MytelPay နှင့်ငွေလွှဲကာ ရွှေရောင် Suzuki ကားများနှင့်အတူအခြားဆုလက်ဆောင်များရယူနိုင်သည့်အစီအစဉ်မိတ်ဆက်

ငွေလွှဲဝန်ဆောင်မှုတစ်ခုဖြစ်သော MytelPay သည်အသုံးပြုသူများအတွက်ငွေလွှဲသည့်အခါ ရွှေရောင် Suzuki ကားများ၊ E-money ဆုများ၊ ၄၉ လက်မ Sony Smart TV များ၊Realme6Pro Smartphone များနှင့် Mytel ၏ အခြား ဆက်သွယ်ရေးဝန်ဆောင်မှုဆုလက်ဆောင်များရရှိနိုင်မည့်ပရိုမိုရှင်းအစီအစဉ်အသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရ သည်။

Photo Source https://www.facebook.com/mytelmyanmar/

“ MytelPay က အသုံးပြုသူတွေအတွက် ငွေကြေးလုံခြုံစိတ်ချမှုရှိသော ဝန်ဆောင်မှုတွေအပြင် အမြဲတမ်းခေတ်အမီဆုံး၊ အကောင်းဆုံး၊ သင့်တင့်တဲ့ဈေးနှုန်းတွေနဲ့ စိတ်ဝင်စားစရာကောင်းပြီး အသုံးပြုသူတွေအကျိုးရှိစေမယ့်အစီအစဉ်တွေ လုပ်ပေးနိုင်အောင်အမြဲတမ်းကြိုးပမ်းလျက်ရှိပါတယ်။ အခုလည်းMytelPayကအသုံးပြုသူတွေအတွက် စိတ်ဝင်စားစရာ ကောင်းတဲ့ အစီအစဉ်သစ်တစ်ခုကို ထပ်မံမိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ MytelPay အကောင့်ရှိသူတွေ သာမက အကောင့်မရှိသူများလည်း MytelPay ကိုအသုံးပြုပြီးငွေလွှဲမှုပြုလုပ်ရုံနဲ့ ဆုတွေကိုပါဝင်ကံစမ်းနိုင် တာကြောင့် အရင်ထက်ထူးထူးခြားခြားလေးဖြစ်ပြီး အားလုံးလည်းနှစ်သက်ကြလိမ့်လို့ထင်ပါတယ်။ ဒါကြောင့်အားလုံးပဲ MytelPay ကိုအသုံးပြုပြီး ဆုတွေကိုအရယူနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးချင်ပါတယ်” ဟု Mytel ၏ပြင်ပဆက်ဆံရေး အရာရှိချုပ်ဖြစ်သူ ဒေါက်တာဒေါ်နီလာအေးမှ ပြောကြားသည်။
အဆိုပါပရိုမိုရှင်းအစီအစဉ်တွင် ပါဝင်ရန်အတွက် MytelPay အကောင့်ရှိသူများမှ ယင်းအယ်ပလီကေးရှင်းအား အသုံးပြု၍ အနည်းဆုံး ၁,၀၀၀ ကျပ်မှစတင်ကာ ဖုန်းငွေဖြည့်ခြင်း၊ မြန်မာပြည်အသုံးပြုနေသည့် မည်သည့် Mobile ဖုန်းနံပါတ် အားလုံးကို ငွေလွှဲနိုင်ခြင်း၊ Mytel FTTH ဘေလ်များပေးဆောင်ခြင်းနှင့် MytelPay အကောင့်မရှိသူများမှ MytelPay ကိုယ်စားလှယ်များထံတွင် အနည်းဆုံး ၂၅,၀၀၁ ကျပ်မှစ၍ ငွေလွှဲပြောင်းခြင်းများ ပြုလုပ်ပါက အစီအစဉ်တွင် ပါဝင်ရန်အကျုံးဝင်မည်ဖြစ်ပါသည်။ ထို့အပြင် MytelPay အကောင့်မရှိပါက MytelPay အက်ပလီကေးရှင်းအား အသုံးပြု၍ဖုန်းငွေဖြည့်ခြင်း၊ FTTH ဘေလ်ပေးဆောင်ခြင်းများအတွက် ဆုများကံထူးနိုင်မည့် lucky code တစ်ခုနှင့် e-money ရရှိနိုင်မည့်အခွင့်အရေးတစ်ကြိမ်ရရှိမည်ဖြစ်သည်။ ထို့အတူအေးဂျင့်များမှတစ်ဆင့် ငွေလွှဲပြောင်းလုပ်ဆောင် ချက်များအတွက်လည်း lucky code နှင့် e-money ရရှိနိုင်မည့်အခွင့်အရေးများအပြင် Mytel ၏ ဆက်သွယ်ရေး ဝန်ဆောင်မှုများဖြစ်သောဒေတာ 10 GB မှမိနစ်၂၀၀အထိဖုန်းခေါ်ဆိုခွင့်ဆုလက်ဆောင်များပါထပ်မံရရှိနိုင်မည်ဖြစ်သည်။
