MPT နှင့် Viu တို့ပူးပေါင်းကာ ရုပ်ရှင်နှင့်တီဗွီရှိုး အစီအစဉ်များကို ဝန်ဆောင်မှုအခမဲ့ဖြင့် ဝင်ရောက်ကြည့်ရှုနိုင်

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် MPT နှင့် Viu တို့ပူးပေါင်းကာ တရုတ်၊ ကိုရီးယား၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန်နှင့် မြန်မာနိုင်ငံများမှ အကောင်းဆုံးရုပ်ရှင်များနှင့် ရုပ်သံအစီအစဉ်များကို Viu အက်ပလီကေးရှင်းနှင့်ဝက်ဘ်ဆိုက် တို့မှတစ်ဆင့် ဝန်ဆောင်ခပေးရန်မလိုပဲ လွယ်ကူစွာဝင်ရောက် ကြည့်ရှုနိုင်ရန် ဆောင်ရွက်လိုက်ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါ အစီအစဉ်နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကိုလည်း ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့တွင် Pan Pacific Hotel တွင်ကျင်းပပြုလုပ်ခဲ့သည်။

Photo Source By Myanmar Tech Press

MPT သုံးစွဲသူများအနေဖြင့် ပြည်တွင်း၊ ပြည်ပမှ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ထောင်ပေါင်းများစွာသော ရုပ်ရှင်နှင့်တီဗွီရှိုး အစီအစဉ်များကို ၁၀၀ ရာခိုင်နှုန်း မြန်မာစာတန်းထိုးဖြင့် Viu မိုဘိုင်းလ် အက်ပလီကေးရှင်းမှတစ်ဆင့် ဝန်ဆောင်ခ ပေးရန်မလိုဘဲ ကြည့်ရှုနိုင်မည်လည်းဖြစ်သည်။
“ကျွန်တော်တို့ဟာ မြန်မာနိုင်ငံက အိမ်ထောင်စုတိုင်းဆီကို ပြည်တွင်းနဲ့ပြည်ပက အထူးဖျော်ဖြေရေး အစီအစဉ်တွေ ကြည့်ပြီး ပျော်ရွှင်မှုနဲ့ ရယ်မောခြင်းတွေကို ယူဆောင်နိုင်စေဖို့ Viu နဲ့ တွဲဖက်လုပ်ကိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ပရိသတ်တွေအနေနဲ့ အံ့အားသင့်ဖွယ်ရာ အာရှကရုပ်ရှင်တွေကို မိမိတို့ရဲ့ မိုဘိုင်းလ် ဖုန်းတွေကနေ အချိန်တိုင်း၊ နေရာတိုင်းမှာ ကြည့်ရှုနိုင်တော့မှာဖြစ်ပါတယ်။ MPT ရဲ့နိုင်ငံအဝှမ်းကို ဖြန့်ကျက်ထားတဲ့ မြန်နှုန်းမြင့် 3G/LTE+ ကွန်ရက်နဲ့အတူ Viu ရဲ့ အဆင့်မြင့်နည်းပညာတို့ရဲ့ ပေါင်းစပ်မှုတွေကြောင့် သုံးစွဲသူတွေအနေနဲ့ ရုပ်ရှင်နှင့်တီဗွီရှိုးများကို ကြည့်ရှုရာမှာ အပြတ် အတောက်မရှိဘဲ ကောင်းမွန်ချောမွေ့စွာ ကြည့်ရှုနိုင်မယ့် အတွေ့အကြုံတွေကို ရရှိမှာဖြစ်ပါတယ်” ဟု MPT-KSGM Joint Operations ၏ စီးပွားရေး ဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr.Reizo Umeda မှပြောကြားခဲ့သည်။

