G & G Convenience Store ဆိုင်များတွင် Get Digital ဝန်ဆောင်မှုများမကြာခင်အသုံးပြုနိုင်တော့မည်

မြန်မာနိုင်ငံ၏ နံပါတ်တစ် ဒစ်ဂျစ်တယ်စီးပွားရေးကုမ္ပဏီဖြစ်သော Get All Myanmar Co., Ltd မှ နှင့် မြန်မာနိုင်ငံ၏ အကြီးဆုံး Convenience စတိုးကွန်ယက်ဖြစ်သော g&g Co., Ltd တို့အနေဖြင့်သည် မြန်မာနိုင်ငံအနှံ့အပြားရှိ g&g ၂၄ နာရီ Convenience store ဆိုင်များတွင် Get ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများ အများပြည်သူကိုပေးရန် သဘောတူလက်မှတ် ရေးထိုးခဲ့ကြကြောင်း Get Digital Facebook Page တွင် သတင်းထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် Meliá Yangon Hotel တွင်ကျင်းပပြုလုပ် ခဲ့ပြီးဖြစ်ကြောင်းလည်းသိရသည်။ အဆိုပါလက်မှတ်ရေးထိုးပွဲတွင် Get All Myanmar Co.,Ltd မှ CEO & Co-founder ဦးငြိမ်းချမ်းစိုးဝင်း နှင့် g&g Co., Ltd မှ Managing Director ဦးစိုးတင့်တို့ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်းလည်းသိရ သည်။

Photo Source – https://www.facebook.com/getdigitalstore/

Get ကုမ္ဗဏီသည် Artificial Intelligence၊ Blockchain၊ Cloud service များနှင့် Big Data များ အသုံးပြုနေပြီး အောင်မြင်မှုများ ရရှိနေသည့် mobile-first ဒစ်ဂျစ်တယ် ကုမ္ဗဏီတစ်ခုဖြစ်ပြီး Get ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ်တွင် ဖုန်းဘေလ်ဖြည့်ခြင်း၊ အဝေးပြေး ကားလက်မှတ်ဝယ်ခြင်း၊ ပြည်တွင်းသာမက ပြည်ပ လေယာဉ်လက်မှတ် ဝယ်ခြင်းတို့ကို အချိန်မရွေး သက်တောင့်သက်သာ အလွယ်တကူ ရရှိနိုင်သည့်အပြင် အခြား ပြည်တွင်း အင်တာနက်ပလန်နှင့် ပက်ကေ့ချ်များ၊ ဂိမ်းကဒ်များ၊ gift ကဒ်များ၊ ပွဲလက်မှတ်များကိုပါဝယ်ယူနိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။ ထို့အပြင် များ မကြာမီကာလအတွင်းတွင်လည်း ဝင်ခွင့်လက်မှတ်များ၊ အာမခံပရီမီယံကြေးပေးဆောင်ခြင်းများပါ ရရှိလာနိုင်မည်ဖြစ် ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Photo Source – https://www.facebook.com/getdigitalstore/

“နေရာအတည်တကျနှင့် ဖွင့်လှစ်ထားတဲ့ ဈေးဆိုင်တွေနဲ့ အင်တာနက်ပေါ်ကသွားတဲ့ ဒစ်ဂျစ်တယ် စီးပွားရေးပလက်ဖောင်း တို့ဟာ တစ်ဦးနဲ့တစ်ဦး ကိုင်းကျွန်းမှီကျွန်းကိုင်းမှီတဲ့ ကုန်သွယ်ရေးမိတ်ဖက်တွေ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ အွန်လိုင်းပေါ် မှာချည်းပဲ စီးပွားရေးသက်သက်လုပ်တာ၊ အွန်လိုင်းအသုံးမပြုဘဲ အပြင်မှာချည်းပဲ စီးပွားရေးသက်သက်လုပ်တာရယ် ဆိုတာ ထက် Omni Channel လို့ ခေါ်တဲ့ နည်းလမ်းပေါင်းစုံကို ပေါင်းစပ်တဲ့ ခေတ်ရောက်နေပါပြီ။ Get ဟာ g&g နဲ့ အတူလက် တွဲပြီး ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကို ဈေးကွက်အမြန်ဆုံးတင်နိုင်အောင် ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံမှဒစ်ဂျစ်တယ် စီးပွား ရေးကို စတင်လိုက်တာ ဖြစ်ပါတယ်” ဟု Get ၏ ကုမ္ဗဏီ အမှုဆောင်အရာရှိချုပ်နှင့် ပူးတွဲထူထောင်သူ တစ်ဦးဖြစ်သော ဦးငြိမ်းချမ်းစိုးဝင်းမှ ပြောကြားသည်။

