MAB Bank မှ MAB Credit Card ၏ အကျိုးခံစားခွင့်များကို မိတ်ဆက်

မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) အနေဖြင့် မြန်မာနိုင်ငံရှိ MAB အကြွေးဝယ်ကတ်အသုံးပြုသူတိုင်း ခံစားခွင့်ရရှိနိုင်မည့် MAB အကြွေးဝယ်ကတ် အသုံးပြုသူများအတွက် အကျိုးခံစားခွင့်များရရှိနိုင်သည့် ရမှတ်အစီအစဉ် (MAB Points Loyalty Program) အား ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Sule Shangrila Hotel တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရ သည်။

Photo Source By Myanmar Tech Press

MAB Credit Card ကိုအသုံးပြုသည့်သူများအနေဖြင့် ငွေကျပ် ၅၀၀ အသုံးပြုပြီးသည်နှင့် 1 Point ရရှိမည်ဖြစ်ပြီး စုဆောင်းထား သော Points များကို ငွေသားအဖြစ်ပြန်လည်အသုံးပြုနိုင်သလို E-Voucher များအဖြစ်လည်းပြန်လည်အသုံးပြုနိုင်မည်ဖြစ် ကြောင်းနှင့် ငွေကျပ် ၅၀၀ ကိုနှစ်ခါခွဲသုံးပါက 1 Point ရရှိနိုင်မည်မဟုတ်ကြောင်း အဆိုပါအခမ်းအနားမှသိရသည်။
“မြန်မာနိုင်ငံသားတွေလိုအပ်နေတဲ့ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းတွေကို အမြဲတမ်း တသမတ်တည်းပေးနိုင်ဖို့ အစဉ်တစိုက် ကြိုးပမ်း လျက်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးမှုတွေနဲ့ လိုက်လျောညီထွေဖြစ်နေဖို့ ကျွန်တော်တို့အဖွဲ့သားတွေ၊ နည်းပညာပိုင်း မှာရော၊ တိုးတက်ကောင်းမွန်တဲ့ ဝန်ဆောင်မှုပိုင်းမှာရော အသင့်အနေအထားမှာ ရှိနေပြီလို့ဆိုရမှာဖြစ်ပါတယ်။ စီးပွားရေးတိုး တက်ဖွံ့ဖြိုးလာတာနဲ့အမျှ အသုံးပြုသူတွေရဲ့ လိုအပ်ချက်နဲ့ကိုက်ညီအောင် နည်းလမ်းမျိုးစုံနဲ့ အကောင်းဆုံး ဝန်ဆောင်မှုပေးသွား နိုင်ဖို့ MAB အနေနဲ့က အစဉ်တစိုက် တိုးတက်ကောင်းမွန်အောင်၊ ကျွန်တော်တို့ရဲ့ကတ်တွေကို ပိုပြီးလုံခြုံစိတ်ချရအောင် ကြိုးပမ်း လုပ်‌ဆောင်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ MAB ဘဏ်ဟာဆိုရင် အခုလက်ရှိမှာလည်း လုံခြုံရေးစံနှုန်းကောင်စီကနေ PCIDSS လို့ခေါ်တဲ့ ဘဏ်ကတ်နဲ့သက်ဆိုင်တဲ့ လုံခြုံရေးစံနှုန်းအတွက် မြန်မာနိုင်ငံမှာပထမဦးဆုံး အသိအမှတ်ပြုခံထားရတဲ့ ဘဏ်အဖြစ် ရပ်တည်လျက်ရှိပါတယ်” ဟု MAB မှ Chief Business officer ဖြစ်သူ ဦးကျော်နီခင်မှ ပြောကြားသည်။

