Few-shot Learner ကဘာတွေလုပ်ဆောင်နိုင်သလဲ

Social Media တွေမှာတစ်ဖြည်းဖြည်းများပြားလာတဲ့ Hate Speech နဲ့ Harmful Content တွေကို ရှင်းလင်း ဖယ်ရှားဖို့အတွက် Meta က AI Technology တစ်ခုဖန်တီးလိုက်တယ်ဆိုတာကို အရင်ဆောင်းပါး မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ အခုတစ်ခေါ်ကမှာတော့ Meta ရဲ့ AI Technology ဖြစ်တဲ့ Few-Shot Learner (FSL) အကြောင်းကို ထပ်မံ ဖော်ပြပေးမှာ ဖြစ်ပါတယ်။

FSL AI Technology ဟာ တစ်ခြား AI တွေလနဲ့ချီပြီး လေ့လာရတဲ့ အချက်အလက်တွေကို သီတင်းပတ်အတွင်း လေ့လာနိုင်စွမ်းရှိသလို ဘာသာစကားပေါင်း ၁၀၀ ကျော်နဲ့လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ မတူကွဲပြားတဲ့ အချက်အလက်တွေကို ဓာတ်ပုံတွေ စာသားတွေကနေ ရှာဖွေလေ့လာနိုင်ပြီး Harmful Content သဘော သက်ရောက်တဲ့ အကြောင်းအရာတွေကို သိရှိနိုင်စွမ်းရှိပါတယ်။ 

Photo Source ai.facebook.com

သာမန် AI စနစ်တွေက ၁ လကနေ ၂ လအတွင်း နမူနာအချက်အလက်တွေစုဆောင်းပြီး Policy နဲ့စီစစ်တယ်၊ ၃ လမြောက်မှာ အချက်အလက်တွေပိုစုဆောင်းပြီး လေ့လာတယ်၊ ၄ လမြောက်မှာ စနစ်ကိုပြန်မွမ်းမံပြီး နောက်ထပ်စီစစ်တာတွေပြုလုပ်တယ်၊ ၆ လမြောက်မှာတော့ စတင်ပြီးအသုံးပြုနိုင်ပါတယ်။ Meta ရဲ့ Few-Shot Learner ကတော့ ၁ ပတ်ကနေ ၂ ပတ်အတွင်း နမူနာအချက်အလက်တွေကို Polity နဲ့စီစစ်ပါတယ်၊ ၃ ပတ်အတွင်း အချက်အလက်စီစစ်မှုတွေပြုလုပ်တယ်၊ ၄ ပတ်ကနေ ၆ ပတ်မြောက်အတွင်း ပြုပြင်မှုတွေနဲ့ စတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့် ဒီ AI စနစ်အသစ်ဟာ အရင် AI စနစ်တွေထက် few-shot learning ကိုအသုံးပြုပြီး မတူညီတဲ့အကြောင်းအရာတွေကို အချိန်တိုအတွင်း ခွဲခြားပေးနိုင်ပါတယ်။

FSL ဟာ Policy တွေနဲ့ အချက်အလက်တွေကို နားလည်လွယ်အောင် ဖြစ်ပေါ်နေတဲ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပြီး ပြန်လည်ပြုပြင်စရာမလိုဘဲ လုပ်ဆောင်နိုင်တဲ့ Large-scale, multimodal, multilingual, zero or few-shot model တစ်ခုဖြစ်ပါတယ်။ လုပ်ဆောင်တဲ့အပိုင်းမှာ အပိုင်းသုံးပိုင်းခွဲပြီး လုပ်ဆောင်နိုင်ပါတယ်။

Zero-Shot: ဥပမာတွေမပါဘဲ Polity ကိုချပြပြီး ဆောင်ရွက်ခြင်း

Few-Shot with demonstration: Policy ကိုဖော်ပြပြီး ဥပမာအနည်းငယ်ဖြင့် ဖော်ပြခြင်း (စာလုံးရေ ၅၀ အောက်)

Low-Shot with fine-tuning: ML Developers တွေအနေနဲ့ FSL ကို ဥပမာနည်းနည်းလေးနဲ့ လေ့ကျင့်ပေးပြီး ပြုလုပ်စေခိုင်းနိုင်ပါတယ်။ 

Photo Source ai.facebook.com

အချက်အလက်တွေကိုလေ့လာတဲ့နေရာမှာ Post တစ်ခုလုံးမှာ ပါဝင်တဲ့ စာသား၊ ဓာတ်ပုံနဲ့ URL စတဲ့ အချက်အလက်တွေကို လေ့လာပါတယ်။ နောက်တစ်ဆင့်အနေနဲ့ ပါဝင်တဲ့အချက်အလက်တွေမှာ ဖော်ပြထားတဲ့ Policy နဲ့ငြိစွန်းတာမျိုးရှိမရှိ စစ်ဆေးပါတယ်။ နောက်ဆုံးအဆင့်အနေနဲ့ ငြိစွန်းတဲ့အချက်အလက်မျိုးမရှိတော့မှ ခွင့်ပြုပေးပါတယ်။