Startup အဆင့်ကနေ စုံလင်တဲ့ခရီးသွားဝန်ဆောင်မှုများကြောင့် လူသိများလာတဲ့ GoP Tour Platform

မြန်မာနိုင်ငံရဲ့ နည်းပညာပိုင်းဆိုင်ရာတိုးတက်လာတာနဲ့အမျှ လိုချင်တာတွေ၊ သိချင်တာရှိတာတွေကို အလွယ် တကူရှာဖွေနိုင်၊ ဝယ်ယူနိုင်တာလည်း အားလုံးအတွက် အားသက်ချက်တစ်ခုလည်းဖြစ်ပါတယ်။ အွန်လိုင်းပေါ်ကနေ အလွယ် တကူရှာဖွေတက်တဲ့အလေ့အထတွေကြောင့်လည်း လွတ်လပ်စွာဝယ်ယူနိုင်တဲ့ Online Platform တွေ အများအပြားထွက် ပေါ်လာကြတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အခြားနည်းပညာပိုင်းဆိုင်ရာ Platform တွေ၊ အစားအသောက်ပိုင်း ဆိုင်ရာတွေနဲ့ ခရီးသွားလာရေးဆိုင်ရာအချက်အလက်တွေကို လွယ်ကူစွာရှာဖွေဝယ်ယူနိုင်တဲ့ Platform တွေထွက်ပေါ်လာ ခဲ့တာကလည်း လူတိုင်းအတွက် ကောင်းမွန်တဲ့အခွင့်အလမ်းတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။
အဲ့ဒီလို Platform တွေများစွာထဲက မြန်မာပြည်တွင်းခရီးသွားရေးကဏ္ဍတွေကို များစွာအထောက်အကူဖြစ်လာစေတဲ့နေရာမှာ GoP Tour Platform ကလည်း တစ်ခုပါအဝင်ဖြစ်ပါတယ်။ GoP Tour Platform ကို ၂၀၁၆ ခုနှစ် ဧပြီလမှာ Startup တစ်ခုအနေနဲ့ စတင်ခဲ့ပြီး အခုအချိန်မှာတော့ အသုံးပြုသူအရေအတွက်ပိုမိုများပြားလာခဲ့သလို မြန်မာပြည်တွင်း ခရီးသွားလာလည်ပတ် ချင်သူအတွက် များစွာအကျိုးရှိစေတဲ့ Platform တစ်ခုအဖြစ်ရပ်တည်နေတာလည်းဖြစ်ပါတယ်။

