Home Services များကို (၃) နာရီအတွင်း ဝန်ဆောင်မှုများရယူနိုင်မည့် BusyBees

အိမ်တစ်အိမ်ရဲ့လိုအပ်ချက်တွေဟာ အင်မတန်မှများပြားလှပါတယ်။ အရေးပေါ်ပြုပြင်စရာတွေပေါ်ပေါက်လာရင်လည်း အ ချိန်နဲ့တပြေးညီပြုပြင်ဆောင်ရွက်သွားနိုင်မှအဆင်ပြေနိုင်မှာဖြစ်ပါတယ်။ အိမ်သန့်ရှင်းရေးဆိုင်ရာနဲ့ အခြားအိမ်မှုကိစ္စတွေက မအားလပ်လို့ မလုပ်ဖြစ်ဘူးဆိုရင်တောင်မှ မဖြစ်မနေလုပ်ဆောင်ရမယ့်ကိစ္စတစ်ခုဖြစ်တဲ့အတွက် အချိန်ပိုင်းအတွင်းကောင်း မွန်တဲ့ဝန်ဆောင်မှုတစ်ခုနဲ့ ချိတ်ဆက်လုပ်ကိုင်ဖြေရှင်းလိုက်တာလည်း မှန်ကန်တဲ့နည်းလမ်းတစ်ခုလို့လည်းဆိုရမှာပါ။

Photo Source – https://www.facebook.com/busybeesmyanmar/

ဒီနေ့ဒီအခါမှာတော့ Facebook၊ Website စတဲ့နေရာတွေကနေ လိုအပ်သမျှကိုကူညီဖြေရှင်းဖို့အတွက် Digital ဝန်ဆောင်မှု ပိုင်းဆိုင်ရာတွေက ပိုမိုပေါ်ထွန်းလာခဲ့ အသုံးပြုသူတွေအတွက်လည်း များစွာအထောက်အကူဖြစ်စေပါတယ်။ အဲ့ဒီအတွက် ကြောင့်အချိန်ပေးပြီး တကူးတကရှာဖွေနေစရာမလိုသလို မိနစ်ပိုင်းလောက်အချိန်ပေးလိုက်ရုံနဲ့ ဈေးနှုန်းသင့်တော်ပြီး ကောင်းမွန်တဲ့ဝန်ဆောင်မှုမျိုး ကိုရရှိနိုင်မှာလည်းဖြစ်ပါတယ်။
မိမိနေထိုင်ရာ နေအိမ်၊ ရုံးခန်းတွေ နဲ့ ကွန်ဒိုတိုက်ခန်းတွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ရေပိုက်ပြဿနာ၊ မီးပြဿနာ နဲ့ အခြား အိမ်တွင်း ၊ ရုံးတွင်း ဝန်ဆောင်မှုတွေအတွက် မြန်မာ့ပထမဆုံး BusyBees Home Services Mobile Application ကကောင်း မွန်စွာဖြေရှင်းပေးနိုင်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/busybeesmyanmar/

