရာ ဆော့ဖ်ဝဲတစ်ခုဖြစ်ပြီး အဓိကလုပ်ဆောင်ချက်များအနေ ဖြင့် ဝန်ထမ်းများ၏ အလုပ်တက်ရောက်ချိန်၊ဆင်းချိန်ကိုအချိန်နှင့်တစ်ပြေးညီမြင်တွေ့နိုင်ခြင်း၊ ဝန်ထမ်းစာရင်းများနှင့်အလုပ် ဆိုင်းများကို အကန့်အသတ်မရှိဖန်တီးနိုင်ခြင်း၊ အစီရင်ခံစာများကိုလိုအပ်သလို ထုတ်ယူနိုင်ခြင်း၊ ဝန်ထမ်းများအတွက် ခွင့် ပြက္ခတိန်ဖြင့်ချိတ်ဆက်ထားခြင်း၊ ဝန်ထမ်းများအားအလုပ်ဝင်ရောက်မှုအား အချိန်နှင့်တပြေးညီဓာတ်ပုံရိုက်မှတ်တမ်းတင်နိုင် ခြင်း၊ အလုပ်ပျက်ကွက်မှုများအား သတိပေးနိုင်ခြင်း၊ အချိန်ပိုအလုပ်ချိန်များကို အလိုအလျောက်တွက်ချက်ပေးခြင်း စသည့် လုပ်ဆောင်ချက်ပေါင်းများစွာပါဝင်ပြီး ဝန်ထမ်းတစ်ဦးချင်းစီ Mobile Phone များဖြင့်ကြည့်ရှုအသုံးပြုနိုင်ကြောင်းလည်းသိရ သည်။

Photo Source By Myanmar Tech Press

“ကျွန်တော်တို့အနေနဲ့ ဝန်ဆောင်မှုတွေကို မြန်မာနိုင်ငံမှာ ချဲ့ထွင်သွားနိုင်ဖို့မျှော်လင့်ပါတယ်။ JustLogin ကိုအသုံးပြုခြင်း အားဖြင့် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုကို အလွယ်တကူပြုလုပ်နိုင်မှာဖြစ်တာကြောင့် မန်နေဂျာတွေ၊ HR ပိုင်းဆောင်ရွက် နေသူတွေအနေနဲ့ ရှုပ်ထွေးတဲ့စာရွက်စာတမ်းပိုင်း လုပ်ဆောင်ရမှုတွေကို ရှောင်ရှားနိုင်ပြီး၊ လုပ်ငန်းပိုင်းပိုမိုတွင်ကျယ်အောင် ဆောင်ရွက်နိုင်ကြတော့မှာဖြစ်တာကြောင့် ဝန်ထမ်းရဲ့သက်သာချောင်ချိရေးနဲ့ လုပ်ငန်းရဲ့ဦးတည်ချက်တို့အတွက် အချိန်နဲ့ လုပ်အားကို ပိုမိုအသုံးချနိုင်တော့မှာဖြစ်ပါတယ်။ အသုံးပြုဖို့၊ ထည့်သွင်းဖို့၊ ထိန်းသိမ်းဖို့လွယ်ကူသလို ပြီးပြည့်စုံပြီးအောင်မြင် မှုရှိနိုင်တဲ့ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုနည်းလမ်းကို ပေးဆပ်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့စီးပွားရေးနယ်ပယ်မျိုးစုံထဲက အရွယ်အစားအမျိုးမျိုးသော လုပ်ငန်းတွေအတွက် အထောက်အပံ့ကောင်းကောင်းပေးနိုင်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါ တယ်” ဟု JustLogin ၏ CEO ဖြစ်သူ Kwa Kim Chiong က ပြောကြားသည်။
လက်ရှိတွင် JustLogin ၏ HR Cloud ဝန်ဆောင်ကို မြန်မာပြည်တွင်းကုမ္ပဏီအချို့ အသုံးပြုနေသူများရှိနေပြီး (၂) နှစ်ခန့် ကြာမြင့်နေပြီဖြစ်ကြောင်းလည်းသိရသည်။ ယခုထပ်မံမိတ်ဆက်ရခြင်းမှာလည်း မြန်မာနိုင်ငံတွင်းရှိ လုပ်ငန်းပိုင်းဆိုင်ရာစီမံခန့် ခွဲမှုလိုအပ်ချက်များကို ထပ်မံဖြည့်သွင်းဆောင်ရွက်ထားပြီး စည်းမျဉ်းဥပဒေများနှင့်ကိုက်ညီသည့်ပိုမိုကောင်းမွန်လာမှုကို မြန်မာပြည်တွင်းကုမ္ပများ သိရှိနားလည်အသုံးပြုနိုင်စေရန်ရည်ရွယ်ထားခြင်းကြောင့်ဖြစ်သည်။

