MGOU မှပစ္စည်းများကို ဆိုင်လာစရာမလိုဘဲ Website မှ မှာယူရရှိနိုင်

MGOU ဆိုတာကိုကြားလိုက်တာနဲ့တင် ဖက်ရှင်ကျလှပတဲ့ပစ္စည်းတွေကို ဈေးသက်သက်သာသာ ဝန်ဆောင်မှုကောင်းကောင်းနဲ့ ရရှိနိုင်တဲ့ နေရာလို့ တန်းသိကြမှာပါ။

MGOU ရဲ့ Product တွေအတွက် အွန်လိုင်းကနေဆိုရင် Facebook Page ကနေ ဝယ်ယူရရှိနိုင်ပြီးတော့ အခုအချိန်မှာဆိုရင်တော့ Website ကနေပါ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ 

Photo source https://www.facebook.com/MGOUMyanmar

MGOU ရဲ့ Website (https://www.mgoumyanmar.com/) ကနေမှာယူဖို့အတွက် အကောင့်ဖွင့်ထားဖို့တော့ လိုမှာ ဖြစ်ပါတယ်။ အကောင့်ဖွင့်ဖို့အတွက် Facebook နဲ့လည်း ချိတ်ဆက်နိုင်ဦးမှာ ဖြစ်ပါတယ်။ Register ပြုလုပ်ဖို့အတွက် အသုံးပြုသူနဲ့ နာမည်၊ Email Address နဲ့ Password တွေထည့်သွင်းဖို့ လိုအပ်ပါတယ်။

ပစ္စည်းတွေမှာယူဖို့အတွက် “Shop” ထဲကိုဝင်ရောက်ပြီး ကိုယ်သဘောကျတဲ့ ပစ္စည်းကို အရေအတွက်ရွေးချယ်ပြီး “Add to Cart” ပြုလုပ်ပြီး မှာယူနိုင်ပါတယ်။ Shop List ထဲမှာတော့ Daily ၊ Digital ၊ Fashion ၊ Healthy & Beauty Item ၊ Household ၊ Sesonal Item ဆိုပြီး Category လည်းရွေးချယ်ပြီး ကြည့်နိုင်ဦးမှာ ဖြစ်ပါတယ်။ Cart ထဲကို ပြန်ကြည့်ဖို့အတွက် ညာဘက်အပေါ်ထောင့်က Cart ထဲကိုဝင်ရောက်ပြီး ကိုယ်မှာယူခဲ့တာတွေကို စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ မှာယူမှုတွေအတွက် ကူပွန်တွေကိုလည်း သုံးနိုင်ဦးမှာ ဖြစ်ပါတယ်။ မှာယူပြီးတဲ့အခါ Payment အတွက် နာမည်၊ ဖုန်းနံပါတ်၊ Email Address တွေကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီး၊ မြို့နယ်နဲ့ လမ်းနာမည်တွေကိုလည်း ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ Payment အတွက် Online Transfer အဖြစ် KBZ Pay Account ကနေပို့ပေးနိုင်ပြီးတော့ MPU, OK$, 123Pay နဲ့ KBZ Pay တို့ကိုအသုံးပြုပြီး ငွေပေးချေနိုင်မှာ ဖြစ်ပါတယ်။

MGOU စတိုးဆိုင်တွေအတွက် Website ရဲ့ “Location” နေရာကနေ မြန်မာနိုင်ငံတွင်း  ဖွင့်လှစ်ထားတဲ့ ဆိုင်လိပ်စာတွေကို မြေပုံနဲ့ပါ ကြည့်ရှုနိုင်ပြီးတော့ လမ်းကြောင်းတွေကိုပါ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

MGOU မှာမှာယူတဲ့ Customer တွေအတွက် VIP Member Program ဆိုပြီးလည်း ရှိပါသေးတယ်။ Cashier မှာ Membership Program အတွက် စာရင်းပေးနိုင်ပြီးတော့ စာရင်းပေးထားတဲ့သူတွေအနေနဲ့ ဝယ်ယူထားတဲ့ဈေးနှုန်းရဲ့ ၂၀၀ကျပ်တိုင်းကို 1 Point ရရှိမှာ ဖြစ်ပါတယ်။ ရရှိထားတဲ့ Point တွေကနေ သတ်မှတ်ထားတဲ့ လက်ဆောင်တွေကိုလည်း လဲလှယ်နိုင်ဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လတိုင်းရဲ့ ၂၂ရက်နေ့ကနေ ၂၇ ရက်နေ့ကိုလည်း ကိုယ်သုံးလိုက်တဲ့ပမာဏအတွက် Point တွေကို နှစ်ဆရရှိမှာ ဖြစ်ပါတယ်။ 

Photo source https://www.mgoumyanmar.com/

MGOU နဲ့ပက်သက်တဲ့ အခြားအကြောင်းအရာတွေ၊ Promotion တွေနဲ့ သတင်းတွေအတွက် Website ရဲ့ “Latest News” ဆိုတဲ့နေရာကနေလည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်မှာ ဖြစ်ပါတယ်။

MGOU အနေနဲ့ မြန်မာနိုင်ငံကို ၂၀၁၅ ခုနှစ်ကတည်းက ‌ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ MGOU ကိုပထမဆုံးအနေနဲ့ ၂၀၁၅ ခုနှစ်ရဲ့ ခရစ်စမတ်မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ အမြဲဝယ်ယူအားပေးကြတဲ့ ဈေးဝယ်သူတွေကြောင့်ပဲ MGOU ကို မြန်မာနိုင်ငံက မြို့တော်တော်များများဆီရောက်အောင် တိုးချဲ့နိုင်ခဲ့ပါပြီ။

MGOU Myanmar နဲ့ပက်သက်ပြီး ထပ်မံသိရှိလိုတဲ့ အချက်တွေအတွက် MGOU Myanmar ရဲ့ Facebook Page (https://www.facebook.com/MGOUMyanmar) နဲ့ Website (https://www.mgoumyanmar.com/) ကနေ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။