Photo Source –https://www.goptour.com/

GoP Tour Platform ၏ CEO က “GoP Tour Platform ကို စဖြစ်တာကတော့ ကျွန်တော့်သူငယ်ချင်းတွေနဲ့ အကြံလေးတစ်ခုရတယ်ပေါ့။ အဲ့ဒီအချိန် ၂၀၁၆ ခုနှစ်လောက်က Facebook မှာ Tour တွေရှာရတာ အဲ့လောက်ထိလည်း အဆင်မပြေသေးဘူး။ ရှာလိုက်ရင်လည်း လိုချင်တဲ့ Result မထွက်လာကြဘူး။ အဲ့ဒီတော့ လွယ်လွယ်ကူကူရှာလို့ရတဲ့ဟာလေးတွေရှိရင် ကောင်းမှာပဲဆိုပြီးတော့ Idea တစ်ခုရ လာတာပေါ့။ ဒီလိုနဲ့ကျွန်တော်တို့စပြီးတော့လုပ်ဖြစ်သွားကြတယ်။ အဲ့ဒီအချိန်မှာပဲ ဖန်တီးရာကနေပြီးတော့ startup တွေအတွက်ဆိုပြီး ပြိုင်ပွဲလေးတစ်ခုလုပ်တယ်။ ကျွန်တော်တို့သွားလျှောက်လိုက်တော့ အဖွဲ့၅၀လောက်မှာ ကျွန်တော်တို့နဲ့ အခြားတစ်ဖွဲ့တစ်ဖွဲ့ပါသွားတယ်။ ကျွန်တော်တို့ဘန်ကောက်ကိုသွားရပြီးတော့ အဲ့ဒီမှာ Accelerator Training လေးလ လောက်သွားတက်ရတယ်။ အဲ့ဒီကပြန်လာတော့လည်းဖန်တီးရာ Accelerator ကိုပြန်ဝင်တယ်။ ၆ လလောက် ထပ်ကြာ တယ်ပေါ့။ စဖြစ်တာကတော့ အဲ့ဒီလိုပဲစဖြစ်သွားတာပါ။ အခုတော့ ဝန်ထမ်းအင်အား ၆ ဦးနဲ့ဆက်လက်လည်ပတ်နေပါတယ်”
Startup တစ်ခုဖြစ်တဲ့ GoP Tour Platform အနေနဲ့ တည်ထောင်စဉ်ကာလမှာလည်း ကြိုတင်မသိရှိနိုင်တဲ့ အခက် အခဲများစွာကိုရင်ဆိုင်ခဲ့ရပြီး တက်စွမ်းသမျှထက်ပိုကာ များစွာရင်ဆိုင်ခဲ့ရပုံကိုလည်း သူကခုလိုပြောပြပါတယ်။
“အခက်အခဲတွေကတော့အများကြီးပေါ့။ ကျွန်တော်တို့က Developer တွေဆိုတော့ ကုတ်ရေးရမယ်ဆိုတာပဲသိတာလေ။ Idea တစ်ခုကို ဘယ်လိုမျိုး validate လုပ်လဲ။ ဒါမျိုးတွေမသိဘူး Idea ကို Validate လုပ်တယ်ဆိုတာက ဒီအရာကဈေးကွက်ထဲကိုထည့်ရင်ရော အဆင်ပြေမလား Product Market ဆိုရင်လည်းဒီဈေး ကွက်နဲ့ ဒီ Product နဲ့ အဆင် ပြေမလားစဉ်းစားရတာပေါ့။ ပြောရမယ်ဆိုရင် startup knowledge တွေမရှိဘူးဆိုတဲ့သဘောပါ။ ကြုံရတာက တော့အဲ့ဒီလိုအခက်အခဲတွေပါ။ နောက်ပြီးတော့ safe ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အချက်တွေမသိခဲ့တော့ အခက်အ ခဲတွေ့ခဲ့ရတာပေါ့။”