Photo Source – https://www.facebook.com/hrsoftware/

JustLogin အနေဖြင့် ဝန်ဆောင်မှုအသုံးပြုသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် JustPayroll၊ JustLeave၊ JustClock၊ JustExpense၊ JustBenefit နှင့် JustPeople တို့ပါဝင်သော ဆော့ဖ်ဝဲမော်ဂျူးများကိုအပြည့်အဝပေါင်းစပ်ထား သောစနစ်ကြီးဖြင့် ဝန်ဆောင်မှုပေးနေခြင်းဖြစ်ကြောင်းလည်းသိရသည်။ အဆိုပါ ဆော့ဖ်ဝဲသည် Cloud အခြေခံဆာဗာများ ပေါ်တွင် ပုံမှန် Backup ပြုလုပ်ပေးသောကြောင့် နောက်ဆုံးရသတင်းအချက်အလက်များကို အချိန်မရွေးကြည့်ရှုစေနိုင် ကြောင်းလည်းသိရသည်။ ထို့အပြင် ဆော့ဖ်ဝဲအဆင့်မြင့်တင်မှုများ ပုံမှန်ပြုလုပ်ပေးသလို ISO27001 အသိအမှတ်ပြုပုံစံဖြင့် ဆာဗာပေါ်တွင် Encryption ပြုလုပ်ပေးသောကြောင့် လုံခြုံမှုလည်းမြင့်မားကာ အထိအခိုက်မခံနိုင်သော စီးပွားရေးလုပ်ငန်း များနှင့်ဝန်ထမ်းသတင်းအချက်အလက်များ၏ လုံခြုံမှုအတွက်စိတ်ချနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
“ကျွန်မတို့က မြန်မာနိုင်ငံမှာ စမတ်ဖုန်းအသုံးပြုမှုမြင့်တက်လာတာကို ကြိုဆိုသလို အဲ့ဒီအချက်ကြောင့် အသုံးပြုမှုမြင့်တက် လာတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ အခုဆိုရင်မြန်မာနိုင်ငံသားတွေဟာ Cloud ဝန်ဆောင်မှုတွေနဲ့ပိုပြီး အကျွမ်းတဝင်ရှိ လာပြီဖြစ်လို့ Cloud က လူ့စွမ်အားအရင်းအမြစ်စီမံခန့်ခွဲမှုအတွက် ဘာတွေလုပ်ပေးနိုင်တယ်ဆိုတာကို JustLogin အနေနဲ့ ပြ သဖို့ အချိန်ကောင်းပဲလို့ ထင်မိပါတယ်”ဟု JustLogon ၏ Marketing Manager ဖြစ်သူ Kwa Yi Ting က ပြောကြားသည်။
JustLogin ကုမ္ပဏီသည် ၁၉၉၉ ခုနှစ်တွင် စင်ကာပူနိုင်ငံဒေသတွင်း အသေးစားနှင့်အလတ်စားလုပ်ငန်းများကို ဝန်ဆောင်မှုပေးရန် ရည်ရွယ်ချက်ဖြင့် စတင်တည်ထောင်ခဲ့သောကုမ္ပဏီတစ်ခုဖြစ်ကြောင်းလည်းသိရသည်။

အသေးစိတ်သိလိုပါက အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

https://www.facebook.com/hrsoftware/