Photo Source – https://www.facebook.com/getdigitalstore/

မြန်မာပြည်အနှံ့ ဆိုင်ပေါင်း ၃၀၀ ကျော် ရှိနေပြီဖြစ်သည့် ၂၄ နာရီ Convenience Store ဆိုင်ခွဲများ အများဆုံးရှိသည့် g&g နှင့် ဒစ်ဂျစ်တယ်ကုန်အမျိုးအစားပေါင်း အမျိုး ၃၀ ကျော် ရရှိနေပြီဖြစ်သည့် Get တို့၏ အတူလက်တွဲ ပူးပေါင်းမှုသည် မြန်မာ ပြည် ဒီဂျစ်တယ်စီးပွားရေး၏ တိုးတက်ပြောင်းလဲမှုကြီး၏အစ၊ ဒီဂျစ်တယ် ဈေးကွက်စီးပွားရေးကို အကောင်အထည်ဖော် ဆောင်ခြင်းရဲ့ အရေးကြီးသောပထမခြေလှမ်းတစ်ခု ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Photo Source – https://www.facebook.com/getdigitalstore/

Get ကဲ့သို့ ဒစ်ဂျစ်တယ် စီးပွားရေးလုပ်ငန်းနှင့် g&g ကဲ့သို့ Convenience စတိုးဆိုင် လုပ်ငန်းများ ယခုကဲ့သို့ ပူးပေါင်း လက်တွဲခြင်းဖြင့် စားသုံးသူ Customer များအတွက် တစ်နေရာတည်းတွင် အစားအသောက်၊ ကုန်မျိုးစုံအပြင် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများကိုပါ လွယ်လင့်တကူ ဝယ်ယူနိုင်စေရေးအတွက် အထောက်အကူကောင်း တစ်ရပ်ဖြစ်မည်လည်းဖြစ်သည်။

Photo Source – https://www.facebook.com/getdigitalstore/

လက်ရှိတွင် Get Digital ဝန်ဆောင်မှုများအနေဖြင့် Get Premium app နှင့် Get Digital Store POS များကိုလွယ်လင်တကူ အသုံးပြုနိုင်နေပြီလည်းဖြစ်သည်။ Get Digital POS စက်ရဲ့လုပ်ဆောင်ချက်များအနေဖြင့် ကိုယ်ပိုင်ဆိုင်ဖွင့်ထားသူများ အတွက် အကျိုးမြတ်များများနဲ့ ချက်ချင်းစတင်ရောင်းချနိုင်မယ့် POS စက်တစ်ခုဖြစ်ပြီး ဖုန်းငွေဖြည့်ကဒ်များ၊ MMBusTicket မှရောင်းချသော အဝေးပြေးကားလက်မှတ်များ၊ ပြည်တွင်းလေယာဉ်လက်မှတ်များ၊ Data Package များ၊ Online Game Wallets နှင့် အခြား On-Demand Products များကိုပါရောင်းချနိုင်ကြောင်း သိရသည်။
Get Premium App ကလည်း အသေးစား စွန့်ဦးတီထွင်လုပ်ငန်းရှင်ဖြစ်ချင်သူများ၊ အိမ်ရှင်မများ၊ ကျောင်းသူ/ကျောင်းသား များ၊ ရုံးဝန်ထမ်းများအတွက် အလုပ်မပျက်ပဲ Online ပေါ်ကနေ အကျိုးမြတ်များများနဲ့ချက်ချင်းစတင် ရောင်းချနိုင်မယ့် Application တစ်ခုဖြစ်ပြီး ဖုန်းငွေဖြည့်ကဒ်၊ MMBusTicket မှရောင်းချသော အဝေးပြေးကားလက်မှတ်များ၊ Online Game Wallets နှင့် အခြား On-Demand Products များကိုပါရောင်းချနိုင်သော Application တစ်ခုလည်းဖြစ်သည်။
Get ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများသည် နည်းပညာအကူအညီဖြင့် အနာဂတ်ခေတ်၏ စီးပွားရေးလုပ်ငန်းများတွင် ပါဝင်လုပ် ကိုင်နိုင်ရန် အားဖြည့်ကူညီပေးသည့် ဒစ်ဂျစ်တယ်စီးပွားရေး ပလက်ဖောင်းတစ်ခုဖြစ်ကြောင်းလည်းသိရသည်။

အသေးစိတ်သိရှိလိုပါက အောက်ပါ Link မှဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
