Laptop နဲ့ Tablet ဘယ် Device ကိုဝယ်သင့်လဲ

အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ် အင်တာနက်ကနေ သင်တန်းတက်တာ၊ စာသင်တာ၊ စာလေ့လာတာပဲဖြစ်ဖြစ် ကွန်ပြူတာတွေ Laptop တွေကအကောင်းဆုံးဆိုပေမယ့် Tablet တွေရဲ့အခန်းကဏ္ဍကလည်း နောက်ကျ မကျန်ခဲ့ပါဘူး။ Laptop ဝယ်ရမလား Tablet ဝယ်ရမလားဆိုပြီး ရွေးချယ်ရခက်လောက်အောင်ကို လုပ်ဆောင်ချက်တွေ စုံလင်လာပါပြီ။ ဈေးနှုန်းအနေနဲ့ပဲကြည့်ကြည့် လုပ်ဆောင်ချက်တွေကိုပဲကြည့်ကြည့် ရွေးချယ်စရာအမျိုးအစားတွေကလည်း တော်တော်များလာပါပြီ။ သင်တန်းအတွက်လိုအပ်တာပဲဖြစ်ဖြစ် Minimalism တစ်ယောက်မလို့ ဘာဝယ်ရမှန်းမသိတဲ့သူပဲဖြစ်ဖြစ် စဉ်းစားစရာအချက်လေးတွေကို မျှဝေ ပေးလိုက်ပါတယ်။

Tablet အမျိုးအစား

Tablet တွေအားလုံးကတူတူပဲဆိုပေမယ့် အသုံးပြုတဲ့ Operation System ပေါ်မူတည်ပြီး ကွဲပြားကြပါသေးတယ်။ မဝယ်ယူခင် Laptop ဒါမှမဟုတ် Tablet တွေရဲ့ လုပ်ဆောင်ချက်တွေကို သေသေချာချာလေ့လာသင့်ပါတယ်။ Mobile Operation System အသုံးပြုတဲ့ Tablet တွေဟာ စမတ်ဖုန်းတစ်လုံးလို အသုံးပြုနိုင်ပေမယ့် Window Operation System အသုံးပြုထားတဲ့ Tablet တွေကတော့ ကွန်ပြူတာတစ်လုံးလိုပဲ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Performance

လုပ်ဆောင်ချက်တွေမြန်ဆန်ဖို့ဆိုတာ ပုံမှန်အသုံးပြုသူတွေအတွက် မသိသာပေမယ့် high-end game, high-performance video နဲ့ photo editing software တွေအသုံးပြုရင်တော့ သိသာလာမှာပါ။ လုပ်ဆောင်ချက်ကောင်းမွန်ပြီး မြန်ဆန်တဲ့ Device တွေကို လိုချင်တယ်ဆိုရင်တော့ Tablet ထက် Laptop တွေကပိုပြီး အဆင်ပြေမှာပါ။ ဒီနေရာမှာ High-end Laptop တွေကတော့ အကောင်းဆုံးရွေးချယ်မှုတစ်ခုလို့ ပြောလို့ရမှာဖြစ်ပါတယ်။ ငွေကြေးကိုလည်းထည့်မထွက်တော့ဘူးဆိုရင်တော့ ကိုယ်တိုင်စိတ်ကြိုက် high-end desktop တစ်လုံးဆင်လိုက်တာကတော့ အကောင်းဆုံးဖြစ်မှာ သေချာပါတယ်။ Tablet တွေမှာကတော့ high-performance system တွေ၊ Cooling System တွေက Laptop တွေကို မမှီသေးပါဘူး။ ဒါကြောင့် high-performance ကိုမှလိုချင်တယ်ဆိုရင်တော့ Tablet တွေကို နေ့စဉ်အသုံးပြုဖို့အတွက် မရွေးချယ်သင့်သေးပါဘူး။ 

Storage

Storage ပိုင်းနဲ့ပက်သက်လာရင်တော့ Laptop တွေက Storage ပိုများပါတယ်။ ပေါ့ပေါ့ပါးပါးပြအသုံးပြုမယ် ဖိုင်တွေကိုလည်း Cloud ပေါ်မှာပဲသိမ်းမယ်ဆိုရင်တော့ Tablet တွေကလည်း ရွေးချယ်စရာတစ်ခုတော့ ဖြစ်လာပါတယ်။

ဘာအတွက် အသုံးပြုမှာလဲ?

Tablet ပဲဖြစ်ဖြစ် Laptop ပဲဖြစ်ဖြစ် ကိုယ်အသုံးပြုမယ့် ပုံစံပေါ်မူတည်ပြီးလည်း ဆုံးဖြတ်ပြီး ရွေးချယ်တာ အကောင်းဆုံးဖြစ်ပါတယ်။ တစ်ကယ်တမ်းအလုပ်လုပ်ဖို့၊ ဂိမ်းကစားဖို့၊ ဗီဒီယိုတွေကြည့်ဖို့အတွက် Laptop တွေကအကောင်းဆုံးဆိုပေမယ့် Document တွေပြုလုပ်တာ၊ စာရေးတာ၊ Zoom အသုံးပြုတာ၊ စာဖတ်တာလို ပေါ့ပေါ့ပါးပါးအသုံးပြုဖို့အတွက်ကတော့ tablet တွေကပိုကောင်းပါတယ်။ နောက်ပိုင်းထွက်ရှိလာတဲ့ Model မြင့် Tablet တွေမှာ Keyboard တွေအပြင်၊ Touch pen လုပ်ဆောင်ချက်တွေလည်းပိုမိုကောင်းမွန်လာပါပြီ။ ဒါကြောင့် အရွယ်အစားသေးတာ၊ သယ်ရလွယ်တာမျိုးလိုချင်တယ်ဆိုရင်တော့ Tablet တွေကလည်း ရွေးချယ် သင့်တဲ့အထဲပါ ပါတယ်။

ဒါကြောင့် မေးလ်တွေစစ်တာ၊ စာရွက်စာတမ်းပြင်ဆင်တာ၊ စာရေးတာ၊ အင်တာနက်အသုံးပြုတာ၊ တွေအပြင် ဇာတ်ကားကြည့်တာ စာဖတ်တာမျိုးတွေအတွက်ကတော့ Tablet တွေက သယ်ရလွယ်၊ အသုံးပြုရလွယ်မှာ ဖြစ်ပါတယ်။ High-performance လုပ်ဆောင်ချက်တွေကို လိုချင်တယ် အလုပ်လုပ်ဖို့အတွက် လိုအပ်ချက်တွေပြည့်စုံချင်တယ်ဆိုရင်တော့ Laptop တွေကအကောင်းဆုံးဖြစ်မှာပါ။