၀င်ငွေနည်းပါးသည့် ငွေချေးပြည်သူများအတွက် Ongo Mobile Money ငွေပြန်လည်ပေးသွင်းနိုင်ရန် SVS နှင့် Ongo ပူးပေါင်းဆောင်ရွက်

ဒစ်ဂျစ်တယ် ငွေပေးချေမှု ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူ Ongo သည် ကျေးလက်နေပြည်သူများ လွယ်ကူထိရောက်စွာ ချေးငွေပြန်လည်ပေးသွင်းနိုင်ရန်အတွက် အသေးစားချေးငွေအဖွဲ့အစည်းဖြစ်သော SVS နှင့် ပူးပေါင်းကာ Ongo Mobile Money ဖြင့်ငွေပေးချေမှုဝန်ဆောင်မှုများကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၅ ရက်မှစတင်ကာ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသတွင် နာဂစ်မုန်တိုင်းကြောင့်ဖြစ်ပေါ်သည့် အပျက်အစီးများကို ကူညီဆောင်ရွက်ပေးရန် အ တွက် ၂၀၀၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် Social Vision Services (SVS) သည် ၎င်း၏ ကနဦး အရေးပေါ်ကူညီပေးရေး ကြိုးပမ်းဆောင်ရွက်မှုများကို နိုင်ငံတစ်ဝှမ်းတွင် ရေရှည်လုပ်ကိုင်ဆောင်ရွက်နိုင်မည့်ပုံစံသို့ တိုးမြှင့် ပြောင်းလဲလုပ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။ SVS အနေဖြင့် အသေးစားချေးငွေ လုပ်ငန်းလိုင်စင်ကို ၂၀၁၃ ခုနှစ်တွင်ရရှိခဲ့ပြီး လက်ရှိတွင် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ နယ်၌ အမျိုးသမီးဦးရေ (၈၀၀၀) ကျော်အတွက် အသေးစား ချေးငွေ ဝန်ဆောင်မှုများကို ပေးအပ်ဆောင်ရွက်လျက်ရှိသည်။ SVS သည် ကျေးလက်ဒေသရှိ စီးပွားရေးမပြေလည်သည့် အမျိုးသမီးများအနေဖြင့် မိသားစုကိုထောက်ပံ့နိုင်ရေးအတွက် စိုက်ပျိုးရေးမဟုတ်သည့် အခြားအလုပ်များတွင် ရင်းနှီးမြှုပ်နှံ ရန် စိုက်ပျိုးရေးချေးငွေများအပြင် အသေးစားချေးငွေများကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိသည်။

Photo Source – https://www.ongo.com.mm

ကျေးလက်နေတောင်သူလယ်သမားများနှင့် မြေပိုင်မရှိသည့်အမျိုးသမီးများကို ဈေးကွက်အတွင်းသို့ ပိုမိုဝင်ရောက်လာစေ နိုင်ပြီး အသက်မွေးဝမ်းကြောင်းလုပ်ငန်းများနှင့် စားဝတ်နေရေးအာမခံချက်ကို မြှင့်တင်ပေးရန် ရည်ရွယ်သည့် အဆိုပါအသေးစားချေးငွေလုပ်ငန်း အစီအစဉ်ကို ယခုအခါတွင် Ongo Mobile Money ဝန်ဆောင်မှုများဖြင့် ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်ပြီလည်းဖြစ်သည်။
“ချေးငွေရယူကြတဲ့ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးပြီး လက်ရှိအနေအထားထက် တိုးတက်လာစေဖို့ ရည် ရွယ်တဲ့ Social Vision Services ရဲ့ လုပ်ငန်းတွေဟာ အရမ်းကိုကောင်းမွန်ပါတယ်။ အလုပ်ကြိုးစားပြီး အချိန်မအားလပ်တဲ့ ငွေချေးသူတွေအနေနဲ့ သူတို့ရဲ့ချေးငွေတွေကို လွယ်လွယ်ကူကူ ထိထိရောက်ရောက် ပြန်ပေးနိုင်ဖို့အတွက် SVS နဲ့ အတူတကွ ပူးပေါင်းလုပ်ဆောင်ခွင့်ရလို့ အရမ်းကိုအားရကျေနပ်မိပါတယ်” ဟု Ongo ၏ CEO ဖြစ်သူ Allen Gilstrap ကပြောကြားသည်။

