သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းဆောင်းပါးရေးသားခြင်းအထောက်အကူပြု Website စတင်မိတ်ဆက်

မြန်မာပြည်တွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိန်းသိမ်းရေးလုပ်ငန်းများကို သတင်းမီဒီယာများနှင့်ပြည်သူများပိုမိုသိရှိနား လည်စေရန်ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ဆိုင်ရာသတင်းဆောင်းပါးရေးသားခြင်းအထောက်အကူပြု Website မိတ်ဆက် ပွဲကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ Orchid Hotel တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ Website မိတ်ဆက်ပွဲအခမ်းအနားတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာသတင်းအချက်အလက်များရယူခြင်းနှင့် လက်ရှိမြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်အခြေအနေများကို သဘာဝပတ်ဝန်းကျင်ကျွမ်းကျင်ဆရာ၊ ဆရာမများကတွေ့ဆုံ ဆွေးနွေးပွဲစကားဝိုင်းလည်းကျင်းပပြုလုပ်ခဲ့သည်။


Photo Source By Myanmar Tech Press

အဆိုပါ Website သည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းဆောင်းပါးများ၊ Video များ၊ သဘာဝပတ်ဝန်ကျင်ဆိုင်ရာဥပ ဒေများ၊ ဓာတ်ပုံများ အစရှိသည့်ကဏ္ဍပေါင်းများစွာကိုထည့်သွင်းဖော်ပြထားပြီး Website ၏ အဓိကရည်ရွယ်ချက်မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအချက်အလက်များကို သတင်းမီဒီယာများမှာပိုမိုကျယ်ပြန့်စွာ ဖော်ပြနိုင်ရန်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရပ်အထောက်အကူပြု အချက်အလက်များကို တစ်နေရာတည်းတွင် တစ်စုတစ်စည်း တည်း အချိန်တိုအတွင်း ရှာဖွေကိုးကားနိုင်ရန်အတွက် ဖြစ်ကြောင်းလည်းသိရသည်။
“ဒီ Website လေးဟာ အိမ်တစ်အိမ်အတွက် ဗီဒိုလေးတစ်လုံးဖန်တီးပေးလိုက်သလိုပါပဲ။ ဗီဒိုထဲက ကိုယ်နဲ့သင့်တော်ကိုက်ညီ မယ့်ပစ္စည်းတွေကို ထုတ်ယူအသုံးပြုနိုင်သလို သတင်းဆောင်းပါးရေးသားကြတဲ့အခါမှာဖြစ်စေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းအချက်အလက်အကြောင်းအရာတွေ ပိုမိုသိရှိလိုသည်ဖြစ်စေ ဝင်ရောက်ကြည့်ရှုရေးသားနိုင်တော့မှာဖြစ်ပါတယ်။ သတင်းမီဒီယာမှမဟုတ်ပါဘူး။ သဘာဝပတ်ဝန်းကျင်အကြောင်းကိုလေ့လာချင်တဲ့ ပြည်သူတွေအနေနဲ့လည်းဝင်ရောက် ကြည့်ရှုနိုင်တော့မှာဖြစ်ပါတယ်။ အခုက Website အသစ်ဖြစ်တဲ့အတွက်ကြောင့် သတင်းတွေ၊ ဆောင်းပါးတွေက နည်းနေပါ သေးတယ်။ Website နဲ့ပတ်သက်လို့လည်း ဒီပွဲမှာအကြံပေးဆွေးနွေးနိုင်သလို Website မှာလည်းဝင်ရောက် ရေးသားအကြံ ပြုနိုင်ပါတယ်။ အခု Website ကတစ်ဖြည်းဖြည်းနဲ့အရှိန်ရလာတာနဲ့အမျှ နောက်ပိုင်းမှာ Application ပြုလုပ်သွားမယ်လို့ လည်း ကျွန်မတို့စဉ်းစားထားပါတယ်”ဟု Website စတင်ပြုလုပ်သော Center For Myanmar Media Development စီမံကိန်းဒါရိုက်တာ ဒေါ်လတ်လတ်စိုးက ပြောကြားသည်။


