SUNNY eSTORE နှင့် Unilever တို့ ပူးပေါင်းကာ ကိုဗစ်-၁၉ ကာလအတွင်း လွယ်ကူစွာဖြင့် ဈေးဝယ်ယူမှုများ ပြုလုပ်နိုင်ရန် ဆောင်ရွက်မည်

အွန်လိုင်းဈေးဝယ် ဝန်ဆောင်မှုပေးရာတွင် ဝယ်ယူသူများနှင့် ယုံကြည်မှု အခိုင်အမာတည်ဆောက်နိုင်ရန် ရည်ရွယ်သည့် မြန်မာနိုင်ငံ၏ e-commerce ပလက်ဖောင်းအသစ်တစ်ခုဖြစ်သော SUNNY eSTORE သည် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချလျက်ရှိသည့် နိုင်ငံတကာ ကုမ္မဏီကြီးတစ်ခုဖြစ်သော Unilever နှင့် ပူးပေါင်း၍ customer များအနေဖြင့် မိမိတို့ အိမ်ထဲတွင် လုံလုံခြုံခြုံ၊ သက်သောင့်သက်သာ နေထိုင်ရင်း Unilever ၏ အမျိုးအစားစုံလင်လှသည့် အိမ်အသုံး အဆောင် ပစ္စည်းများကို အလွယ်တကူ ဝယ်ယူနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
SUNNY eSTORE သည် အရည်အသွေးမြင့် ထုတ်ကုန်များစွာကို သက်သာသောဈေးနှုန်းများဖြင့် လွယ်လင့်တကူ ဝယ်ယူနိုင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပို့ဆောင်ပေးနိုင်ရန် အဓိကထား ဝန်ဆောင်မှုပေးမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားရှိ ဈေးဝယ်သူများမှာ ၎င်း၏ ဝက်ဘ်ဆိုက်ဖြစ်သော www.sunny.com.mm နှင့် Google Play Store သို့မဟုတ် Apple App Store တို့မှ ဒေါင်းလုဒ် ရယူထားသော မိုဘိုင်းအက်ပလီကေးရှင်း မှတစ်ဆင့် ၂၄ နာရီ၊ ၇ ရက်ပတ်လုံး အဆင်ပြေ ချောမွေ့စွာ ဈေးဝယ်ယူနိုင်သည့် အတွေ့အကြုံကို ရရှိနိုင်ကြမည် ဖြစ်သည်။ SUNNY eSTORE တွင် ဈေးဝယ်သူများမှာ ပြည်တွင်း၊ ပြည်ပရှိ နာမည်ကြီး ထုတ်ကုန်အမှတ်တံဆိပ်များအတွင်း လူကြိုက်များသော စားသောက်ကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ အိမ်နှင့် ရုံးသုံး ကိရိယာတန်ဆာပလာများ၊ အိမ်အသုံး အဆောင်ပစ္စည်းများကို မိမိစိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်မည် ဖြစ်သည်။ ငွေပေးချေရာတွင်လည်း လုံခြုံစိတ်ချရသည့် ငွေသားမဲ့ ငွေပေးချေမှုကို KBZPay မိုဘိုင်းပိုက်ဆံအိတ်ကို အသုံးပြု လုပ်ဆောင်နိုင်ပြီး ငွေကျပ် (၂၀,၀၀၀) ဖိုးနှင့်အထက် ဝယ်ယူမှုများအတွက် ပြည်တွင်းရှိ မည်သည့်နေရာဒေသမဆို အခမဲ့ ပို့ဆောင်ပေးလျက်ရှိသည်။