အသုံးပြုသူများရရှိနိုင်မည့်ဆုအမျိုးအစားများနှင့်အရေအတွက်များအားအောက်ပါဇယားတွင်ကြည့်ရှုနိုင်ပါသည်။
ဆုအမျိုးအစား             ဆုအမျိုးအမည်          အရေအတွက်       ဆုရရှိနိုင်မည့်အချိန်              ဆုရရှိနိုင်မည့်နည်းလမ်း
ဆုကြီး            ရွှေရောင် Suzuki Swift ကားအသစ်  ၂             ပရိုမိုးရှင်းကာလအပြီး                    Lucky Code
အပတ်စဉ်ဆု ၄၉လက်မ Sony Smart TV              ၈             တစ်ပတ်လျှင်တစ်ဆု                    Lucky Code
RealMe 6Pro စမတ်ဖုန်း (8/128)                         ၈              တစ်ပတ်လျှင်တစ်ဆု                    Lucky Code
နေ့စဉ်ဆု ၁သောင်းကျပ် E-money                                                နေ့စဉ်                                      ချက်ချင်း
၁ထောင်ကျပ် E-money                                                                 နေ့စဉ်                                      ချက်ချင်း
ဆက်သွယ်ရေးဝန်ဆောင်မှုဆု ၁၀ GB အထိ                                နေ့စဉ်                                       ချက်ချင်း
On-net ၂၀၀မိနစ်                                                                           နေ့စဉ်                                      ချက်ချင်း

Photo Source https://www.facebook.com/mytelmyanmar/

MytelPay ကို ၂၀၁၉ ခုနှစ်ဇွန်လ ၉ ရက်နေ့တွင်စတင်မိတ်ဆက်ခဲ့ပြီး အရောင်းကိုယ်စားလှယ်ပေါင်း ၂၅,၀၀၀ ကျော်ဖြင့် နိုင်ငံတစ်ဝှမ်းလုံးရှိ အသုံးပြုသူများကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ MytelPay ငွေလွှဲဝန်ဆောင်မှုများကို မိုဘိုင်းကွန်ရက်ကနေတဆင့်အသုံးပြုနိုင်ပြီး မည်သည့်အော်ပရေတာအတွက်မဆိုဖုန်းငွေဖြည့်နိုင်မည်ဖြစ်သည်။ ထို့ပြင်နောက်ပိုင်းတွင် ဘေလ်ပေးဆောင်ခြင်းများ၊ iTunes ကတ်၊ Game ကတ်များဝယ်ယူခြင်းတို့အပြင် online shopping များအတွက်ငွေပေးချေမှုများကိုလည်းပြုလုပ်နိုင်မည်ဖြစ်သည်။