WayPay အသုံးပြုသူများအနေဖြင့် Oway Website မှတဆင့် ခရီးစဉ်လက်မှတ်များ၊ ဟိုတယ်ဘိုကင်များ ကြိုတင်ပြုလုပ်ဝယ်ယူနိုင်

မြန်မာနိုင်ငံ၏ မိုဘိုင်းငွေကြေးဝန်ဆောင်မှုကဏ္ဍတွင် ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သော Wave Money နှင့် ခရီးသွားထိပ်တန်း သယ်ယူပို့ဆောင်ရေးကုမ္ပဏီတစ်ခုဖြစ်သော Oway တို့မှ ခရီးသွားလာခြင်းနှင့်ဆိုင်သော ငွေပေးချေမှုစနစ်ကို ပိုမိုလွယ်ကူစေ ရန် WavePay အသုံးပြုသူများအနေဖြင့် လေယာဉ်လက်မှတ်များ၊ ကားလက်မှတ်များ၊ ဟိုတယ်ကြိုတင်ဘိုကင်ပြုလုပ်မှုများ နှင့် ကမ္ဘာ့တစ်ဝှမ်းမှ ခရီးစဉ်များအား Oway Website မှတဆင့် လျင်မြန်စွာဝယ်ယူနိုင်ပြီဖြစ်ကြောင်းသိရသည်။

Photo Source – https://www.facebook.com/WaveMoney/

ထိုကဲ့သို့ ငွေပေးချေမှုအတွက် Wave Money နှင့် Oway တို့နားလည်မှုစာခွျှန်လွှာကို ၂၀၁၉ ခုနှစ် ဇူလိင်လ ၁၁ ရက်နေ့တွင် Sule Shangri-la Hotel တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး အဆိုပါပူးပေါင်းဆောင်ရွက်ခြင်း အထိမ်းအမှတ်အနေဖြင့် ဇူလိုင်လ ၁၁ ရက်နေ့မှ သြဂုတ်လ ၁၀ ရက်နေ့အထိ WavePay အသုံးပြုသူများက Oway Website မှတဆင့် လေယာဉ်လက်မှတ် များကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ဈေးဖြင့်ဝယ်ယူနိုင်မည်လည်းဖြစ်သည်။

Photo Source – https://oway.com.mm

အဆိုပါ လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင်Wave Money ၏ ဗဟိုအမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr.Brad Jones က “Oway ဟာ မြန်မာနိုင် ငံမှာ စွန့်ဦးတီထွင်ထိုးဖောက်သူ အွန်လိုင်းခရီးသွားအေဂျင်စီတစ်ခုဖြစ်ပါတယ်။ Oway အနေနဲ့ ကျွန်တော်တို့ Wave Money လိုပဲ အနာဂတ်မှာ Digital နည်းပညာကနေတဆင့် လူနေမှုဘဝပိုမိုမြင့်မားပြီး အတွေ့ အကြုံကောင်းတွေရရှိလာဖို့ လုပ်ဆောင်လိုတဲ့ ရည်မှန်းချက်ခြင်းတူညီတာကို တွေ့ရှိရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အခု လိုပူးပေါင်းဆောင်ရွက်ရတာကို များစွာဝမ်းမြောက်ဂုဏ်ယူမိပါတယ်” ဟု ပြောကြားသည်။
Wave Money နှင့်ပူးပေါင်းဆောင်ရွက်မှုမှတဆင့် Oway Fleet ယာဉ်မောင်းများအနေဖြင့်လည်း WavePay App ကိုအသုံး ပြုပြီး ငွေလက်ခံခြင်း၊ ငွေပို့ခြင်းများကို လုပ်ဆောင်နိုင်တော့မည်လည်းဖြစ်သည်။ အဆိုပါလုပ်ဆောင်ချက်သည် နေ့စဉ်လူ ကိုယ်တိုင်ငွေသားထုတ်ယူသုံးစွဲရသည့် လုပ်ငန်းစဉ်ကို ဖြေလျော့ပေးနိုင်မည်ဖြစ်ပြီး တစ်ဦးချင်းစီ၏ အကောင့်စီမံခန့်ခွဲမှုကို ပံ့ ပိုးပေးနိုင်မည်ဖြစ်ကာ အဆိုပါအကောင့်များသည် ခရီးစဉ်တစ်ခုပြီးတိုင်း ပြန်လည်ပေါင်းစည်းပေးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