Photo Source https://www.sunny.com.mm

ကိုဗစ်-၁၉ တစ်ကျော့ပြန်လည်လာသော ကာလတွင် ပြည်တွင်းစားသုံးသူများအကြား e-commerce အသုံးချမှု ပိုမို တိုးမြှင့်လာသည့်အချက်ကြောင့် SUNNY eSTORE နှင့် Unilever တို့ မိတ်ဖက်ပူးပေါင်းခဲ့ပြီး စားသုံးသူများအတွက် ဘေးကင်းလုံခြုံ၍ လူသုံးကုန်၊ အိမ်သုံးကုန် ပစ္စည်းများ စိတ်ချလက်ချ ဈေးဝယ်ယူနိုင်မည့် ပလက်ဖောင်းတစ်ခု ထောက်ပံ့ဝန်ဆောင်ပေးနိုင်ရန် Unilever ၏ တရားဝင်စတိုးဆိုင် (https://sunny.com.mm/collections/unilever-promotion) ကို SUNNY eSTORE တွင် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို Unilever နှင့် ပထမဦးဆုံးအကြိမ်အဖြစ် စတင်ဆောင်ရွက်ခြင်း အထိမ်းအမှတ်အဖြစ် SUNNY eSTORE တွင် Unilever ၏ နာမည်ကြီး ကုန်အမှတ်တံဆိပ်ပစ္စည်းများဖြစ်သော POND’s ၊ Dove ၊ E-Lan ၊ LUX နှင့် KNORR တို့ အပါအဝင် အခြား လူသုံးကုန်၊ အိမ်သုံးကုန်ပစ္စည်း၊ တစ်ကိုယ်ရေစောင့်ရှောက်မှု အသုံးအဆောင်၊ အလှအပ နှင့် စားသောက်ကုန်ပစ္စည်းများစွာကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၇ ရက်နေ့အထိ (၅၀ ရာခိုင်နှုန်း) အထိ ရရှိနိုင်သော အထူးလျှော့ဈေးဖြင့် ရောင်းချပေးသွားမည် ဖြစ်ပါသည်။
“SUNNY eSTORE မှာ ဈေးဝယ်မယ်ဆိုရင် အပြင်မှာ ဆိုင်တွေအထိ သွားပြီးဈေးဝယ်တာထက် ပိုပြီး အကုန်အကျ သက်သာနိုင်တဲ့အပြင် ယုံကြည်စိတ်ချရမှုအပြည့်နဲ့ အလွယ်တကူ ဝယ်လို့ရအောင် ဆောင်ရွက်ပေးနေပါတယ်။ အခုလိုမျိုး ခက်ခဲကြပ်တည်းတဲ့ ကာလထဲမှာ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေကြဖို့ သတိပေးထားတဲ့အတွက် စားသုံးသူတွေအနေနဲ့ သူတို့လိုချင်တဲ့ ပစ္စည်းမျိုးစုံကို ကျွန်တော်တို့ ပလက်ဖောင်းကို အသုံးပြုပြီး စိတ်အေးချမ်းသာစွာ ဝယ်ယူနိုင်မှာပါ။ အခုလို Unilever နဲ့ ပူးပေါင်းပြီး ဒစ်ဂျစ်တယ်စတိုးဆိုင်တစ်ခု ဖန်တီးပေးနိုင်ခဲ့တဲ့အတွက် အထူးပဲ ဝမ်းသာဂုဏ်ယူမိပါတယ်။ အခုဆိုရင် စားသုံးသူတွေဟာ ဒစ်ဂျစ်တယ်စတိုးဆိုင်ကနေ အော်ဒါမှာယူလိုက်တာနဲ့ အရည်အသွေးမြင့် နေ့စဉ် အသုံးအဆောင်တွေကို မြန်မာနိုင်ငံအတွင်း ဘယ်နေရာပဲဖြစ်ဖြစ် သူတို့အိမ်ရှေ့အရောက် ပို့ဆောင်ပေးသွားမှာပါ”ဟု SUNNY eSTORE ၏ အမှုဆောင်အရာရှိချုပ် Mr. Francis Smulders ကပြောကြားသည်။

