KBZPay အသုံးပြုသူများအနေဖြင့် စမတ်ဖုန်းမိုဘိုင်းပိုက်ဆံအိတ်သာမက ATM ကတ်အဖြစ်ပါ အသုံးပြုနိုင်

KBZPay အသုံးပြုသူများအတွက် မြန်မာနိုင်ငံတစ်ဝန်းရှိ မည်သည့်ကမ္ဘောဇဘဏ် ATM စက် ၁,၅၀၀ တွင်မဆို ငွေသားချက် ချင်းထုတ်ယူနိုင်ရန် ဝန်ဆောင်မှုပေးသွားမည့် KBZPay မိုဘိုင်းပိုက်ဆံအိတ် လုပ်ဆောင်ချက်အသစ်တစ်ခုကို ကမ္ဘောဇဘဏ် မှစတင် မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။

Photo Source – http://www.kbzpay.com

မြန်မာနိုင်ငံတွင် ငွေသားကိုင်ဆောင် အသုံးပြုလိုမှုမြင့်တက်နေဆဲဖြစ်သောကြောင့် KBZPay ၏ အသုံးပြုသူ (၂) သန်းမှာ ကမ္ဘောဇဘဏ်ဘဏ်ခွဲများတွင်ဖြစ်စေ၊ KBZPay ကိုယ်စားလှယ်များထံတွင်ဖြစ်စေ ငွေသားထုတ်ယူနိုင်ကြသော်လည်း ဘဏ်ဖွင့်ချိန်၊ ဆိုင်ဖွင့်ချိန်အတွင်းသာ ထုတ်ယူနိုင်ကြခဲ့ကြရာမှ ယခုအခါ အသုံးပြုသူများအနေဖြင့် KBZPay ATM Cash Out ဝန်ဆောင်မှုဖြင့် အစိုးရရုံးပိတ်ရက်များအပါအဝင် နေ့စဉ်အချိန်မရွေး အသုံးပြုနိုင်သည့် ATM စက်များဖြင့် အဆင်ပြေ လွယ်ကူစွာ ငွေထုတ်ယူနိုင်ကြပြီလည်းဖြစ်သည်။

Photo Source – http://www.kbzpay.com

“ပုံမှန်ဆိုရင် ATM မှာ ငွေထုတ်ဖို့ ဘဏ် အကောင့်တွေနဲ့ ကတ်တွေရှိရမှာပါ။ အားလုံး အသုံးပြုနိုင်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုတွေ ပေးအပ်သွားဖို့နဲ့ ဘဏ်ခွဲပြင်ပအထိ ဘဏ်ဝန်ဆောင်မှုပေးသွားဖို့ အကောင်းဆုံး ဆောင်ရွက်လိုတဲ့ စိတ်ဆန္ဒကြောင့် KBZPay အသုံးပြု သူတွေအတွက် ဘဏ်အကောင့်တွေ၊ ကတ်မဲ့ငွေထုတ်နိုင်တဲ့ နည်းပညာကို ဆန်းသစ်ဖန်တီးခဲ့တာပါ။ တိုးတက်နေတဲ့ ကမ္ဘာကြီးကို အမီလိုက်နိုင်အောင် KBZPay ရဲ့ စွမ်းဆောင်ရည်နဲ့ အသုံးချနိုင်စွမ်းကို စဉ်ဆက်မပြတ် တိုးချဲ့သွားမှာဖြစ်လို့ အခု စတင်ဝန်ဆောင်မှုပေးလိုက်တဲ့ ကတ်မဲ့စနစ်ကနေ ငွေသားမဲ့စနစ်ကို ရောက်ရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။ လာမယ့်အနာဂတ်မှာ ပိုက်ဆံအိတ်အစား ဖုန်းကိုပဲ ဆောင်သွားကြမယ့်သူတွေ အများကြီးရှိလာမှာ ဖြစ်လို့ KBZPay လုပ်ဆောင်ချက်အသစ်တွေ ဝန်ဆောင်ပေးနိုင်အောင် ဆက်ပြီး ဖန်တီးပေးသွားမှာပါ” ဟု ကမ္ဘောဇဘဏ်၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mike DeNoma မှ ပြောကြားသည်။

Photo Source – http://www.kbzpay.com

KBZPay ကို မိုဘိုင်းပိုက်ဆံအိတ်နှင့် ATM ကတ်အဖြစ် နှစ်မျိုးအသုံးပြုနိုင်သောကြောင့် အသုံးပြုသူများအနေဖြင့် ငွေသားအရေးပေါ်လိုအပ်ချိန်တွင် ပိုက်ဆံအိတ်နှင့်ဘဏ်ကတ် မရှိသော်လည်း မိုဘိုင်းဖုန်းနှင့် အလွယ်တကူ ထုတ်ယူနိုင်မည် လည်းဖြစ်သည်။
KBZPay အသုံးပြုသူများသည် မိုဘိုင်းပိုက်ဆံအိတ်တွင် ငွေများထိန်းသိမ်းထားနိုင်ပြီး နေ့စဉ်ဝန်ဆောင်မှုများ အသုံးပြုရာတွင် ငွေပေးချေနိုင်သည့်အပြင် လိုအပ်သည့်အခါ အချိန်မရွေးငွေသားထုတ်ယူနိုင်မည် ဖြစ်ပါသည်။ ATM Cash Out ဝန်ဆောင်မှု သည် ပြည်သူများအတွက် ဒစ်ဂျစ်တယ်ဦးစားပေး လူနေမှုဘဝဆီသို့ မြှင့်တင်ပေးနိုင်ရေး ပံ့ပိုးကူညီလျက်ရှိသည့် KBZPay ၏ ဖုန်းငွေဖြည့်ခြင်း၊ အင်တာနက်ဒေတာများ ဝယ်ယူခြင်း၊ တစ်ဦးနှင့်တစ်ဦး ငွေလွှဲခြင်း၊ ဈေးဆိုင်များတွင် ငွေပေးချေခြင်းနှင့် ဘေလ်ပေးဆောင်ခြင်း စသည့်လုပ်ဆောင်ချက်များအတွင်း ထပ်မံထည့်သွင်းလိုက်သော နောက်ဆုံးပေါ် လုပ်ဆောင်ချက် တစ်ခုလည်းဖြစ်ကြောင်းသိရသည်။

