ကိုယ်နဲ့သင့်တော်တဲ့ Laptop ကောင်းတစ်ခု ဘယ်လိုရွေးချယ်ကြမလဲ (၁)

ဖုန်းပဲဝယ်ဝယ်၊ Laptop တစ်လုံးပဲဝယ်ဝယ် ကိုယ်တတ်နိုင်တဲ့ဈေးပမာဏ၊ ကိုယ်အသုံးပြုမယ့်ပုံစံနဲ့ လိုက်ဖက်မယ့် Device တစ်လုံးရရှိဖို့ဆိုတာ အတော်လေးခက်ခဲပါတယ်။ Brand အမျိုးအစားတွေအများကြီးထဲကမှ ဈေး အမျိုးအစား အမျိုးမျိုး၊ Function အမျိုးမျိုးနဲ့ လိုချင်စရာတွေကြီးပါပဲ။ ဒီလို ရွေးချယ်စရာများတဲ့ Laptop တွေ ထဲကမှ ကိုယ်နဲ့သင့်တော်မယ့် Laptop တစ်လုံးကို ရှာဖွေနိုင်မယ့်အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

(၁) Operating System

Laptop ဝယ်ယူဖို့အတွက် Operating System (OS) ကိုအရင်ရွေးချယ်သင့်ပါတယ်။ Microsoft Application တွေကိုအများဆုံးအသုံးပြုပြီး ရွေးချယ်စရာများတဲ့ Windows OS လား၊ beginner-friendly ဖြစ်ပြီးတော့ သီးသန့် software တွေနဲ့ပဲအသုံးပြုနိုင်တဲ့ MacOS လား ဒါမှမဟုတ် ကိုယ့် Laptop ကို web browser တွေ အတွက်အဓိကအသုံးပြုချင်ရင် အများကြီးအသုံးဝင်တဲ့ Chrome OS လား၊ ဒါမှမဟုတ် Open Source ဖြစ်တဲ့ Linux OS ကိုရွေးချယ်မလား။ ဒီလိုရွေးချယ်စရာ Windows, MacOS, Chrome OS နဲ့ Linux ဆိုပြီး လေးမျိုးရှိပါတယ်။ Chrome OS နဲ့ Linux မှာတော့ Microsoft Office နဲ့ Adobe ရဲ့ Creative Suite တွေကို အသုံးပြုလို့ရမှာတော့ မဟုတ်ပါဘူး။

(၂) Central Processing Unit (CPU)

OS ကိုရွေးချယ်ပြီးတာနဲ့ ထပ်ပြီး စဉ်းစားရတော့မှာက processor ဒါမှမဟုတ် CPU ပါ။ ကိုယ်ဘယ်လို Software မျိုး တွေကို အသုံးပြုမှာလဲဆိုတဲ့ မေးခွန်းပေါ်မူတည်ပြီး ရွေးချယ်ရမှာ ဖြစ်ပါတယ်။ Processor အတွက် Intel နဲ့ AMD နှစ်မျိုးရှိပါတယ်။ ဒီနှစ်မျိုးကိုမှ ရွေးချယ်စရာအခွဲတွေအများကြီး ထပ်ထွက်လာမှာပါ။

Intel Processors

အစဉ်လိုက်အနေနဲ့ Core i3, Core i5, Core i7, Core i9 ရှိတဲ့အထဲမှာ ထိပ်ဆုံးဖြစ်တဲ့ Core i3 က လုပ်ဆောင်နိုင်စွမ်းအနည်းဆုံးဖြစ်ပြီး Core i9 ကတော့လုပ်ဆောင်ချက် အကောင်းဆုံး ဖြစ်ပါတယ်။ Intel ကသူ့ရဲ့ Processor တွေအတွက် နံပါတ်တွေကို အသုံးပြုပါတယ်။ ဥပမာ Intel Core i5-12510U ဆိုရင် Intel Core i5 ရှိပြီး “12” ကတော့ Generation ပါ။ နောက်ဆုံးဂဏန်းနှစ်လုံး ဒါမှမဟုတ် သုံးလုံးဖြစ်တဲ့ “510” ကတော့ Performance ကိုဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာမှာ ဖော်ပြထားတဲ့ “U” ဟာလည်း Y, U, H  ဆိုပြီး ဖြစ်နိုင်ပါတယ်။ Chip လေးတွေရဲ့ အဓိကရည်ရွယ်ချက်ကိုဆိုလိုချင်တာ ဖြစ်ပါတယ်။ Y ဟာ ဘတ္ထရီသက်တမ်းကို ထိန်းညှိပေးပြီး၊ H ကတော့ လုပ်ဆောင်ချက်ကိုထိန်းညှိပေးမှာပါ။ U ကတော့ ဘတ္ထရီအားပမာဏကို ထိန်းညှိပေးမှာပါ။ ဒီလိုဆိုရင် Intel Core i5-12510U က Intel Core i7-12350U ထက်လုပ်ဆောင်နိုင်စွမ်းနည်းမယ်လို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။

