စွန့်ပစ်ပစ္စည်းများ အိမ်တိုင်ရာရောက်ဝယ်ယူရောင်းချနိုင်သည့် Recycle Myanmar App အသစ်မိတ်ဆက်

မိုဘိုင်းလ်ဖုန်းကိုအသုံးပြုပြီး စွန့်ပစ်ပစ္စည်းများကို အိမ်တိုင်ရာရောက်ဝယ်ယူရောင်းချနိုင်သည့် Recycle Myanmar Application အသစ်တစ်ခုကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့ စိမ်းလန်းစိုပြေဥယျာဉ် Zephyr Coffee & Restaurant တွင်စတင်မိတ်ဆက်ခဲ့ကြောင်းသိရသည်။

Photo Source By Myanmar Tech Press

အဆိုပါ Application သည် ရေသန့်ဘူးခွံ့၊ ပုလင်းခွံ့၊ သတင်းစာ၊ ဂျာနယ်၊ စက္ကူ၊ ဘက်ထရီအိုးအပျက်၊ လျှပ်စစ်ပစ္စည်းအ ဟောင်းများ၊ ကော်ဗူး၊ ကော်ခွက်စသည့် ပြန်ရောင်းလို့ရသည့်အမှိုက်များကို စွန့်ပစ်ပစ္စည်းဝယ်ယူသူနှင့် စွန့်ပစ်ပစ္စည်းပြန် ရောင်းချသူတို့ကို ချိတ်ဆက်ဆောင်ရွက်ပေးသည့် အခမဲ့မိုဘိုင်းလ် App တစ်ခုလည်းလည်းဖြစ်သည်။ အဆိုပါ Application ကိုအကောင်အထည်ဖော်ရန်အတွက်လည်း ဒိန်းမတ်နိုင်ငံ၊ ဒိန်းမတ်ဖွံ့ဖြိုးတိုးတက်မှုအထောက်အပံ့၏ အစိတ်အပိုင်းဖြစ်သည့် Responsible Business Fund(RBF) အဖွ့ဲအစည်းမှ တစ်စိပ်တစ်ပိုင်းကူညီထောက်ပံ့ထားကြောင်းလည်းသိရသည်။
ပစ္စည်းရောင်းချချင်သူများအနေဖြင့် Recycle Myanmar User ဆိုသည့် App ထဲကို Install ပြုလုပ်ရယူကာ ရောင်းချလို သည့်ပစ္စည်းအရွယ်အစားရွေးချယ်ခြင်း၊ တည်နေရာသတ်မှတ်ခြင်း၊ လိပ်စာထည့်သွင်းခြင်းများကို ပြုလုပ်ရန်လိုအပ်မည်ဖြစ် ပြီး ပစ္စည်းဝယ်ယူသူများအနေဖြင့်လည်း GPS စနစ်အသုံးပြုထားသည့်အတွက်ကြောင့် တစ်လမ်းဝင်တစ်လမ်းထွက် ပစ္စည်း များလိုက်လံဝယ်ယူစရာမလိုပဲ Recycle Myanmar Picker App ကိုအသုံးပြုကာ ဝယ်ယူနိုင်မည်လည်းဖြစ်သည်။

Photo Source By Myanmar Tech Press

“ဒီ Application ကိုစတင်အကောင်အထည်ဖော်ရတဲ့ရည်ရွယ်ချက်ကလည်း စွန့်ပစ်ပစ္စည်းတွေကိုလက်နဲ့မထိတွေ့မကိုင် တွဝ်မရောင်းချပဲ Application ကိုအသုံးပြုပြီး စီမံခန့်ခွဲရောင်းချဝယ်ယူနိုင်တဲ့စနစ်တစ်ခုဖြစ်ဖို့အတွက်ပါပဲ။ အမှိုက်တွေကို စီမံ ခန့်ခွဲတဲ့ Network တစ်ခုကိုတည်ထောင်ထားခြင်းပါပဲ။ မြန်မာနိုင်ငံမှာ တစ်နေ့ကို အမှိုက်တန်ချိန်နှစ်သောင်းကျော်ထွက်ရှိနေ ပါတယ်။ အိမ်တွေ၊ လက်ဖက်ရည်ဆိုင်နဲ့စားသောက်ဆိုင်တွေက ထွက်ရှိလာတဲ့အမှိုက်တွေကို ခု App နဲ့ချိတ်ဆက်ရောင်းချ နိုင်အောင်၊ အလွယ်ကူဆုံးအသုံးပြုလို့ရအောင်ပြုလုပ်ထားပါတယ်။ ပြည်နဲ့မန္တလေးမြို့တွေမှာ စမ်းသပ်အသုံးပြုနေပါပြီ။ ရန် ကုန်မှာတော့ လာမယ့်နှစ်ဆန်းပိုင်းလောက်မှာ စတင်အသုံးပြုနိုင်ဖို့စီစဉ်နေပါတယ်။ နောက်ပိုင်း Application ကိုလူသုံးများ လာရင်တော့ ငွေကြေးအတိုင်းအတာတစ်ခုတော့ကောက်ယူသွားမှာပါ။ ခုလုပ်နေတယ်ဆိုတာကလည်း တစ်နေရာမှာအသုံး ပြုလို့အသားကျသွားပြီအဆင်ပြေသွားပြီဆိုမှ နောက်တစ်နေရာအတွက် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်”ဟု Recycle Myanmar Application ကိုရေးဆွဲသူ ကိုပုညက ပြောကြားသည်။