Photo Source By Myanmar Tech Press

MPT သုံးစွဲသူများသည် Viu အက်ပလီကေးရှင်းမှတစ်ဆင့် ထောင်ပေါင်းများစွာသော ဖျော်ဖြေရေးရုပ်ရှင်များ၊ ရုပ်သံအစီ အစဉ်များ၊ Viu တွင်သာရရှိနိုင်သည့် ဇာတ်လမ်းတွဲများကို မည်သည့် ထပ်ဆောင်းဝန်ဆောင်ခမျှပေးစရာမလိုဘဲ ရိုးရှင်းစွာ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ သုံးစွဲသူများသည် ဝယ်ယူထားပြီးသား အင်တာနက်ပက်ကေ့ချ်မှ (သို့) သုံးသလောက်ကျ သင့်သည့် အင်တာနက်အသုံးပြုခနှုန်းထားတို့ဖြင့် ကြည့်ရှုနိုင်မည်ဖြစ်သည်။ MPT မိုဘိုင်းလ်အင်တာနက်ကို အသုံးပြုရုံဖြင့် စာရင်းသွင်းရယူခြင်းကို လုပ်ဆောင်ရန်မလိုအပ်ဘဲ Viu app ကို ဖွင့်၍ အကြိုက်ဆုံး ရုပ်ရှင်ဇာတ်ကားများကို လွယ်ကူစွာဖြင့် စတင်ကြည့်ရှုနိုင်မည်လည်းဖြစ်သည်။

Photo Source By Myanmar Tech Press

“မြန်မာနိုင်ငံက များစွာသောသုံးစွဲသူတွေက ဖျော်ဖြေရေးအတွက် စမတ်ဖုန်းကိုအဓိက မှီခိုနေကြပါတယ်။ အဲဒါကြောင့် ကျွန်မတို့အနေနဲ့ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်တဲ့ MPT နဲ့ပူးပေါင်း လုပ်ဆောင်ဖို့အတွက် အလွန်ပဲ စိတ်အားထက်သန်နေပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် ကျွန်မတို့ရဲ့ ကတိကဝတ်ဖြစ်တဲ့ မြန်မာနိုင်ငံက သုံး စွဲသူတွေအတွက် အာရှနိုင်ငံတွေဖြစ်တဲ့ ကိုရီးယား၊ ထိုင်း၊ အိန္ဒိယနဲ့ မြန်မာနိုင်ငံက အကောင်းဆုံးနဲ့ နောက်ဆုံးပေါ်ဖျော်ဖြေ ရေးအစီအစဉ်တွေကို ပိုမိုယူဆောင်လာနိုင်ဖို့အတွက် အထောက်အပံ့ဖြစ်စေမှာပါ။ Viu အနေနဲ့ ဘယ်သူ့ကိုမဆို ကောင်းမွန် တဲ့ ရုပ်ရှင်အစီအစဉ်တွေကို ခံစားကြည့်ရှုစေချင်တဲ့အတွက် MPT နဲ့အတူ ပူပေါင်း ဆောင်ရွက်ခြင်းကတစ်ဆင့် ဒါတွေကို တကယ်ဖြစ်အောင် ဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်” ဟု Viu Myanmar ၏ Senior Vice President and Country Manager ဖြစ်သူ Ms.Lavina Tauro မှပြောကြားသည်။
နောက်ဆုံးထွက်ရှိထားသည့် ကိုရီးယားဒရမ်မာ (K-drama) စီးရီးအချို့နှင့် Variety Show ပေါင်းများစွာကို မူရင်း ထုတ်လွှင့်မှုအပြီး နာရီအနည်းငယ်အတွင်း Viu တွင်ကြည့်ရှုနိုင်မည်လည်းဖြစ်သည်။ MPT Viu သုံးစွဲသူများသည် ဗွီဒီယိုများကို Viu app ထဲသို့ ဒေါင်းလုတ် ရယူကာ offline ဖြင့် မိုဘိုင်းလ်ဖုန်းများနှင့် တက်ဘလက်များတွင်လည်း ကြည့်ရှု နိုင်သည်။
အောက်ပါ Link တွင် ဝင်ရောက် Install ပြုလုပ်နိုင်ပါသည်။
https://play.google.com/store/apps/details?id=com.vuclip.viu