Photo Source – http://www.kbzpay.com

KBZPay ဖြင့် ATM Cash Out လုပ်ဆောင်ချက် အသုံးပြုပုံမှာအောက်ပါအတိုင်းဖြစ်ပါသည်။
ပုံမှန်အားဖြင့် ATM စက်တွင် ငွေထုတ်မည်ဆိုပါက ATM ကတ်၏ သံလိုက်အစင်းနေရာတွင် မှတ်သားထား သည့် ATM PIN တစ်ခုနှင့် အချက်အလက်များကို အသုံးပြုပြီး ကတ်ကိုင်ဆောင်သူဖြစ်ကြောင်း အတည်ပြုမှသာ စက်မှလက်ခံမည်ဖြစ်ပါ သည်။ KBZPay ATM Cash Out တွင် KBZPay အက်ပလီကေးရှင်းမှ ထုတ်ပေးလိုက်သည့် ကိန်းဂဏန်းကုဒ်များကို မိုဘိုင်းဖုန်းသို့ ပေးပို့မည်ဖြစ်သည်။ KBZPay ATM Cash Out အသုံးပြုရန် လွယ်ကူရိုးရှင်းသည့် အဆင့်အနည်းငယ်သာ လိုအပ်ပါသည်။

Photo Source – http://www.kbzpay.com

(၁) KBZPay အက်ပလီကေးရှင်း၏ ပင်မစာမျက်နှာတွင် “ငွေထုတ်” အား ရွေးချယ်ပါ။
(၂) KBZPay အက်ပလီကေးရှင်း၏ “ATM” အား အသုံးပြုပြီး အနီးဆုံးတွင်ရှိသော ATM စက်ထံ သွားပါ။ (အကယ်၍ သင်က ATM စက်တွင် ရှိနေပါက နောက်အဆင့်ကို ချက်ချင်းလုပ်ဆောင်နိုင်ပါသည်။)
(၃) ATM စက်သို့ ရောက်ရှိပါက KBZPay အက်ပလီကေးရှင်းမှ “ကုတ်တောင်းခံခြင်း (Request Code)” အား နှိပ်ပြီး မိမိ၏ KBZPay အကောင့်လျှို့ဝှက်နံပါတ်အား ရိုက်ပါ။
(၄) မိမိ၏ KBZPay အကောင့်လျှို့ဝှက်နံပါတ် ရိုက်ထည့်ပြီးပါက အက်ပလီကေးရှင်းက ATM မှ ငွေထုတ်ရန် ကုဒ်နံပါတ် (၆) လုံး နဲ့ (၄) လုံး စသည့် PIN ကုဒ်နှစ်ခု ထုတ်ပေးပါမည်။
(၅) ATM စက် မျက်နှာပြင်တွင် ‘KBZPay Cash out’ အားရွေးချယ်ပြီး အထက်ကပေးပို့ထားသည့် လျှို့ဝှက်နံပါတ် နှစ်ခုအား ရိုက်ထည့်ပါ။

Photo Source – http://www.kbzpay.com

(၆) ထုတ်ယူလိုသော ငွေပမာဏကိုရိုက်ထည့်ပြီး ငွေထုတ်ရန်အတွက် “လုပ်ဆောင်မည်” ကို နှိပ်ပါက ATM စက်မှငွေသား ထွက်လာပါမည်။ကြိုတင်ထုတ်ပေးထားပြီး သက်တမ်းကုန်ဆုံးသွားသည့် PIN ကုဒ်တစ်ခုဖြင့် ငွေထုတ်ရန်ကြိုးပမ်းနေသည်ကို ATM စက်က စစ်ဆေးသိရှိပါက ငွေထုတ်မည့်လုပ်ဆောင်ချက်မှာ အလိုအလျောက် ပျက်ပြယ်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။
ဝန်ဆောင်မှုစမ်းသပ် ကာလအတွင်း KBZPay Cash Out လုပ်ဆောင်ချက်ကို အခမဲ့အသုံးပြုနိုင်မည်ဖြစ်ပါသည်။ တစ်လအတွင်း ငွေသားပမာဏ အမြောက်အမြားထုတ်ယူရန်ဆန္ဒရှိသူများအတွက် ထပ်လောင်းဝန်ဆောင်ခကို နောက်ပိုင်း တွင် သတ်မှတ်ကောက်ခံသွားမည်ကြောင်းလည်းသိရသည်။
အသေးစိတ် ပိုမိုသိရှိလိုပါကhttp://www.kbzpay.com နှင့် http://www.facebook.com/KBZPay တွင်ဝင်ရောက် လေ့လာနိုင် ပါသည်။