Photo Source By Myanmar Tech Press

“အရင်တုန်းကလို စွန့်ပစ်ပစ္စည်းဝယ်တဲ့သူတွေဟာ လမ်းပေါ်မှာလျှောက်သွားပြီး ပစ္စည်းတွေလိုက်ဝယ်နေဖို့မလိုပဲ ဖုန်းခေါ်ဆို မှုကနေတစ်ဆင့်သွားလို့ရပါတယ်။ ရောင်းမယ့်သူတွေဆိုရင်လည်း ပစ္စည်းအဟောင်းဝယ်တဲ့နေရာတွေအထိသွားစရာမလိုပဲ ကိုယ့်အိမ်၊ ကိုယ့်နေရာမှာပဲရောင်းလို့ရတဲ့အတွက် အချိန်ကုန်သက်သာစေပါတယ်။ စွန့်ပစ်ပစ္စည်းရောင်းချသူနဲ့အမှိုက်သိမ်း တဲ့သူအဆင်ပြေသွားရင် ပတ်ဝန်းကျင်အမှိုက်တွေပစ်မှာမဟုတ်တော့တာကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရာလည်း ရောက်ပါတယ်”ဟု ၎င်းကဆက်လက်ပြောကြားသည်။
အဆိုပါ Application ကိုအသုံးပြုရာတွင် B2C Platform နှင့် B2B Platform ဆိုသည့် ကဏ္ဍနှစ်ခုခွဲခြားထားကြောင်းလည်း သိရသည်။ B2C Platform အနေဖြင့် စွန့်ပစ်ပစ္စည်းရောင်းချသူများနှင့်စွန့်ပစ်ပစ္စည်းဝယ်ယူသူများကို Grab App ကဲ့သို့ မိုဘိုင်းလ် App မှတဆင့်ချိတ်ဆက်ပေးခြင်းဖြစ်ပြီး B2B Platform အနေဖြင့် ကုမ္ပဏီအဖွဲ့အစည်းများအနေဖြင့်လည်း Business Directory ကဲ့သို့ စွန့်ပစ်ပစ္စည်းများပြန်လည်ရောင်းချရန်၊ ကုန်ကြမ်းအနေဖြင့်ဝယ်ယူရန် Recycle Myanmar တွင် Online Shopping ကဲ့သို့ အော်ဒါတင်နိုင်မည်လည်းဖြစ်သည်။

Photo Screenshot By Myanmar Tech Press

ပြည်မြို့တွင်စမ်းသပ်အသုံးပြုပြီးသုံးလအကြာတွင် မန္တလေးမြို့တွင်မိတ်ဆက်ခဲ့ခြင်းလည်းဖြစ်သည်။ ယခုအချိန် တွင် အဆိုပါ Application ကိုအသုံးပြုပြီး စွန့်ပစ်ပစ္စည်းဝယ်ယူသူ ၂၀၀ ကျော်နှင့်ရောင်းချသူ ၇၀၀ ကျော်အသုံးပြုနေပြီဖြစ် ကြောင်းနှင့် ပြည်မြို့နှင့်မန္တလေးမြို့တို့တွင်စတင်အသုံးပြုနေပြီဖြစ်ကာ ကျန်တိုင်းနှင့်ပြည်နယ်တွင်လည်း ဆက်လက်အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။
အဆိုပါ Application သည် Android ဖုန်းများတွင်သာလက်ရှိအသုံးပြု နိုင်မည်ဖြစ်ပြီး နောက်ပိုင်းမှသာ IOS ဖုန်းများတွင် အသုံးပြုနိုင်မည်လည်းဖြစ်သည်။
Recycle Myanmar Application များကိုအောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://play.google.com/store/apps/details?id=com.recyclemm.user
https://play.google.com/store/apps/details?id=com.recyclemm.picker
https://play.google.com/store/apps/details?id=com.recyclemm.business