မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များအသင်းမှ ကြီးမှူး၍ အဋ္ဌမအကြိမ် Developer Conference 2019 ကျင်းပမည်

၂၀၁၁ ခုနှစ်မှစတင်ကာ နှစ်စဉ်ကျင်းပမြဲဖြစ်သော Developer Conference ၏ အဋ္ဌမအကြိမ်မြောက်နှီးနှောဖလှယ်ပွဲကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နှင့် ၂၂ ရက်နေ့များတွင် ရန်ကုန်မြို့ လှိုင်တက္ကသိုလ်ဝန်းရှိ Myanmar information & Communication Technology Park(MICT Park) မြန်မာနိုင်ငံကွန်ပျူတာပညာရှင်များအသင်းမှကြီးမှူး၍ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

Photo Source – https://www.devconmyanmar.org

Developer Conference(DevCon) သည် ရန်ကုန်မြို့နှင့် မြန်မာပြည်တစ်ဝှမ်းရှိ Computer, Software, Networking နှင့် IT နည်းပညာလုပ်ငန်းများမှ ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ Computer နှင့် IT ကျောင်းများ၊ တက္ကသိုလ်များမှ ပါမောက္ခ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ နိုင်ငံရပ်ခြားရောက် မြန်မာပညာရှင်များ၊ နိုင်ငံခြားတက္ကသိုလ်နှင့်လုပ်ငန်း များမှ ပညာရှင်များနှစ်စဉ်စုဝေးကာ အသိပညာ၊ အတတ်ပညာများနှင့်နောက်ဆုံးပေါ်နည်းစနစ်များ၊ နည်းပညာများကို တင်ပြ ဆွေးနွေးဖလှယ်ကြသော ဆွေးနွေးပွဲတစ်ခုလည်းဖြစ်သည်။
ပြောင်းလဲလာသောခေတ်၊ ပွင့်လင်းလာသောနိုင်ငံရေး၊ စီးပွားရေး၊ ဈေးကွက်နှင့်တိုးတက်လာသော နည်းပညာများကို ကမ္ဘာနှင့်လိုက်မှီရန် ပညာရှင်များမှ ၎င်းတို့စမ်းသပ်ထားသောနည်းသစ်များ၊ သိရှိထားသောဗဟုသုတများ၊ ဆောင်ရန်ရှောင် ရန်များကို မြန်မာ့စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် နှစ်ရက်ကြာတင်ပြဆွေးနွေးဖလှယ်သွားမည့် ပွဲတစ်ခုလည်းဖြစ် သည်။

Photo Source – https://www.devconmyanmar.org

Developer Conference 2019 တွင် Upcoming Trends အဖြစ် (Data Science, Blockchain, Quantum Computing, IoT,AI,AR,VR), Current Technologies များထဲမှ(Cloud, Virtualization,Docker,XaaS,Apps,Bots), Experience/ Case Studies, Security, Software development and Languages, Business side of software, UI/UX နှင့် Others software related topics များစသည့် နည်းပညာများကို ဈေးကွက်ထဲတွင် လက်တွေ့လုပ်ကိုင်နေကြသော ပညာရှင်များမှ တင်ပြဆွေးနွေးဟောပြောကြမည်ဖြစ်ကြောင်းလည်းသိရသည်။
Developer Conference ဖြစ်မြောက်ရေးအတွက် ပြည်တွင်း၊ ပြည်ပမှ သေး၊ ငယ်၊ ကြီးလတ် နည်းပညာကုမ္ပဏီများစွာတို့မှ တက်ကြွစွာ ပံ့ပိုးကူညီထားကြပြီး တက်ရောက်သူများအတွက် လက်ဆောင်များနှင့်နေ့လယ်စာ Dinner များစီစဉ်ထားရှိပေး သွားမည်လည်းဖြစ်သည်။ တက်ရောက်လိုသူများအနေဖြင့်လည်း မှတ်ပုံတင်ပြီးလက်မှတ်ဝယ်ယူနိုင်မှာဖြစ်ပြီး ပွဲနေ့မတိုင်ခင် လာရောက်လက်မှတ်ဝယ်သူများကိုလည်း မြန်မာကျပ်ငွေ ၁၅၀၀၀ဖြင့်ရောင်းချပေးသွားမည်ဖြစ်ပြီး ပွဲနေ့မှလာရောက် ဝယ်ယူသူများအား မြန်မာကျပ်ငွေ ၂၀၀၀၀ ဖြင့်ရောင်းချပေးသွားမည်လည်းဖြစ်သည်။

Photo Source – https://www.devconmyanmar.org

လက်မှတ်ဝယ်ယူနိုင်သောနေရာများမှာလည်း (MCPA Office –Building(9), Ground Floor, MICT Park, Hlaing Campus)၊ (GUSTO Collage –No.289(A), Pyay Road, Sanchaung Township)၊ (KMD Center 1 – No.331, Pyay Street, Myanegone, Sanchaung Township)၊ (KMD Center 2 –Building No.(30/31), Insein Road, Kamaryut Township)၊ (Micro Computer – No.143, Ground Floor, 46 Street, Upper Block, Botahtaung Township)၊ (Kanaung Hub –Building 14, 5th Floor, MICT Park, Hlaing Township) နှင့်ကွန်ပျူတာတက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များတွင် ဝယ်ယူရရှိနိုင်ကြောင်းသိရသည်။
Developer Conference ၏ ပင်မ Website မှာ အောက်ပါအတိုင်းဖြစ်ပြီး နောက်ဆုံးရအသေးစိတ်သတင်းအချက်အလက် များကို အောက်ပါ Link တွင်ဝင်ရောက်ရှာဖွေနိုင်ပါသည်။
https://www.devconmyanmar.org
ဖုန်းဖြင့်အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက ဖုန်းနံပါတ် MCPA OFFICE 652276၊ 09 5067168 များသို့ဆက်သွယ်စုံစမ်းနိုင် ကြောင်းလည်းသိရသည်။