Photo Source By Myanmar Tech Press

MAB Rewards Points ရရှိမှုအစီအစဉ်များအား ၂၀၁၉ ခုနှစ် အောက်တိုဘာလအကုန်တွင်စတင်မည်ဖြစ်ပြီး ကတ်အသုံးပြု များအနေဖြင့် MAB Rewards Points များဖြင့် MAB ၏ Member Portal များထံတွင်လည်း လဲလှယ်ရယူနိုင်မည်ဖြစ်ကြောင်း၊ Points များကို ၈၀၀၀ အနည်းဆုံးရှိရမည်ဖြစ်ပြီး Points ၈၀၀၀ ရရှိပါက ငွေကျပ် ၆၀၀၀ (သို့) ငွေကျပ် တစ်သောင်းတန် E-Voucher ကိုရရှိနိုင်မည်လည်းဖြစ်သည်။
“ကျွန်တော်တို့ရဲ့ စီးပွားဖက်တွေကို သူတို့ရဲ့ ပူးပေါင်းပါဝင်မှုအတွက် ကျေးဇူးတင်ပါတယ်။ MAB Ponts Loyalty Program အစီအစဉ်က အကြွေးဝယ်ကတ်ကို အသုံးပြုဖို့ ပိုမိုတိုက်တွန်းပေးနိုင်ရုံသာမက အသုံးပြုတွေရဲ့ အစဉ်တစိုက် အားပေးသုံးစွဲမှု အတွက်ကို ကျေးဇူးတုံ့ပြန်နိုင်မှာ ဖြစ်တဲ့အတွက် ဒီအစီအစဉ်က ကျွန်တော်တို့အတွက် တကယ့်ကို အရေးပါတဲ့မှတ်တိုင်တစ်ခု ဖြစ်လာမှာပါ။ MAB ရဲ့ဘဏ်ဝန်ဆောင်မှုတွေကို အသုံးပြုတဲ့သူတိုင်းကို ဘဏ်နဲ့ပတ်သက်တဲ့ အကျိုးခံစားခွင့်အစီအစဉ် အသီး သီး ပေးအပ်သွားနိုင်ဖို့ရည်မှန်းထားပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတက်လာတာနဲ့အမျှ MAB အနေနဲ့ သုံးစွဲသူတွေကို သူမတူတဲ့ ဝန်ဆောင်မှုတွေပေးနိုင်ဖို့ အမြဲဆန်းသစ်တီထွင်အောင် ကြိုးပမ်းသွားဖို့သန္နိဌာန်‌ပြုပါတယ်” ဟု MAB မှ Executive Vice President နှင့် Head of Consumer Banking ဖြစ်သူ Gary Voon မှ ပြောကြားသည်။

Photo Source By Myanmar Tech Press

MAB credit card စာရင်းဝင်သူများအားလုံး အစီအစဉ်တွင် အကျုံးဝင်မည်ဖြစ်ပြီး MAB ရမှတ်များကို principal နှင့် supplementary ကတ်နှစ်ခုလုံးမှ သီးသန့်စုဆောင်းနိုင်မည်ဖြစ်ရာ ရရှိထားသော ရမှတ်များကို Member Portal အကောင့်မှ ထုတ်ယူနိုင်မည်လည်းဖြစ်သည်။ ထို့အပြင် MAB မှ အကျုံးဝင်သည်ဟု သတ်မှတ်ထားသော အကြွေးဝယ်ကတ်အကောင့်များ၏ အကြွေးဝယ်ကတ် ကိုင်ဆောင်ထားသောသူအားလုံးအကျိုးခံစားခွင့် အစီအစဉ်တွင် ပါဝင်ခံစားခွင့်ရှိမည်ဖြစ်ကြောင်းလည်းသိရ သည်။
MAB အကြွေးဝယ်ကတ်အသုံးပြုသူတိုင်းသည် MAB ရမှတ်များစုဆောင်နိုင်သည့် အစီအစဉ်တွင် အလိုအလျောက် အကျုံးဝင်ပြီး အသုံးပြုသူများသည် မည်သည့် MAB အကြွေးဝယ်ကတ်ကိုမဆို အသုံးပြု၍ ငွေပေးချေရုံဖြင့် ရမှတ်များကို အလိုအလျောက်ရရှိစုဆောင်းနိုင်မည်ဖြစ်သည်။ MAB အကြွေးဝယ်ကတ်ကို အသုံးပြု၍ ငွေကျပ် ၅၀၀ အသုံးပြုမှုတိုင်းအတွက် MAB ရမှတ် ၁ မှတ်ကို ရရှိမည်ဖြစ်ပြီး MAB ရမှတ် (point) တစ်မှတ်စီအား နေ့စဉ်အကြွေးဝယ်ကတ် အသုံးပြုမှုပမာဏအပေါ် မူတည်၍ အနီးစပ်ဆုံး MAB ရမှတ် (point) သို့ လျှော့ချရေတွက်သွားမည်လည်းဖြစ်သည်။
အကြွေးဝယ်ကတ်ကိုင်ဆောင်ထားသူများအနေဖြင့်လည်း ဆုလာဘ်များကိုလဲလှယ်နိုင်သည့် Member Portal များကိုအောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။
https://rewards.mabbank.com