OPPO | PUBG MOBILE KING OF THE HILL ၏ Offline ဂိမ်းပွဲကြီးတွင် ကစားသမား ၁၀ ဦးအနိုင်ရရှိ

PUBG MOBILE ၏ မြန်မာနိုင်ငံအတွင်း ပထမဦးဆုံး Offline ဂိမ်း ပြိုင်ပွဲကြီးဖြစ်သည့် OPPO | PUBG MOBILE KING OF THE HILL ပွဲကို စက်တင်ဘာလ ၁ ရက်နေ့ ရန်ကုန်မြို့ရှိ Junction Square Promotion Area တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါပြိုင်ပွဲတွင် ကစားသမား ၁၀ ဦးအနိုင်ရရှိခဲ့ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲကို OPPO Myanmar မှ Title Sponsor အဖြစ် ပါဝင်ကူညီထားပြီး PUBG MOBILE မှ မြန်မာနိုင်ငံ၏ Esports ကဏ္ဍ ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြန်မာ Esports ကစားသမားများအနေဖြင့် အရှေ့တောင်အာရှအပြင် နိုင်ငံ တကာအဆင့် Esports ပြိုင်ပွဲများအထိ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ကူညီပံ့ပိုးပေးသည့် ခြေလှမ်းတစ်ခုအဖြစ် ရည်ရွယ်၍ကျင်းပ ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

Photo Source – https://www.facebook.com/PUBGMOBILE.MM.OFFICIAL

အဆိုပါဂိမ်းပွဲကြီးတွင် ပွဲစဉ်ပေါင်း ငါးပွဲတိတိ ပါဝင်ခဲြ့ပီး ပွဲစဉ်တစ်ပွဲစီတွင် ကစားသမား ၆၀ ဦး ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ ပါဝင်ယှဉ်ပြိုင်သူ ကစားသမားများသည် တစ်ဦးချင်းစီ Solo အနေနှင့် ယှဉ်ပြိုင်ခဲ့ကြပြီး Sanhok မြေပုံတစ်ခုထဲတွင်သာ TPP Mode ဖြင့် ယှဉ်ပြိုင်ခဲ့ရခြင်းလည်းဖြစ်သည်။ ပွဲစဉ်တိုင်းတွင် PUBG MOBILE နှင့် OPPO Myanmar တို့ ပူးပေါင်းပြီး ဇူလိုင်လတွင်ကျင်းပပြုလုပ်ခဲ့သည့် COMMUNITY BATTLEGROUNDS အွန်လိုင်းဂိမ်းပြိုင်ပွဲမှ အနိုင်ရထိပ်ဆုံး အသင်းနှစ်သင်းမှ ကစားသမား ၈ ယောက်မှ ပင်တိုင်ပါဝင်ခဲ့ပြီး ယှဉ်ပြိုင်သူ ကစားသမားများ အားလုံးသည် ထိုဆုရ ကစားသမား ၈ ဦးနှင့် ယှဉ်ပြိုင်ကစားခွင့်ရခဲ့ခြင်းလည်းဖြစ်သည်။

Photo Source – https://www.facebook.com/PUBGMOBILE.MM.OFFICIAL

“အခုအချိန်က ကမ္ဘာတစ်လွှားမှာ Esports ဂိမ်းတွေ ရေပန်းစားနေပြီး အကျိုးအမြတ်ကောင်း ရနိုင်တဲ့အချိန်လို့ ပြောရမှာပါ။ အထူးသဖြင့် အရှေ့တောင်အာရှမှာ Esports ဂိမ်းတွေကို ပိုအားပေးကစားကြပြီး မြန်မာနိုင်ငံမှာလည်း တကယ်ကို စိတ်အား ထက်သန်ပြီး အောင်မြင်နိုင်ချေ အလားအလာရှိတဲ့ လူငယ်ကစားသမားတွေ အများကြီး ကျွန်တော်တို့ တွေ့ရပါတယ်။ ကျွန်တော်တို့ PUBG MOBILE အနေနဲ့ မြန်မာနိုင်ငံ Esports ကဏ္ဍက ကစားသမားတွေ၊ အားပေးတဲ့ပရိတ်သတ်တွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေ၊ ပြိုင်ပွဲစီစဉ်ကျင်းပသူတွေ အားလုံးအတွက် သေချာကိုစနစ်တကျ ဖွံ့ဖြိုးတိုးတက်တဲ့ ဂေဟစနစ် တစ်ခုကို ဖန်တီးပေးချင်ပါတယ်။ ဒီရည်မှန်းချက်နဲ့အတူ စိတ်လှုပ်ရှားစရာကောင်းတဲ့ အခွင့်အရေးအသစ်တွေကို အတူတကွ ဖန်တီးသွားနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု PUBG MOBILE ၏ Business Development Manager ဖြစ်သူ Aman Kumar က ပြောကြားသည်။

Photo Source – https://www.facebook.com/PUBGMOBILE.MM.OFFICIAL

ပွဲစဉ်တစ်ပွဲစီတွင် အနိုင်ရရှိသူ (Chicken Dinner Winner) တစ်ဦးနှင့် Kill အများဆုံးရရှိသူ (Best Kill) တစ်ဦးစီကို ရွေးချယ်ခဲ့ပြီး အနိုင်ရရှိသူများသည် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀၀ စီ ဆုကြေးရရှိခဲ့ကြသည်။ ထို့အပြင် အခြား in-game item များ၊ merchandised ပစ္စည်းများကိုလည်း အမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပြီး OPPO booth တွင် လည်း အခြားဂိမ်းများကစားခဲ့ကြကြောင်းသိရသည်။
OPPO | PUBG MOBILE KING OF THE HILL offline ဂိမ်းပွဲကြီးကို အောင်ပိုင်ချို၊ Tomlla နှင့် Power Gaming စသည့် မြန်မာနိုင်ငံမှ နာမည်ကြီး ထိပ်တန်း game streamer များလည်း တက်ရောက်ခဲ့ပြီး လူငယ်ကစားသမားများ၊ ကြည့်ရှုအား ပေးသူ ပရိတ်သတ်များဖြင့်လည်း စည်ကားခဲ့သည်။

Photo Source – https://www.facebook.com/PUBGMOBILE.MM.OFFICIAL

အဆိုပါပြိုင်ပွဲသည် PUBG MOBILE ၏ မြန်မာနိုင်ငံအတွက် ပထမဆုံးသောဂိမ်းပွဲဖြစ်ပြီး ဤကဲ့သို့သောပြိုင်ပွဲများနှင့် စိတ်လှုပ်ရှားဖွယ် အစီအစဉ်များကို မြန်မာနိုင်ငံ အခြားတိုင်းနှင့် ပြည်နယ်များတွင်လည်း ဆက်လက်ကျင်းပသွားရန် အစီ အစဉ်ရှိကြောင်း PUBG MOBILE ၏ Business Development Manager ဖြစ်သူ Aman Kumar မှဆက်လက်ပြောကြား ခဲ့သည်။
ပြိုင်ပွဲနှင့်ပတ်သက်ပြီးအသေးစိတ် သတင်းအချက်အလက်များကို အောက်ပါ Link များတွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းသိ ရသည်။
https://www.facebook.com/PUBGMOBILE.MM.OFFICIAL

https://www.facebook.com/oppomyanmar/