BusyBees ဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့ Home Services တွေကို Mobile Application ကနေ လွယ်လွယ်ကူကူ Booking ပြုလုပ်ပြီး ၃ နာရီအတွင်း ဝန်ဆောင်မှု ရယူနိုင်မယ့် Service Application တစ်ခုဖြစ်ပါတယ်။ အဲကွန်းတပ်ဆင် ခြင်းနှင့်အလုံးစုံပြုပြင်ခြင်း ၊ ဆေးသုတ်ခြင်း ၊ ရေပိုက်နှင့်ဆိုင်သော ပြသနာများ (အိမ်သာ ၊ ဘေစင် စသဖြင့်) ၊ မျက်နှာကြက် တပ်ဆင်ခြင်း၊ သန့်ရှင်းရေးဝန်ဆောင်မှုများ၊ လျှပ်စစ်နှင့်ဆိုင်သောဝန်ဆောင်မှုများ၊ ပိုးမွှားနှိမ်နင်းခြင်း၊ ကားရေဆေးနှင့် ပေါလစ်၊ CCTV Installation & Repairs ၊ Door to Door Delivery စသည့် ဝန်ဆောင်မှုများကို မိမိ Mobile Phone ကနေ Booking ရယူယုံနဲ့ အဆင်ပြေသွားစေနိုင်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။
BusyBees ရဲ့အဓိကအားသာချက်တွေကတော့ ဈေးနှုန်းများကိုလည်း ဝန်ဆောင်မှုတစ်ခုစီအလိုက် အသေးစိတ်ဖော်ပြထား တာကြောင့် ပိုမိုပြီးကုန်ကျမှာ စိတ်ပူစရာမလိုတော့ခြင်း၊ Booking ပြုလုပ်ပြီး မိမိ အဆင်ပြေသော အချိန်အတိုင်း ဝန်ဆောင် မှုရယူနိုင်ခြင်း ၊ (၃) နာရီအတွင်း ဝန်ဆောင်မှုနှင့်အတူ စိတ်ချယုံကြည်ရသော ဝန်ဆောင်မှုပေးသူများကြောင့် မိမိနေအိမ်နဲ့ အိမ်ရှိလူများအတွက် စိတ်ချလက်ချခေါ်ယူနိုင်ခြင်း စတဲ့အချက်တွေပဲဖြစ်ပါတယ်။
BusyBees ကိုBooking ပြုလုပ်ချင်တယ်ဆိုရင်တော့ ကိုယ့်အိမ်မှာ BusyBees ကပေးတဲ့ဝန်ဆောင်မှုတွေထဲက ဘာပဲ ဖြစ်ဖြစ် လိုအပ်တယ်ဆိုရင် BusyBees Andriod App၊ BusyBees Website၊ BusyBees Facebook Page တွေကနေ အချိန်မရွေး Booking တင်နိုင်ပါတယ်ပြုလုပ်နိုင်မှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် Mobile App မှတဆင့် Booking ရယူသူများအတွက် မည်သည့် Service မဆိုရယူပါက 10% Discount ရရှိနိုင်မှာ လည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/busybeesmyanmar/

လောလောဆယ် ရန်ကုန်မြို့တွင်း ဝန်ဆောင်မှုတွေရရှိနေပြီဖြစ်တဲ့ မြို့နယ်တွေကတော့ မရမ်းကုန်းမြို့နယ် ၊ လှိုင်မြို့နယ် ၊ ကမာရွတ်မြို့နယ် ၊ ပုဇွန်တောင်မြို့နယ် ၊ ဗိုလ်တစ်ထောင်မြို့နယ် ၊ ဗဟန်းမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ် ၊လမ်းမတော်မြို့နယ် ၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ရန်ကင်း၊ တာမွေ၊ မင်္ဂလာတောင်ညွှန့် ၊ သာကေတ ၊ အင်းစိန် ၊ မြောက်ဥက္ကလာ ၊ တောင်ဥက္ကလာနဲ့ သင်္ဃန်းကျွန်းမြို့နယ်တွေမှာရရှိနေပြီဖြစ်ပါတယ်။ အခြားကျန်ရှိတဲ့မြို့နယ်တွေမှာလည်း ဝန်ဆောင်မှုတွေကို အမြန်ဆုံးပေးနိုင်ဖို့ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။ တိုက်ရိုက်ဆက်သွယ်ချင်ရင်တော့ ဖုန်းနံပါတ် 09 255699003/09 255699004 တို့ကိုဆက်သွယ်နိုင်မှာလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/busybeesmyanmar/

BusyBees Expert Service Application ကိုရယူလိုပါက အောက်ပါ Link တွင်ဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.busybee
လက်ရှိမှာတော့ Andriod Mobile များတွင်သာဝန်ဆောင်မှုရယူနိုင်ဦးမှာဖြစ်ပြီး IOS ဖုန်းများအတွက်တော့ ဖုန်းဖြင့်တိုက်ရိုက်ဖြစ်စေ ၊ Website မှဖြစ်စေ ဆက်သွယ် Booking ရယူနိုင်ပါတယ်။ BusyBees Website Link နဲ့ Facebook Link ကတော့ အောက်မှာအတိုင်းဖြစ်ပါတယ်။
https://www.busybeesmyanmar.com
https://www.facebook.com/busybeesmyanmar/