Photo Source By Myanmar Tech Press

“အခုနောက်ပိုင်းမှာလည်း မီဒီယာတွေအနေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာသတင်းရေးသားကြတဲ့အခါ လိုအပ်ချက်လေး တွေရှိနေတာကို တွေ့ရပါတယ်။ အခုကျွန်မတို့ကမ္ဘာကြီးကလည်း နေမကောင်းဖြစ်နေပါပြီ။ မကြာသေးခင်က မွန်ပြည်နယ်မှာ ဖြစ်ခဲ့တာတွေက သက်သေပြနေသလိုပါပဲ။ အခုက ကျွန်မတို့ ကမ္ဘာကြီးကိုကယ်တင်ရတော့မယ့်အချိန်ပါပဲ။ သတင်းမီဒီယာ တွေအနေနဲ့လည်း သဘာဝပတ်ဝန်းကျင်အကြောင်းကို များများသိဖို့လိုပါတယ်။ အခု Website ကတော့ သတင်းမီဒီယာတွေ အတွက်သာမက သဘာဝပတ်ဝန်းကျင်အကြောင်းလေ့လာချင်တဲ့ ပြည်သူတွေအတွက်ပါ အရမ်းအဆင်ပြေစေတဲ့ Website တစ်ခုလည်းဖြစ်ပါတယ်”ဟု Myanmar Journalism Institute မှ သင်တန်းဆရာမဖြစ်သူ ဒေါ်အေးအေးဇင် ကပြောကြား သည်။


Photo Source – http://cmmd-environmental.com/

မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်သောသတင်းအချက်အလက်များကို မြန်မာဘာသာဖြင့်ရှာဖွေရန် ကိုးကားနိုင်သည့် သတင်းရင်းမြစ်များ၊ အဖွဲ့အစည်းများ၊ ဝန်ကြီးဌာန၏ ဒစ်ဂျစ်တယ်မီဒီယာများ ရှိသော်လည်း အများစုမှာ သတင်းရေးသားမည့် သတင်းထောက်များနှင့်အယ်ဒီတာများ အလွယ်တကူရှာဖွေရန် လက်လှမ်းမမှီနိုင်ပဲ သတင်းရင်းမြစ်များ ပျံ့ကြဲနေခြင်းကြောင်းကြောင့်လည်းကောင်း နည်းပညာတိုးတက်နေသည့် ဒစ်ဂျစ်တယ်ခေတ်တွင် အချိန်နှင့်တပြေးညီ သတင်းများထုတ်လုပ်ရေးသားရန် အခက်အခဲများရှိနေခြင်းကြောင့်လည်းကောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်း အရာကဲ့သို့ ပညာရပ်ဆန်သောသတင်းများကို အချက်အလက်မှန်မှန်၊ ခိုင်လုံသောအထောက်အထားများနှင့်ပြည့်စုံစွာရေး သားဖို့မှာ သတင်းသမားတိုင်း၏ စိန်ခေါ်မှုဖြစ်နေသည့်အတွက် သဘာဝပတ်ဝန်းကျင်ကဲ့သို့ အမှန်တကယ် လိုအပ်သည့် သတင်းတိုများ၊ သတင်းဆောင်းပါးများကို ရေးသားမှုနည်းပါးနေခြင်းကြောင့်လည်းကောင်း Environmental Database for Myanmar Media(EDMM) မှ အဆိုပါ Website အားကြိုးပမ်းဆောင်ရွက်ထားခြင်းလည်းဖြစ်ကြောင်းလည်းသိရသည်။
အဆိုပါ Website ကိုဝင်ရောက်ကြည့်ရှုလိုပါက အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
http://cmmd-environmental.com/