OKPar Social Network Application မိတ်ဆက်ပွဲကျင်းပမည်

Facebook ကဲ့သို့ အသုံးပြုနိုင်ပြီး မြန်မာလူငယ်အိုင်တီပညာရှင်များတီထွင်ထားသည့် OKPar Social Network Application မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ Junction City(Promotion Area) တွင် ညနေ ၆ နာရီမှ ည ၈ နာရီအထိကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါမိတ်ဆက်ပွဲတွင် OKPar Social Network Application ရဲ့လုပ်ဆောင်ချက်များ အသုံးပြုပုံများကို ရှင်းလင်းပြောကြား သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ Cyber Police မှ ရဲမှူးကြီးညွှန့်ဝေတက်ရောက်မည်ဖြစ်ရာ Cyber နှင့်ပတ်သက်သည့် သိရှိလို သည်များကို မေးမြန်းနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

Photo Source – https://www.facebook.com/okpar.official/

အဆိုပါပွဲတွင် လက်တလောအသစ်ထွက်ရှိထားသော Samsung Galaxy Note 10 Plus ဖုန်းကိုလည်း ဂိမ်းများဆော့ရင်း Grand Pize အဖြစ်ရရှိနိုင်မည့်အစီအစဉ်များ၊ ထီး၊ ရေဘူး၊ အကျီ အစရှိသည့် လက်ဆောင်ပစ္စည်းတွေလည်း ရရှိမည့် အစီအစဉ်များ လည်းပါရှိမည်ဖြစ်ကြောင်းလည်းသိရသည်။ ထို့အပြင် OKPar ၏ စိတ်လှုပ်ရှားဖွယ်ရာကောင်းမွန်သော Features များအကြောင်းမိတ်ဆက်ပေးမည့်အပြင် OKPar အသုံးပြုပြီး ရရှိထားသော Point များဖြင့်လည်း လက်ဆောင်များ ကို တပါတည်းထုတ်ယူနိုင်မည်လည်းဖြစ်သည်။
OKPar Social Network Application တွင် အခြားဆိုရှယ်မီဒီယာများထက် အဓိကအားသာချက်ဖြစ်သည့် Function တစ်ခုကလည်း OKPar Chat ဖြစ်ပြီး အသုံးပြုသူများ Chat Setting ကိုအသုံးပြုရလွယ်ကူစေသည်။ မိမိနှင့် Chat နေသည့် Message Box ၏အပေါ်ညာဘက်ထောင့်ကို နိုပ်မည်ဆိုပါကလည်း Chat Setting ထဲသို့ ရောက်ရှိသွားမည်လည်းဖြစ်သည်။ Chat Setting တွင် ပထမဆုံးနေဖြင့် Find the chat record ဆိုသည်ကို အရင်ဆုံးမြင်တွေ့ရမည်ဖြစ်ပြီး မိမိ Chat ထား သောစာများ၊ Data များ၊ ဓာတ်ပုံဗီဒီယိုများ ပြန်ရှာဖွေနိုင်မည်လည်းဖြစ်သည်။ ပြောဆိုထားသည်များ၊ ဓာတ်ပုံများ၊ ဗီဒီယိုများ ကိုနေ့စွဲမှတ်မိပါက နေ့စွဲအ လိုက်လွယ်လွယ်ကူကူပြန်ရှာဖွေနိုင်မည်လည်းဖြစ်သည်။ထို့အပြင် Files များ Link များကိုလည်း အလွယ်တကူပြန်လည်ရှာဖွေနိုင်မည်လည်းဖြစ်သည်။ Chat တွင် ပေးပို့နေသည့်စာများနှင့်အချက်အလက်များအား ပြောဆို သူနှစ်ဦးအပြင် အခြားမည်သူမျှဝင်ရောက်ကြည့်ရှုမရနိုင်အောင်ပြုလုပ်ထားခြင်းလည်းဖြစ်သည်။ သို့သော် OKPar App ကို Unistall လုပ်လိုက်သည့်ဖြစ်စေ၊ Chat Setting ထဲမှ Clear Chat History အားနိုပ်မိသည်ဆိုပါက Find the chat record ပြန်ရှာဖွေမရတော့နိုင်မည်လည်းဖြစ် သည်။ OKPar ၏ Policay သည် Chat မှ Data အကုန်လုံးအား မိမိ၏ဖုန်းထဲ တွင်သာရှိနေခြင်းကြောင့် Application ပျက်စီး သွားသည်နှင့်တပြိုင်နက် Data များလည်း အကုန်ပျက်စီးသွားမည်လည်းဖြစ် သည်။

