နိုင်ငံတကာသီချင်းအမျိုးအစားများစွာကို နားဆင်နိုင်မယ့် Music Streaming Application များ

သီချင်းနားထောင်ရတာကို နှစ်သက်သဘောကျတဲ့သူတွေအနေနဲ့ Music Streaming App လေးတွေက ကိုယ့်ရဲ့ဖုန်းထဲမှာ မရှိမဖြစ် ဆောင်ထားသင့်တဲ့ Application လေးတွေဖြစ်ပါတယ်။ ကိုယ်သဘောကျတဲ့ သီချင်းတွေကို Download ဆွဲပြီး ဖုန်းထဲမှာ သိမ်းထားလို့ ရပေမယ့် ထွက်သမျှသီချင်းတွေကို အလုပ်လုပ်နေရင်းနားထောင်ဖို့အတွက်၊ Download ဆွဲဖို့အချိန် သီးသန့်မပေးနိုင်တဲ့ သူတွေ အတွက်ကတော့ ဒီလို Application လေးတွေက သင့်တော်ပါတယ်။ အလုပ်လုပ်ရင်းပဲ နားထောင်ရင်နားထောင်၊ ကားစီးရင်းပဲနားထောင်နားထောင် အေးအေးဆေးဆေးနဲ့ အဆင်ပြေပြေနားထောင်လို့ရမယ့် Music Streaming Application လေး တွေကို ဖော်ပြပေးလိုက်ပါတယ်။ 

Photo source https://www.spotify.com/us/

Spotify

Spotify ဆိုတာကတော့ လူတိုင်းသိထားပြီးသားတော့ဖြစ်မှာပါ။ သီချင်းပေါင်း ၃၀ မီလီယံလောက်ကို Playlist တွေနဲ့ပြုလုပ်ထားပြီး high quality သီချင်းတွေ နားထောင်လို့ရတဲ့အတွက် အဆင်ပြေစေတဲ့အပြင် သီချင်းသစ်တွေကိုလည်း ရှာလို့ပိုပြီးလွယ်ကူပါတယ်။ ကိုယ်သဘောကျတဲ့ အဆိုတော်တွေကို Follow လုပ်ထားနိုင်သလို ပြန်ရှာရလဲလွယ်ကူတဲ့အတွက်ကြောင့် အချိန်ကုန်လဲ သက်သာစေပါတယ်။ Spotify ကိုတော့ Android နဲ့ iOS Version နှစ်မျိုး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Spotify Free ဆိုပြီးတော့ monthly plan ကိုသုံးလို့ရသလို Spotify Premium Individual ကို ad တွေမပါဝင်ဘဲ သီချင်းအေးအေးဆေးဆေး နားထောင်ဖို့ အတွက် တစ်လ $9.90 နဲ့ 1 Premium Account ဝယ်ယူပြီးအသုံးပြုနိုင်ပါတယ်။ Duo Plan အနေနဲ့ တစ်လ $12.98 ကျသင့်မှာ ဖြစ်ပြီးတော့ 2 premium account, Duo Mix လုပ်ထားပေးတဲ့ Playlist တစ်ခုအပြင် Ad-free, offline နားထောင်ခွင့် တွေကိုပါရရှိမှဦ ဖြစ်ပါတယ်။ မိသားစုသုံး 6 premium account ကို အရွယ်မရောက်သူတွေ နားမထောင်သင့်တဲ့ သီချင်းတွေ Block လုပ်လို့ရတဲ့ feature နဲ့အတူ Family Package ကိုလည်း တစ်လ $16.98 နဲ့ ဝယ်ယူအသုံးပြုနိုင်ပါတယ်။ ကျောင်းသူ ကျောင်းသားတွေအတွက်လည်း special discount တွေ ပါဝင်တဲ့ Student plan နဲ့ အကောင့်တစ်ခုကို $4.99  နဲ့ ဝယ်ယူနိုင်ပါတယ်။ ကိုယ်ဝယ်ယူထားတဲ့ Plan တွေကိုလည်း ကြိုက်တဲ့အချိန်မှာ Cancel ပြုလုပ်နိုင်ပါသေးတယ်။ 

Photo source https://www.apple.com/apple-music/

Apple Music

iOS တွေအတွက် Apple Music မှာတော့ သီချင်းပေါင်း ၇၅ မီလီယံကျော်ကို နားဆင်နိုင်မှာ ဖြစ်ပါတယ်။ သီချင်းနားထောင်ဖို့ အရည်အသွေးကောင်းတွေ အတွေ့အကြုံကောင်းတွေအတွက် Dolby Atmos ကိုလည်း ထောက်ပံ့ထားပါသေးတယ်။ ကိုယ်သဘောကျတဲ့သီချင်းတွေကို Download ဆွဲပြီးတော့ Offline လည်း နားဆင်လို့ရပါသေးတယ်။ အနုပညာရှင်တွေရဲ့ ထိပ်တန်း Hit ဖြစ်တဲ့သီချင်းတွေ၊ Classic တွေနဲ့ Country သီချင်းတွေနားဆင်ဖို့ Live Radio Station သုံးခုကိုလည်း ဖန်တီးထားပါသေးတယ်။ ဖုန်းနဲ့အဝေးမှာရှိနေတဲ့အချိန်မှာလည်း Apple Watch ကနေတစ်ဆင့် သီချင်းတွေကို download ဆွဲနိုင်သလို နားဆင်နိုင်ပါသေးတယ်။ Package တွေအနေနဲ့ Student $4.99/month, Individual $9.99/month နဲ့ Family $14.99/month ဆိုပြီးတော့ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ 

Photo source https://tidal.com/

Tidal

Tidal မှာတော့ သီချင်းပေါင်း ၇၀+ မီလီယံကို Ad-free နဲ့နားဆင်နိုင်ပါတယ်။ Device မျိုးစုံကနေ ကိုယ်နှစ်သက်တဲ့သီချင်းတွေကို အချိန်မရွေး၊ နေရာမရွေးနားဆင်နိုင်ဦးမှာပါ။ မူရင်းအတိုင်း အရည်အသွေးမကျစေနဲ့ Lossless Audio စနစ်လည်းပါဝင်ပြီးတော့ အရည်အသွေးမြင့် AAC Quality Standard, Lossless Quality HiFi နဲ့ High-Res Quality Master ဆိုပြီးတော့ ထောက်ပံ့ပေးထားပါတယ်။ Premium နဲ့ HiFi  ဆိုပြီး နှစ်မျိုး ဝယ်ယူနားဆင်နိုင်ပါတယ်။ $14.85/month Premium Version ကိုတော့ Stand Sound Quality 320 KBPS ရရှိမယ့်အပြင် သီချင်းပေါင်း ၇၀+ မီလီယံ Ad-free နဲ့ 30-day free trial အသုံးပြုပြီး ကိုယ်အဆင်ပြေတဲ့အချိန် Cancel ပြုလုပ်နိုင်ပါတယ်။ HiFi ကိုတော့ $19.80/month နဲ့ HiFi sound quality 1411 KBPS ထောက်ပံ့ပေးထားတဲ့အပြင် TIDAL Master  အရည်အသွေးမြင့် 9216 KBPS ကိုလည်း အရည်အသွေးကောင်းကောင်းနဲ့ နားဆင်နိုင်မှာပါ။