MAB Credit Card Reward အစီအစဉ်များအကြောင်း မီဒီယာမိတ်ဆက်ပွဲကျင်းပမည်

MAB Bank မှ MAB Credit Card သုံးစွဲသူများအနေဖြင့် MAB Points များရရှိပြီးအကျိုးခံစားခွင့်များရရှိနိုင်သည့်အကြောင်း နှင့်ပတ်သက်၍ သတင်းမီဒီယာများနှင့်ပြည်သူများပိုမိုသိရှိစေရန် ရှင်းလင်းပြောကြားမည့်အခမ်းအနားကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် ဆူးလေရှန်ဂရီလာဟိုတယ်တွင် မနက် ၉ နာရီခွဲမှ နေ့လည် ၁၂ နာရီအထိကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံ၏ ထိပ်တန်းဘဏ်များမှ တစ်ခုဖြစ်သော မြန်မာ့ရှေ့ဆောင်ဘဏ် (MAB Bank) မှ MAB Credit ကတ် ကိုင် ဆောင်သုံးစွဲသူများအတွက် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် MAB Point (ပွိုင့်) များကို ရယူပြီး အခြားမည့်သည့် အကျိူးခံ စားခွင့်များနှင့်မတူသော အကျိုးခံစားခွင့်များ ပြန်လည်ရရှိနိုင်မည့် MAB Credit Card Reward အစီအစဉ်ကို သတင်းမီဒီယာ များမှတဆင့်ပြည်သူများပိုမိုသိရှိစေရန် အသိပေးကြေညာပေးသွားမည့်အစီအစဉ်တစ်ခုလည်းဖြစ်သည်။

Photo Source – https://www.mabbank.com/mm/

MAB Credit Card အသုံးပြု၍ အွန်လိုင်းဈေးဝယ်ခြင်း ၊ အခွန်အခများပေးဆောင်ခြင်း ၊ ငွေပေးချေခြင်းများစသည့် နည်းလမ်းအမျိုးမျိုးတို့ဖြင့် အသုံးပြုခြင်းတို့အတွက် သုံးစွဲသည့်ပမာဏအလျောက် MAB Points (ပွိုင့်များ) ရရှိပြီး အကျိုးခံစားခွင့်များရရှိတော့မည်ဖြစ်ပြီး အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ သတင်းမီဒီယာများနှင့်ပြည်သူများ ပိုမိုသိရှိ စေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းလည်းဖြစ်သည်။
အဆိုပါအခမ်းအနားတွင် MAB Bank မှာ Chief Business Officer ဦးကျော်နီခင်၊ MAB Bank ၏ Executive Vice President and Head of Banking ဖြစ်သူ MR Gary Voon နှင့် Vice President နှင့် Head of Product Development & Card Acquisition ဖြစ်သူ ဒေါ်ကြည်မွန်သန့် တို့မှ တက်ရောက်ပြောကြားသွားမည်လည်းဖြစ်သည်။
အချိန်နှင့်အမျှတိုးတက်ပြောင်းလဲနေသော ယနေ့ခေတ်ကြီးတွင် ဘဏ္ဍာရေးနှင့်ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုကဏ္ဍမှာလည်း အလျင်အမြန်တိုးတက်ဖွံ့ဖြိုးလာနေသော ကဏ္ဍတစ်ခုပင်ဖြစ်ပြီး ငွေပေးချေမှုနည်းလမ်းများမှာလည်း တစစတိုးတက်လာရာ ငွေသားကိုင်ဆောင်မှုအစား ငွေပေးချေမှု ကတ်အမျိုးမျိုး (ကြိုတင်ငွေသားထည့်သွင်းရသောကတ်၊ အကြွေးကတ်) တို့ကို သုံးစွဲလာကြပြီး ဘဏ်လုပ်ငန်းများမှလည်း ငွေပေးချေမှုကတ်ဝန်ဆောင်မှုနည်းလမ်းအမျိုးမျိုးကို မိတ်ဆက်လာခဲ့ပြီးဖြစ် ကြောင်းလည်းသိရသည်။

Photo Source – https://www.facebook.com/MABBankMyanmar/

MAB Credit Cards များအနေဖြင့် Classic Card အမျိုးအစာနှင့် Platinum Card အမျိုးအစားဟူ၍ နှစ်မျိုးရှိပြီး Classic Card အမျိုးအစားတွင် Visa Classic Credit Card နှင့် Visa Classic Credit Card(Limited Stock Only) ဟူ၍ နှစ်မျိုးရှိကြောင်း လည်းသိရသည်။ Platinum Card အမျိုးအစားတွင်လည်း Visa Platinum Card နှင့် FIFA Visa Platinum Credit Card ( Limited Stock only) ဟူ၍ နှစ်မျိုးရှိကြောင်းလည်းသိရသည်။
MAB VISA FIFA THEMED CREDIT CARD နှင့် MAB VISA FIFA THEMED CREDIT CARD သည် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ဝယ်ယူနိုင်ရန်အတွက် အသုံးပြုနိုင်သော အကြွေးကတ်ဖြစ်ပါသည်။ VISA Card ကို လက်ခံသော နိုင်ငံတိုင်း၌ ATM & POS စက်များနှင့် အွန်လိုင်းဈေးဝယ်ခြင်း၊ ငွေချေခြင်းများကို စိတ်ချလွယ်ကူစွာပြုလုပ်နိုင်မည်လည်းဖြစ် သည်။

Photo Source – https://www.mabbank.com/mm/

MAB VISA FIFA THEMED CREDIT CARD နှင့် MAB VISA FIFA THEMED CREDIT CARD လျှောက်ထားသူများအနေ ဖြင့် အသက်(၂၁) နှစ်ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ပြီး အနည်းဆုံးလစာ ဝင်ငွေ ၂၅၀,၀၀၀ ကျပ် ရှိရမည်ဖြစ်လည်းဖြစ်ပြီး VISA PLATINUM CREDIT CARD နှင့် FIFA VISA PLATINUM CREDIT CARD (LIMITED STOCK ONLY) ကတ်လျှောက် ထားသူအနေဖြင့် အသက်(၂၁) နှစ်ပြည့်ပြီးသူ ဖြစ်ရမည်ဖြစ်ပြီး အနည်းဆုံးလစာ ဝင်ငွေ ၁,၅၀၀,ဝဝဝ ကျပ် ရှိရမည်လည်း ဖြစ်သည်။
MAB Credit Card Reward အစီအစဉ်များအကြောင်း မီဒီယာမိတ်ဆက်ပွဲသို့ တက်ရောက်မည့် သတင်းမီဒီယာများ အနေ ဖြင့်လည်း အောက်ပါ Email သို့စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
zinmaung.tun@ricecomms.com