Photo Source – https://www.facebook.com/okpar.official/

OKPar ၏ အဓိကပထမဆုံးအားသာချက်မှာလည်း မြန်မာနိုင်ငံသားများကိုယ်တိုင် ပြုလုပ်ထားခြင်းဖြစ်ပြီး၊ မြန်မာပြည်တွင်း မှာပင် အခြေစိုက်ထားခြင်းလည်းဖြစ်သည်။ ဖြစ်ပေါ်လာသည့်အခက်အခဲများအား အချိန်နဲ့တပြေးညီ ဖြေရှင်းပေးမည့် Admin Team များကလည်း မြန်မာလူမျိုးများသာဖြစ်နေခြင်းအတွက်ကြောင့်ဖြစ်သည်။ ထို့အပြင် OKPar ၏ Signature Feature တစ်ခုဖြစ်သည့် OKPar Chat တွင်အသုံးပြုထားသည့် End-to-End Encryption ဖြစ်သည်။ အကောင့်စဖွင့်သည့်အချိန်တွင် အသုံးပြုမည့်သူများ၏ အချက်အလက်များကို တောင်းခံထားသည့်အတွက် Privicy ကိစ္စများစိုးရိမ်မှုကင်းဝေးစေရန်လည်း စီစဉ်ထားခြင်းဖြစ်သည်။ ထို့အပြင် Application အား UI ဒီဇိုင်းဖြင့် ရိုးရှင်းစွာပြုလုပ်ထားသည်။

Photo Source – https://www.facebook.com/okpar.official/

OKPar အကောင့်အသစ်ဖွင့်ရန်အတွက် အချိန်ငါးမိနစ်ခန့်သာကြာမြင့်မည်ဖြစ်ပြီး လုံခြုံရေးအပိုင်းအား OKPar ၏အဓိက အမှတ်သင်္ကေတအနေဖြင့် ဂရုစိုက်ပြင်ဆင်ပေးထားခြင်းလည်းဖြစ်သည်။ တခြား Social Network များကဲ့သို့ အကောင့်အ ဟက်ခံရခြင်းများ မဖြစ်ပွားစေရန် ဖုန်းနံပါတ်ကိုအဓိကထား၍ ပြုလုပ်ထားခြင်းဖြစ်ပြီး မိမိဖုန်းမှလွှဲကာအခြားတစ်နေရာမှ အသုံးပြုမရနိုင်အောင်စီမံထားခြင်းလည်းဖြစ်သည်။ OKPar တွင် မည်သည့်အကြောင်းအရာများမဆို လွတ်လပ်စွာပြောဆို ရေးသားခွင့်ရှိမည်ဖြစ်ပြီး တစ်ဖက်နစ်နာသူဘက်မှ Rport တင်တိုင်ကြားလာပါက စစ်ဆေးသတိပေးခြင်းမျိုးပြုလုပ်သွားမည် လည်းဖြစ်သည်။
အောက်ပါ Facebook Page Link တွင်လည်းဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.facebook.com/okpar.official/
OKPar App ကို အသုံးပြုလိုသူများအတွက် အောက်ပါ Link များတွင် ဝင်ရောက် Install ပြုလုပ်နိုင်ပါသည်။
Android ဖုန်းများအတွက် အောက်ပါ Link တွင် Install ပြုလုပ်နိုင်ပါသည်။
https://play.google.com/store/apps/details?id=org.okpar
iOS ဖုန်းများအတွက် အောက်ပါLink တွင် ဝင်ရောက် Install ပြုလုပ်နိုင်ပါသည်။
https://itunes.apple.com/us/app/okpar/id1448564474?mt=8