Photo Source By Myanmar Tech Press

“Wave Money နဲပူးပေါင်းဆောင်ရွက်မှုက မြန်မာနိုင်ငံမှာရှိတဲ့ သုံးစွဲသူတွေအတွက် လွယ်ကူချောမွေ့စွာ ခရီးသွားလာနိုင် အောင် ဆောင်ရွက်ပေးချင်တဲ့ ကျွန်တော်တို့ရဲ့ ဂတိကဝတ်တွေထဲက တစ်ခုကို အကောင်အထည်ဖော်လိုက်တာပါ။ အွန် လိုင်းငွေပေးချေမှုဆိုတာက ဒီကလူအများစုအတွက် စိတ်ခေါ်မှုဖြစ်နေနိုင်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ တော်တော် များများက အကြွေးဝယ်ကဒ် (Credit Card) တွေလည်း မသုံးကြသေးသလို တချို့ဆို ပုံမှန်ဘဏ်ဝန်ဆောင်မှုစနစ်ကိုတောင် အသုံးမပြကြသေးပါဘူး။ အခုဆိုရင်သူတို့တွေဟာ သူတို့ရဲ့ဖုန်းတွေကို အသုံးပြုပြီး WavePay Application ကနေတဆင့် လေယာဉ်၊ ဟိုတယ်နဲ့ခရီးစဉ်တွေကို အချိန်မရွေး၊ နေရာမရွေး ကြိုတင်စာရေးပေးထားနိုင်မှာဖြစ်ပါတယ်”ဟု Oway Group ၏ ဗဟိုအလုပ်အမှုဆောင် အရာရှိချုပ် Mr.Alok Kumar က ပြောကြားသည်။

Photo Source By Myanmar Tech Press

“ကျွန်တော်တို့ဝန်ဆောင်မှုကို အသုံးပြုသူတွေအတွက် အွန်လိုင်းကနေ ငွေပေးချေရာမှာ ငွေကြေးထပ်မံကုန်ကျစရာမလိုတဲ့ နည်းလမ်းတွေကို စဉ်ဆက်မပြတ် ရှာဖွေဖော်ထုတ်လျက်ရှိပြီး ကျွန်တော်တို့အိမ်မက်တွေကို Wave Money နဲ့အတူအကောင် အထည်ဖော်ဆောင်သွားနိုင်ဖို့ မျော်လင့်ပါတယ်”ဟု ၎င်းကဆက်လက်ပြောကြားသည်။
Oway ကို ၂၀၁၂ ခုနှစ်တွင်စတင်မိတ်ဆက်ခဲ့ပြီး မြန်မာပြည်တွင်းအလုပ်ကိစ္စဖြင့် ခရီးသွားသူများ၊ အပန်းဖြေခရီးထွက်လို သည့်ပြည်သူများအတွက် ဝန်ဆောင်မှုများကိုပေးအပ်လျက်ရှိပြီး ဟိုတယ်တည်းခိုခန်းများကြိုတင်စာရင်းပေးခြင်း၊ လေယာဉ် လက်မှတ်၊ ဘတ်စ်ကားလက်မှတ်၊ ကားလက်မှတ်၊ ခရီးသွားလာခြင်းနှင့် အားလပ်ရက်များအတွက် ခရီးသွားအစီအစဉ်အစရှိ သည်တို့အား ငွေပေးချေမှုနည်းလမ်းအမျိုးမျိုးဖြင့် (One-Stop) တစ်နေရာတည်းတွင် အဆင်ပြေချောမွေ့စွာအပြီးအ စီးရရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

Photo Source By Myanmar Tech Press

ယခုအချိန်တွင် Wave Money ကိုအသုံးပြုသူ (၁၀) သန်းကျော်ရှိနေပြီး အေးဂျင့်ပေါင်း (၄၅၀၀၀) ကျော်ရှိနေပြီလည်းဖြစ် သည်။ ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ Wave Money ဖြင့်ငွေသား အမေရိကန်ဒေါ်လာ ၁ ဒဿမ ၇ ဘီလီယံကိုငွေလွှဲ ငွေထုတ်ဝန်ဆောင်မှုပေးနိုင်ခဲ့ပြီး အေးဂျင့်ကော်မရှင်အမေရိကန်ဒေါ်လာ ၁၅ မီလီယံကျော်ကိုလည်း အရောင်းကိုယ်စားလှယ် များအားပေးအပ်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အသေးစိတ်ထပ်မံသိရှိလိုပါကလည်း အောက်ပါ Link များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://oway.com.mm
https://www.wavemoney.com.mm