AMD

AMD ရဲ့ နာမည်ပေးတဲ့ပုံစံကတော့ Intel နဲ့ကွဲပြားပါတယ်။ ဥပမာ AMD Ryzen 5 7600X မှာဆိုရင် “7” ကတော့ Generation ပါ၊ နောက်ကဂဏန်းတွေက ထူးခြားမှုသိပ်မရှိပေမယ့် X ကတော့ High Performance ဖြစ်တယ် ဆိုတာကို ဖော်ပြတာပါ။ U ဆိုရင်တော့ “Ultra-low power” လို့ဆိုလိုပါတယ်။

ယျေဘူယျအားဖြင့်တော့ Intel i5 က Ryzen 5 လိုဆိုပေမယ့် တစ်ချို့လုပ်ဆောင်နိုင်စွမ်းတွေမှာတော့ ကွဲပြားချက် တွေရှိပါတယ်။ Graphic Performance ပိုင်းတွေမှာဆိုရင် AMD က Intel ထက်ပိုကောင်းနေတာကို တွေ့ရမှာပါ။ ကိုယ်ကပုံမှန်အသုံးပြုပြီး တစ်ခါတစ်ရံ Editing Software တွေအသုံးပြုတာလောက်ဆိုရင်တော့ Intel i5, AMD Ryzen 5 လောက်က အတော်လေးအဆင်ပြေပါတယ်။ Model မြင့်နိုင်လေတော့ပိုကောင်းလေပါပဲ။ ပုံမှန်ထက် Software တွေ၊ Editing တွေအသုံးပြုရင်တော့ intel i7, AMD Ryzen 7 ကိုအသုံးပြုသင့်ပါတယ်။

(၃) Graphic Card

Laptop တွေအားလုံးမှာ Graphic Processing Unit (GPU) တွေပါဝင်ကြပါတယ်။ GPU တွေအတွက်ပါဝင်တဲ့ Graphic Card တွေကလည်း အများကြီးရှိပါတယ်။ အတော်များများကတော့ Motherboard မှာ တစ်ခါတည်း ပါဝင် ပြီးသားပါ။ Integrated graphic တွေက တော်တော်များများအတွက် အဆင်ပြေတယ်ဆိုပေမယ့် ဂိမ်းဆော့ ချင်တဲ့သူတွေ Graphic Power ကိုအများကြီး အသုံးပြုချင်တဲ့သူတွေအတွက်ကတော့ ဒီထက်အများကြီး လုပ်ဆောင် နိုင်စွမ်းရှိတဲ့ Graphic Card တွေလိုအပ်ပါတယ်။

(၄) RAM

နောက်ထပ်ချန်ထားခဲ့လို့မရတဲ့အရာတစ်ခုကတော့ Random-access memory ဆိုတဲ့ RAM ပါ။ စားပွဲတစ်လုံးမှာ ကျယ်ရင်ကျယ်သလောက် ပစ္စည်းထားစရာ အလုပ်လုပ်စရာနေရာအများကြီးရသလိုပဲ Laptop တစ်လုံး အတွက် လည်း RAM ကဒီလိုပဲ အလုပ်လုပ်ပေးတာပါ။ 16GB ဆိုတာ Laptop အတွက် အများကြီး လုံလောက်တဲ့ ပမာဏ တစ်ခုပါ ဂိမ်းဆော့ချင်တဲ့သူတွေအတွက်လည်း အနည်းဆုံးရှိသင့်တဲ့ ပမာဏတစ်ခုလို့ ဆိုနိုင်ပါတယ်။ Programming ဖြစ်ဖြစ် Editing Software တွေအတွက်ပဲဖြစ်ဖြစ် အလုပ်နှစ်မျိုးလုပ်ရင် RAM ပမာဏအတော်လေးလိုအပ်ပါတယ်။ ဒီအတွက် အနည်းဆုံး 16GB လိုအပ်ပြီး 32GB အထိတတ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ Chrome OS တွေက 4GB နဲ့အသုံးပြုနိုင်ပြီး 8GB ဆိုရင်တော့ လုပ်ဆောင် နိုင်စွမ်းပိုကောင်းမွန်ပါတယ်။

RAM အတွက် DDR4 (Double Data Rate) ကတော့ မြန်နှုန်းကိုဆိုလိုတာဖြစ်ပါတယ်။ DDR4 က DDR3 RAM ထက်မြန်ဆန်ပါတယ်။

 

Laptop ဝယ်ယူဖို့စိတ်ကူးနေကြသူတွေ ဘယ်လိုရွေးချယ်ရမှန်းမသိတော့တဲ့သူတွေအတွက် ရွေးချယ်စရာအချက် အပိုင်း (၁) ကိုဖော်ပြပေးလိုက်ပါတယ်။ အပိုင်း (၂) ကိုတော့ နောက်တစ်ပတ်မှာ ဖော်ပြပေးသွားပါမယ်။