Rakuten Viber မှ Mineski Global နှင့် ပူးပေါင်း၍ ကမ္ဘာ့ထိပ်တန်း စာတိုပေးပို့ရေးအက်ပလီကေးရှင်းအတွင်း လွယ်ကူစွာ ဆော့ကစားနိုင်သော စိတ်လှုပ်ရှားဖွယ်ရာ ပေါ့ပေါ့ပါးပါးဂိမ်းများအား မိတ်ဆက်၍ ဂိမ့်ဆော့ကစားမှု အတွေ့အကြုံသစ်များအား မြန်မာနိုင်ငံရှိ အသုံးပြုသူများထံသို့ မိတ်ဆက်လိုက်ပြီဖြစ်သည်။
၂၀၂၂ ခုနှစ် ဇွန်လမှ စတင်၍ မြန်မာနိုင်ငံနှင့် အာရှပစိဖိတ်ဒေသတစ်ဝှမ်းရှိ အသုံးပြုသူများသည် Viber အတွင်းရှိ mgames chatbot တွင် လွယ်ကူစွာနှင့် ပေါ့ပေါ့ပါးပါးဆော့ကစား၍ရသော လစဉ် အသစ်ထွက်သည့် ဂိမ်းအမျိုးအစားပေါင်း ၇၀ အထိ အခမဲ့ လွယ်ကူစွာ ဆော့ကစားလို့ရမည်ဖြစ်သည်။ mgames သည် Mineski Global မှ ဖန်တီးထားသော ဂိမ်းပလက်ဖောင်း တစ်ခုဖြစ်ပြီး စုံလင်ပြီး ဆော့ရလွယ်ကူသည့် ပေါ့ပေါ့ပါးပါး ဂိမ်းအမျိုးအစား များစွာ ကိုရွေးချယ်ဆော့ကစား နိုင်စေရန် စီစဉ် ပေးထားသည်။
Photo Source https://www.viber.com
“ကျွန်တော်တို့အနေနဲ့ Mineski Global နဲ့ ပူးပေါင်းပြီး အသုံးပြုသူတွေ အက်ပလီကေးရှင်းအတွင်း ဖုန်းဂိမ်းတွေဆော့ကစားနိုင်အောင် ထည့်သွင်းနိုင်တဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်တို့တွေက Viber အတွက် ဂိမ်းကိုပဲ သီးသန့် မိတ်ဆက်ပေးလိုက်တာမဟုတ်ပါဘူး။ ပေါ့ပေါ့ပါးပါး ဆော့ကစားလေ့ရှိတဲ့ ဂိမ်းကစားသူတွေအုပ်စုဖွဲ့ ဂိမ်းတွေဆော့ကစားပြီး အချင်းချင်း ချိတ်ဆက်၊ ဆက်သွယ်နိုင်ဖို့ ရည်ရွယ်ပါတယ်” Rakuten Viber ၏ စီနီယာဒါရိုက်တာ ဖြစ်သူ David Tse မှ ပြောကြားသည်။
Viber အသုံးပြုသူများသည် အသက်အရွယ်မရွေး ဆော့ကစားနိုင်သည့် စာတိုများ ရှာဖွေသောဂိမ်း၊ စိတ်လှုပ်ရှားစေသော လှုပ်ရှားမှုဂိမ်း၊ ပဟေဠိ၊ မောင်းနှင် ယှဉ်ပြိုင်ရသော ဂိမ်းများနှင့် tap ပြုလုပ် ဆော့ကစားရသည့်ဂိမ်းများ အစရှိသည့် ဂိမ်းအမျိုးအစားပေါင်းများစွာ စုံလင်စွာရှိသည့်အနက် မိမိနှစ်သက်ရာ ရွေးချယ်၍ဆော့ကစားနိုင်သည်။ ထိုကဲ့သို့ ပေါ့ပေါ့ပါးပါးဆော့ကစား၍ရသော ဂိမ်းများသည် အသုံးပြးသူများ၏ ကွန်ယက်အတွင်း အချင်းချင်း ယှဉ်ပြိုင်ကာ အောင်နိုင်သူစာရင်းဝင်၍ ဆုများရယူနိုင်စေရန် ပြုလုပ်ပေးထားသည်။ Viber သုံးပြုသူများသည် ကိုယ်ပိုင်အဖွဲ့များဖွဲ့၍ သူငယ်ချင်းများ၊ မိသားစုများနှင့် အချင်းချင်းယှည်ပြိုင်၍လည်း ဆော့ကစားနိုင်သည်။
Photo Source https://www.viber.com
“ဂိမ်းကစားခြင်းရဲ့ ကဏ္ဍတစ်ခုကို လူအများက လျစ်လျူရှုထားတတ်ကြပေမယ့်လည်း ဂိမ်းကစားခြင်းက သုံးစွဲသူတွေရဲ့ စိတ်ပျော်ရွှင်မှုကို လှုံ့ဆော်ပေးဖို့ အထိရောက်ဆုံး နည်းလမ်းတစ်ခုလို့ ကျွန်ုတော်တို့ယုံကြည်ထားပါတယ်။ ဥပမာအားဖြင့် Viber က mgames တွေမှာ သီးသန့်အခန်းတွေရှိပြီး အသုံးပြုသူတွေက သူတို့ရဲ့မိသားစု၊ သူငယ်ချင်းတွေနဲ့ ယှဉ်ပြိုင်ပွဲတွေကို ရင်းရင်းနှီးနှီး ကျင်းပနိုင်ပါတယ်။ ဒါ့အပြင် တခြားလုပ်ဆောင်ချက်တွေကလည်း အသုံးပြုသူတွေရဲ့ စာတိုပေးပို့မှုအက်ပလီကေးရှင်း အသုံးပြုတဲ့ အတွေ့အကြုံတွေကို မြှင့်တင်ပေးနိုင်ပါတယ်” ဟု Mineski ၏ အမှုဆောင် အရာရှိဖြစ်သူ Ronald Robins မှ ပြောကြားသည်။
“Viber နဲ့ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ကျွန်တော်တို့ရဲ့ ကတိကဝတ်အတိုင်း အသုံးပြုသူတွေကို ဂိမ်းကစားခြင်းကနေတစ်ဆင့် ကောင်းမွန်တဲ့အတွေ့အကြုံတွေကို ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒီပူးပေါင်းမှုက Mineski ရဲ့ ဂိမ်းတွေဆော့ကစားပြီး ပျော်ရွှင်စရာ အသိုင်းအဝိုင်းတစ်ခု ရရှိနိုင်ကြဖို့ပါ။ အခုလို Viber မှာ မတူညီတဲ့ ဂိမ်းတွေကို စုစုစည်းစည်းနဲ့ ဆော့ကစားနိုင်အောင် မိတ်ဆက်ထည့်သွင်းပေးနိုင်လို့လည်း ကျွန်တော်တို့အနေနဲ့ ဂုဏ်ယူမိပါတယ်။” ဟု Mineski ၏ အမှုဆောင်အရာရှိဖြစ်သူ Ronald Robins က ဆက်လက်ပြောကြားသည်။
Viber ရှိ mgames အကြောင်း ပိုမိုသိရှိရန် https://www.viber.com နှင့် https://www.mineskiglobal.com/mgames သို့ ဝင်ရောက်ကြည့်ရှုနိုင်သည်။