Photo Source –https://www.goptour.com/

လက်ရှိတွင် GoP Tour Platform ရှိ ခရီးစဉ်များကို ဝင်ရောက်ကြည့်ရှုသူ သုံးသိန်းကျော်ရှိနေပြီဖြစ်ပြီး ခရီးစဉ်ဝယ်ယူသူများအ နေဖြင့်လည်း နှစ်ထောင်ကျော်ရှိနေပြီ ဖြစ်ပါတယ်။ GoP Tour Platform အနေဖြင့်လည်း ၂၀၁၇ ခုနှစ် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံ ခရီးသွားတာနဲ့ပတ်သက်ပြီး ပြိုင်ခဲ့တဲ့ Mekong Innovation Startups in Tourism(MIST) ပြိုင်ပွဲမှာ ပထမရရှိခဲ့ပြီးလည်းဖြစ်ပါတယ်။
GoP Tour Platform တွင်ထည့်သွင်းမည့် ခရီးစဉ်များအတွက်လည်း မြန်မာပြည်အနှံ့အပြားရှိ ခရီးသွားလုပ်ငန်းများနှင့်ချိတ် ဆက်ဆောင်ရွက်ထားခြင်းဖြစ်ပြီး ယခုနောက်ပိုင်းမှာလည်း အနယ်နယ်အရပ်ရပ်ရှိ Car Rental များ၊ Tour Guide များဖြင့် ချိတ်ဆက်ဆောင်ရွက်ထားတာလည်းဖြစ်ပါတယ်။
GoP Tour Platform မှာ မြန်မာပြည်တွင်းခရီးစဉ် အပြည့်အစုံထပ်မံဖြည့်စွက်မှုနဲ့ပတ်သက်ပြီး GoP Tour Platform ၏ CEO ဖြစ်သူက “GoP Platform ကိုစတင်ချိန်တုန်းကတော့ ရန်ကုန်လမ်းညွှန်တို့ Facebook Page တွေကနေ ချိတ်ဆက်ပြီး လုပ်ကိုင်တာပေါ့။ ခရီးသွားလုပ်ငန်းတွေနဲ့ အရင်ဆုံးဖုန်းဆက်ပြီးမိတ်ဆက်တယ်။ Booking တစ်ခုရ မယ်ဆိုရင် ကျွန်တော်တို့အတွက်ကတော့ commission ကြေးဘယ်လောက်ရမယ်ဆိုပြီးတော့ပေါ့။ GoP မှာ တချို့ခရီးစဉ် တွေမပါဝင်သေးတာကလည်း version 2.0 မပြောင်းရသေးလို့ပါ။ Version အသစ်က အခုမှစတော့ အဟောင်းရဲ့ခရီးစဉ် တွေအကုန်လုံးပြောင်းလို့မပြီးသေးပါဘူး။ အဟောင်းမှာခရီးစဉ်ပေါင်း ၆၀ လောက်ရှိရင် အသစ်ကိုခရီးစဉ် ၆၀ လောက်မရောက်သေးတာပါ။ တစ်ပတ်နှစ်ပတ်အတွင်းတော့ ခရီးစဉ်အားလုံးပြန်စုံတော့မှာပါ။ အခုဆိုရင် ဂေါ်ရင်ဂျီ ခရီးစဉ်မရှိဘူး။ တကယ်တော့ အဟောင်းမှာကရှိပြီးသားပါ။ နည်းပညာပိုင်းကပြီးသွားပြီးတော့ Website ပေါ်ကို Content တွေတင်ရတဲ့အဖွဲ့ကအလုပ်တွေများနေတော့မပြီးသေးတဲ့အတွက်ကြောင့်လည်းဖြစ်ပါတယ်”
မြန်မာပြည်တွင်း အင်တာနက်သုံးစွဲသူတွေအနေနဲ့ GoP Tour Platform ကိုဝင်ရောက်ကြည့်ရှုမှုနဲ့ပတ်သက်ပြီး သူက “ကျွန်တော်တို့ဆီမှာတော့ Facebook က internet လို့ပဲ သိထားကြတာလည်းပါပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံက အင်တာနက်လိုင်းတွေကောင်းပြီးတော့ Sim card တွေလွယ်လွယ်ကူကူရတဲ့အချိန်နဲ့ facebook စသုံးတဲ့အချိန်နဲ့က ကွက်တိကျတယ်။ ဒီတော့ ကျွန်တော်တို့မှာက တစ်ခုခုလိုချင်ရင် Google မှာသွားရှာရမယ် Chrome ၊Browser၊ firefox၊ website တွေလိုမှာ ရှာရမယ်ဆိုတဲ့ အလေ့အထလေးမရှိလိုက်ဘူး။ ဥပမာ နာမည်နဲ့တကူးတက ရိုက်ရှာရမယ့်အသိက သိပ်မရှိကြဘူး။ ရှိရင်တောင် အနည်းအကျဉ်း လောက်ပဲရှိတယ်။ တစ်ခုခုဆိုရင် facebook ဖွင့်ပြီးအဲ့ဒီမှာပဲအကုန်ရှာကြတယ်။ အားနည်းချက် အားသာချက်ကျတော့ ရှိတာပေါ့နော်။ အားနည်းချက်ကျတော့ အရာရာတိုင်းက Facebook ပဲဖြစ်နေတာကတော့ခက်ခဲတာပေါ့။ အားသာချက်က တော့ Facebook မိတ်ဆက်ပေးလို့သာ လူတွေက ဒီလောက်ထိသိလာတာပေါ့။ သူသာမရှိရင် လူတွေသုံးပါ့မလား ဘာတွေဖြစ်နေမလဲပေါ့၊ ဒါပေမယ့်တစ်ခုရှိတာက လူတွေက www.goptour.com ဆိုပြီးတော့ တိုက်ရိုက်မကြည့်ကြဘူး။ Facebook ရှိတဲ့အတွက် Facebook ကကြော်ငြာကနေတစ်ဆင့် အဲ့ဒီကနေလူတွေကလာကြတာပေါ့ ကျွန်တော်တို့က customer အများစုကလည်း facebook ကနေလာတဲ့လူတွေကများပါတယ်”