Photo Source – https://www.facebook.com/svs.lngo/

“လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ SVS က သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ကြိုးပမ်းဆောင် ရွက်ခဲ့ပါတယ်။ အရေးပေါ် သောက်သုံးရေ၊ ကျန်းမာရေးနဲ့တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ၊ အရေး ပေါ်အသက်မွေးဝမ်းကြောင်းအကူအညီတွေနဲ့ စိတ်ပိုင်းဆိုင်ရာလူမှုရေး ကူညီထောက်ပံ့မှုများကို သဘာဝဘေးအန္တရာယ် သင့်ခဲ့တဲ့ ဒေသခံတွေအတွက် ဆောင်ရွက်ပေးခဲ့ပါတယ်။ ကျွန်မတို့ရဲ့ အသေးစားချေးငွေဝန်ဆောင်မှုလုပ်ငန်းဟာဆိုရင် မကြာသေးမီနှစ်များအတွင်းမှာ ဆင်းရဲနွမ်းပါး မှုလျှော့ချနိုင်ရေး၊ ကျေးလက်နေ ပြည်သူတွေအနေနဲ့ ကိုယ်ပိုင်လုပ်ငန်းတွေ တိုးတက် လုပ်ကိုင်လာနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ Ongo နဲ့အတူ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဟာ ကျေးလက်နေ မြန်မာပြည်သူတွေရဲ့ ကောင်းကျိုးအတွက် ကျွန်မတို့ရဲ့ ဝန်ဆောင်မှုတွေကို ထောက်ပံ့မြှင့်တင်နိုင်ဖို့ အခြား သူတွေရဲ့စွမ်းဆောင်ရည်၊အသိပညာတွေနဲ့အတူ ပေါင်းစပ်ဆောင်ရွက်မှုကို ပြတဲ့ ဥပမာကောင်းတစ်ခု ဖြစ်ပါတယ်” ဟု SVS ၏ ဦးဆောင်ညွှန်ကြားရေးမှုဖြစ်သူ ဒေါ်ခင်သက်မော် မှပြောကြားသည်။

Photo Source – https://www.facebook.com/ongoemoney/

SVS ၏ ဝန်ဆောင်မှုရယူသူများသည် Ongo ကိုယ်စားလှယ်များမှသော်လည်းကောင်း၊ Ongo smartphone App ဖြင့် လည်းကောင်း ချေးငွေများကို လွယ်ကူစွာ ပြန်ပေးနိုင်မည်ဖြစ်သည်။ Ongo mobile wallet အား မြန်မာအရှေ့တိုင်းဘဏ် လီမိတက်၏ ပူူးပေါင်းဆောင်ရွက်မှု အကူအညီဖြင့် ၂၀၁၇ ခုနှစ်၌ တရားဝင် စတင် မိတ်ဆက်ခဲ့ပြီး Ongo mobile wallet အကောင့်များကို မြန်မာအရှေ့တိုင်းဘဏ် (MOB) မှတစ်ဆင့် မြန်မာနိုင်ငံ ဗဟိုဘဏ်မှ Mobile Banking လိုင်စင် (MBL) ဖြင့် ထိန်းချုပ်ဆောင်ရွက်ထားကြောင်းလည်းသိရသည်။
Social Vision Services (SVS) ကို ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီးတွင် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ပထမဆုံး ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသရှိ မုန်တိုင်းသင့်ပြည်သူများအတွက် အရေးပေါ်လူသားချင်းစာနာမှု လုပ်ငန်း များလုပ်ကိုင်ဆောင်ရွက်ပေးရန် ဖြစ်သည်။
Ongo နှင့် SVS ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်ပူးပေါင်းဆောင်ရွက်မှု သို့မဟုတ် Ongo ၏ အခြား ဆန်းသစ်သော ဒစ်ဂျစ်တယ်ငွေပေးချေမှု ဝန်ဆောင်မှုများကို ပိုမိုသိရှိလိုပါလျှင် ကုမ္ပဏီ၏ တရားဝင် ဝက်ဘ်ဆိုဒ် ဖြစ်သော https://www.ongo.com.mm သို့မဟုတ် Facebook အကောင့်ဖြစ်သည့် https://facebook.com/ongoemoney တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး အီးမေးလ် info@ongo.asia နှင့် ဖုန်းနံပါတ်- ၀၉-၄၅၀၈၈၈၉၉၆၊ ၀၉-၄၄၄၄၅၀၈၁၆ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။