M-ပိုက်ဆံ App ဖြင့် ဖုန်းငွေဖြည့်ပြီး ၅ ရာခိုင်နှုန်းအထိ ပြန်အမ်းငွေလက်ဆောင်များကို ရယူနိုင်

M-ပိုက်ဆံမှ ၎င်း၏ မိုဘိုင်းငွေကြေးဝန်ဆောင်မှုသုံးစွဲသူတွေ နှစ်ခြိုက်သဘောကျစေမည့် ပြန်အမ်းငွေလက်ဆောင် အစီအစဉ်တစ်ခုကို ကမ်းလှမ်းလိုက်သည့်အနေဖြင့် သုံးစွဲသူများအား M-ပိုက်ဆံ App ကို အသုံးပြုပြီး ဖုန်းဘီလ်ဝယ်ယူတိုင်း ပြန်အမ်းငွေလက်ဆောင်များကို ရယူနိုင်ပြီဖြစ်ကြောင်းသိရသည်။
M-ပိုက်ဆံမှ ယုံကြည်စိတ်ချရသည့် မိုဘိုငးငွေကြေးဝန်ဆောင်မှုတွေကို ပေးအပ်လျက်ရှိပြီး သုံးစွဲသူ များအနေဖြင့် M-ပိုက်ဆံ App ကို အသုံးပြု၍ သော်လည်းကောင်း၊ M-ပိုက်ဆံ ကိုယ်စားလှယ်များ ထံတွင်လည်းကောင်း ဝန်ဆောင်မှုကို ရယူအသုံးပြုနိုင်မည်ဖြစ်သည်။ M-ပိုက်ဆံAppကို အသုံးပြု၍ မည်သည့်မိုဘိုင်းဖုန်းနံပါတ်ကိုမဆို ဖုန်းငွေဖြည့်ခြင်း၊ ငွေလွှဲခြင်းနှင့် ငွေပေးချေခြင်းများကို မည်သည့်အချိန် မည်သည့်နေရာတွင်မဆို လွယ်ကူစွာနဲ့ ယုံကြည်စိတ်ချစွာ လုပ်ဆောင် နိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/MPitesan/

ကျန်းမာရေးနှင့် လုံခြုံစိတ်ချမှုရှိစေရေးကို ဂရုစိုက်သည့်အနေဖြင့် လူသူထူထပ်သည့်နေရာများကို ရှောင်ရှားသည်မှာ ပို၍ကောင်းပါသည်။ M-ပိုက်ဆံမှ သုံးစွဲသူများအား ယခုအချိန်ကာလမျိုးမှာ အပြင်ထွက်စရာမလိုဘဲ M-ပိုက်ဆံ App ကိုသုံးပြီး ဖုန်းငွေဖြည့်နိုင်အောင် တိုက်တွန်းအားပေး သည့်အနေဖြင့် ဖုန်းငွေဖြည့်တိုင်း ၅ ရာခိုင်နှုန်း အထိ ပြန်အမ်း ငွေလက်ဆောင်များကို ပေးအပ်လျက်ရှိသည်။ M-ပိုက်ဆံ App နှင့် ဖုန်းငွေဖြည့်ခြင်းသည် သုံးစွဲသူများအတွက် အလွန်အဆင်ပြေလွယ်ကူပြီး အပြင်ထွက်စရာမလိုဘဲ အိမ်တွင်ဖြစ်စေ၊ ရုံးတွင်ဖြစ်စေ မိမိတို့မိုဘိုင်းဖုန်းပေါ်တွင်ပင် လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။
M-ပိုက်ဆံ App ဖြင့် မည်သည့်အူရီဒူးနံပါတ်ကိုမဆို ဖုန်းငွေဖြည့်တိုင်းတွင် ဖြည့်သည့် ပမာဏ၏ ၅ ရာခိုင်နှုန်း ကို ပြန်အမ်းငွေလက်ဆောင်အဖြစ် ချက်ချင်းရရှိမည်ဖြစ်ပြီး အခြားအော်ပရေတာများ ဖြစ်သည့် MPT, Mytel, MECTel ဖုန်းနံပါတ်များကို ဖုန်းငွေဖြည့်လျင် ၃ ရာခိုင်နှုန်း ပြန်အမ်းငွေလက်ဆောင်နှင့် တယ်လီနောဖုန်းနံပါတ်ကို ဖုန်းငွေဖြည့်လျင် ၂.၅ ရာခိုင်နှုန်း ပြန်အမ်းငွေလက်ဆောင်ရရှိမည်ဖြစ်သည်။ ပြန်အမ်းငွေလက်ဆောင်များကို ဖုန်းငွေဖြည့်သူ၏ M-ပိုက်ဆံ အကောင့်ထဲသို့ ချက်ချင်းထည့်သွင်းပေးမည် ဖြစ်သည်။

Photo Source https://www.facebook.com/MPitesan/

M ပိုက်ဆံ App ကို အသုံးပြုပြီး Flymya.com တွေင်ရရှိနိုင်သော ခရီးသွားဝန်ဆောင်မှုများဖြစ်သည့် လေယာဉ်လက်မှတ်များ နှင့် အဝေးပြေးကားလက်မှန်များ၊ ဟိုတယ်များ၊ သွားရောက်လည်ပတ်မည့်နေရာများနှင့် ခရီးစဉ်များအတွက် ကြိုတင်စာရင်း သွင်းခြင်းများ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ Ooredoo Myanmar ရဲ့ “M-Pitesan” App သုံးစွဲသူများအနေဖြင့် ခရီးသွား အသုံးစရိတ်များကို ပေးချေခြင်း ၊ အွန်လိုင်းမှတဆင့် ဈေးဝယ်ခြင်းနှင့်ငွေပေးခြင်းများကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
*999# ကို ဖုန်းခေါ်ဆို၍ဖြစ်စေ Google Play သို့ App Store မှဖြစ်စေ M-ပိုက်ဆံ App ကို ဒေါင်းလုတ်ပြုလုပ် နိုင်မည်ဖြစ်ပါသည်။ M- ပိုက်ဆံဝန်ဆောင်မှုကို ၂၀၁၇ စက်တင်ဘာလ ၁၉ ရက်နေ့မှာ စတင်မိတ်ဆက်ခဲ့ပြီး M- ပိုက်ဆံဝန်ဆောင်မှုများကို မိုဘိုင်းဖုန်းအသုံးပြုသူ မည်သူမဆိုအသုံးပြုနိုင်မည်ဖြစ်သည်။ မိုဘိုင်းဖုန်းသုံးစွဲသူ မည်သူမဆို အူရီဒူး၏ M- ပိုက်ဆံ ကိုယ်စား လှယ်ဆိုင်သို့ သွားရောက်ပြီး ငွေလွှဲခြင်းကို ဆောင်ရွက်နိုင်သည်။
လက်ရှိ ရန်ကုန် ၊ နေပြည်တော် ၊ မန္တလေး ၊ ပဲခူး နှင့် တောင်ကြီး မြို့ တို့တွင် ရှိသည့် အူရီဒူး M- ပိုက်ဆံ ကိုယ်စားလှယ် ပေါင်း ၂၅၀၀ ကျော် အထိ ရှိကာ မကြာသောကာလတွင် ကျေးလက်နှင့် မြန်မာပြည်အနှံ့အပြားမှ ကိုယ်စားလှယ်ပေါင်း ၈၀၀၀ အထိ ထပ်တိုးသွားမည်ဖြစ်ကြောင်းသိရသည်။