Photo Source –https://www.goptour.com/

Startup တစ်ခုအနေနဲ့လုပ်ကိုင်လိုသူတွေ အနေနဲ့လည်း GoP Tour Platform CEO က သူရဲ့အမြင်ကို ခုလိုပြောပါတယ်။ “Startup ဆိုတာမျိုးက မသေချာမရေရာတဲ့ အလုပ်မျိုးကိုစလုပ်ရတာမျိုးလိုပဲ။ ဘယ်လိုမျိုးလဲဆိုတော့ ဥပမာပြောရရင် မုန့်ဟင်းခါးဆိုင်တစ်ဆိုင်ဖွင့်ထားရင် မုန့်ဟင်းခါးဆိုင်ဆိုတာ လူတွေကသိတယ် မုန့်ဟင်းခါးကဘာလဲဆိုတာလဲသိတဲ့အတွက် မုန့်ဟင်းခါး quality ကောင်းလို့ရောင်းတယ် ဖြစ်နိုင်ချေရှိသေးတယ်ပေါ့နော်။ ဥပမာ Startup တစ်ခုအနေနဲ့ GoP ပဲထားပါတော့။ GoP က Tour Platform အနေနဲ့စတယ်။ GoP စတဲ့အချိန်မှာ ဒီလိုပဲ Tour ခေါ်တာတွေ ချိတ်ဆက်ပြီးရွေးချယ်စရာတွေဆိုတာကနည်းတယ်။ ဒါက အသစ်တစ်ခုလိုကိုဖြစ်နေတာပေါ့။ တခြားနိုင်ငံမှာတော့ အသစ်မဟုတ်ရင်တောင် ဒီနိုင်ငံမှာတော့ အသစ်တစ်ခုပေါ့နော်။ အဲ့ဒီလိုပဲ Travel and Tour ဆိုတာ ကအသစ်မဟုတ်ပေမယ့် အင်တာနက်ပေါ်ကနေရောင်းမယ် ရွေးမယ်ဆိုတာကတော့ အသစ်တစ်ခုပေါ့ ဒီလိုအသစ်တစ်ခု လုပ်ရတယ်ဆိုတာကတော့ မလွယ်ပါဘူး ကျရှုံးနိုင်ချေလည်းများပါတယ်။ ကိုယ်လုပ်မယ်လို့ဆုံးဖြတ်လိုက်ပြီ ဆိုရင်တော့ သေသေချာချာ လုပ်စေချင်ပါတယ်။ နောက်ပြီးလေ့လာမှုမရှိဘဲလုပ်တာထက် သေချာလေ့လာပြီးတော့လုပ်တာက ပိုပြီးတော့အကျိုးရှိပါမယ်။ Idea ကို ဘယ်လိုမျိုး Validate လုပ်ရမလဲဈေးကွက်ထဲကို မြန်မြန်ဘယ်လိုလိုက်ရမလဲ ဘယ်လိုသွားရမလဲ အဲ့ဒါမျိုးတွေကိုလည်းလေ့လာသင့်ပါတယ်။ နောက်ထပ်ပြောချင်တာက ငယ်တုန်းရွယ်တုန်းလုပ်လိုက်တာက ကောင်းပါတယ် အတွေ့အကြုံအများကြီးရတယ်။ ဘာလို့လဲဆိုတော့ ကုမ္ပဏီအကြီးကြီးတစ်ခုအောင်မှာဝင်လုပ်တာနဲ့ ကိုယ်ကိုယ်တိုင် startup လုပ်ပြီးတော့ လုပ်ရတာနဲ့မတူပါဘူး။ ကုမ္ပဏီမှာဆိုရင်တော့ ကိုယ်ကကုမ္ပဏီအကြီးကြီးရဲ့ အစိတ်အပိုင်းသေး သေးလေးတစ်ခု ကိုယ်လုပ်နေတဲ့ အဝန်းအဝိုင်းလေးကိုကျော်ပြီးတော့ သိပ်ပြီးလေ့လာခွင့်မရှိဘူး။ startup ကျတော့ ကုမ္ပဏီ သေးသေးလေးဆိုပေမယ့် အဲ့ဒီသေးသေးလေးကအကြီးကြီးထဲက အစိတ်အပိုင်းတစ်ခုမဟုတ်ဘူး အကြီးကြီးရဲ့ Prototype သေးသေးလေးတစ်ခုလိုဖြစ်သွားပြီ။ ပြောချင်တာကတော့ကုမ္ပဏီတစ်ခုရဲ့လည်ပတ်ပုံကို သိသွားပြီ အတွေ့အကြုံအများကြီး ရသွားပြီအဲ့ဒါကြောင့်ပါပဲ”
GoP Tour Platform ကို အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.goptour.com/