တရုပ်နိုင်ငံက TAOBAO ရဲ့ ပစ္စည်းတွေကို SHOPMYAR ကနေ မြန်မာနိုင်ငံမှာလည်းဝယ်လို့ရပြီ

Image Source: https://shopmyar.com/

တရုပ်နိုင်ငံရဲ့ ကြီးမားတဲ့ online shopping mall Taobao ကိုသိပါသလား?
Taobao ဆိုတာ Alibaba ကစီမံခန့်ခွဲတဲ့ online shopping mall ဖြစ်ပါတယ်။ Amazon ထက်သာလွန်ပြီး ဖြန့်ဖြူးမှုအားက ကမ္ဘာပေါ်မှာအကြီးဆုံးသော online shoping mall လို့ ဆိုနိုင်ပါဆိုနိုင်ပါလိမ့်မယ်။
အဲ့ဒီ Taobao ရဲ့  ကုန်ပစ္စည်းတွေကို SHOPMYAR ကတစ်ဆင့် မြန်မာနိုင်ငံမှာလည်း ဝယ်လို့ရနေပါပြီ။ ဆောင်ရွက်ရမယ့် အဆင့်ဆင့်ကတော့ လွယ်ကူပါတယ်။ Taobao မှာလိုချင်တဲ့ ကုန်ပစ္စည်းတွေ့ပြိဆိုတာနဲ့ SHOPMYAR ကို access လုပ်လိုက်ပါ။ ပြီးတော့  အဲဒီကုန်ပစ္စည်း page ရဲ့ URL ကို ဖြည့်ရပါမယ်။ ကျန်တာကတော့ SHOPMYAR မှာကုန်ပစ္စည်းဝယ်ယူတဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လုပ်လိုက်ရုံပါပဲ။
SHOPMYAR မှာ ငွေပေးချေမှုစနစ်ကတော့ creditcard နဲ့ဖြစ်ဖြစ် ဘဏ်ကနေတစ်ဆင့် ငွေလွှဲပေးတာပဲဖြစ်ဖြစ် တစ်ခုခုနဲ့တော့ ပစ္စည်းတန်ဖိုးကို ပေးချေရပါလိမ့်မယ်။ မှာ၀ယ်ထားတဲ့ ပစ္စည်းကို အိမ်တိုင်တိုင်ရောက် ပို့ဆောင်ပေးတဲ့အခါမှာလည်း နေရာ၊ ပစ္စည်းရဲ့အလေးချိန်နဲ့အရွယ်အစားပေါ် မူတည်ပြီး ပို့ဆောင်ခကို သတ်မှတ်ပါလိမ့်မယ်။
SHOPMYAR ရဲ့ service ခကို site အပေါ်မှာ ရှာလို့မတွေခဲ့ပေမဲ့ 2017 မတ်လတုန်းက ကုန်စည်ပြပွဲတစ်ခုကနေရခဲ့တဲ့ လက်ကမ်းကြော်ငြာစာရွက်လေးကို ကြည့်မယ်ဆိုရင် ကျပ်၂သိန်းထိဝယ်ယူပါက 10% ၊ ကျပ်၂သိန်းကျပ်ကနေ ၅သိန်းကျပ်ထိက 7% ၊ ၅သိန်း၁ကျပ်ကနေသိန်း၂၀ထိက 5% ၊ သိန်း၂၀ ၁ကျပ်နဲ့အထက်ဝယ်ယူလျှင် 4% ဆိုပြီးပေးဆောင်ရမယ်လို့ သိရပါတယ်။
ငွေပေးချေမှုကို (၂)ခါခွဲထားပြီး အရင်ဆုံးပေးရမှာကတော့ ကုန်ပစ္စည်းတန်ဖိုး၊ တရုတ်ပြည်တွင်းပို့ဆောင်ခနဲ့ SHOPMYAR ရဲ့ service ခတွေပဲဖြစ်ပါတယ်။ အဲ့လိုမှမလုပ်ရင် နောက်ပြောင်မှာယူမှုတွေ ရှိလာနိုင်လို့ ကုန်ပစ္စည်းဖိုးကို တစ်ခါတည်းပေးဆောင်စေတာပါ။ နောက်ဆုံးပေးရမှာကတော့ မြန်မာပြည်တွင်း ပို့ဆောင်ခပါ။ ပစ္စည်းအိမ်ရောက်တဲ့အခါမှ ပေးရပါလိမ့်မယ်။
တရုပ်နိုနိုင်ငံကနေ မြန်မာနိုင်ငံကိုပစ္စည်းပို့တဲ့ အကောက်အခွန်နှုန်းစာရင်းကိုတော့ မသိပေမဲ့
・Taobao အနေနဲ့ ပုံမှန်ဈေးဝယ်ထွက်ခိုင်းသလိုမျိုပဲ ရောင်းအားနှင့်အမြတ်အစွန်းထွက်တယ်။
・User ကလည်း မြန်မာနိုင်ငံမှာမရှိတဲ့ ပစ္စည်းကိုဝယ်လို့ရတယ်။
・SHOPMYAR ကဝယ်ယူတဲ့ ပမာဏပေါ်မူတည်ပြီး service ခကိုယူတယ်။
ဆိုပြီးဘယ်သူမှမနစ်နာဘူး၊ ( ၃)ဘက်စလုံးမှာ limit ရှိလို့ အရမ်းကောင်းတဲ့ business model လို့ထင်ပါတယ်။