Photo Source https://www.sunny.com.mm

“E-commerce ဆိုတာ မြန်မာနိုင်ငံမှာ တိုးတက်မှု အမြန်ဆန်ဆုံး နယ်ပယ်တစ်ခုဖြစ်တဲ့အတွက် ကျွန်တော်တို့ စားသုံး သူတွေအတွက် သူတို့ ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာကနေ ဈေးဝယ်လို့ရအောင် ဖန်တီးပေးပြီး လိုအပ်တာတွေ ဖြည့်ဆည်း ပေးနိုင်ဖို့ တီထွင်ဆန်းသစ်တဲ့ နည်းလမ်းတွေရှာဖွေရာမှာ ကျွန်တော်တို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်လာ ပါတယ်။ လမ်းကြောင်းအသစ်တစ်ခုကို အတူတကွ စတင်ဖို့ အခုလို SUNNY eSTORE နဲ့ မိတ်ဖက်ပူးပေါင်းလိုက်တာဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ ပိုများတဲ့ စားသုံးသူတွေဆီ ကျွန်တော်တို့ အမှတ်တံဆိပ်တွေ ပျံ့နှံ့နိုင်အောင် ကူညီပေးနိုင်တဲအပြင် စားသုံးသူတွေရဲ့ အတွေ့အကြုံ၊ ကုန်စည်စီးဆင်းမှုနဲ့ ဒစ်ဂျစ်တယ် ဈေးကွက်ထိုးဖောက်ရေးတွေမှာလည်း စံနှုန်းသစ်တွေ တိုးမြှင့်ချမှတ်လာနိုင်တော့မှာ ဖြစ်ပါတယ်” ဟု Unilever EAC Myanmar Company ၏ အုပ်ချုပ်မှုဒါရိုက်တာနှင့် Unilever မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုတို့၏ ဒုဥက္ကဌဖြစ်သူ Srikanth Srinivasamadhavan က ပြောကြားသည်။
မြန်မာနိုင်ငံတွင် e-commerce အခန်းကဏ္ဍ၏ အနာဂတ်မှာ တိုးတက်ဖွံ့ဖြိုးလာမည့် အလားအလာကောင်းများ ရှိနေပါသည်။ လွန်ခဲ့သည့် လအနည်းငယ်အတွင်း SUNNY eSTORE တွင် ဝယ်ယူခဲ့သည့် ဈေးဝယ်သူအများစုမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပထမဦးဆုံးအကြိမ်အဖြစ် အွန်လိုင်းဈေးဝယ်သည့်ပုံစံကို ပြောင်းလဲ အသုံးပြုလာကြသည့် အွန်လိုင်းဈေးဝယ်သူများ ဖြစ်ပါသည်။ ထို့ကြောင့် ၂၀၂၀ ခုနှစ်၊ ဧပြီလမှ ၂၀၂၀ ခုနှစ်၊ ဇွန်လအထိ သုံးလတာကာလအတွင်း SUNNY eSTORE အွန်လိုင်းပလက်ဖောင်းတွင် ရောင်းအား နှစ်ဆ တိုးမြှင့်သွားခဲ့ပါသည်။

Photo Source https://www.sunny.com.mm

SUNNY eSTORE တွင် စစ်မှန်သော အရည်အသွေးမြင့် ထုတ်ကုန်ပစ္စည်းများကိုသာ ရောင်းချပေးခြင်း၊ ပစ္စည်းပို့ဆောင်ရာတွင် အဆင်ပြေလွယ်ကူမှုရှိစေရန် ဆောင်ရွက်ပေးခြင်း၊ ဈေးနှုန်း မှန်ကန်စွာဖြင့် သက်သက်သာသာ ဝယ်ယူနိုင်ခြင်း စသော အာမခံချက်များကြောင့် SUNNY eSTORE ၏ ဈေးဝယ်သူများမှာ ပလက်ဖောင်းတွင်သာ ဆက်လက် ဝယ်ယူအားပေးလျက် ရှိကြသည်။
SUNNY eSTORE ၏ ဈေးဝယ်သူများအနေဖြင့် ပြင်ပရှိ တရားဝင် အရောင်းကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူသည့်အတိုင်း တစ်ပြေးညီ အရည်အသွေးနှင့် စစ်မှန်မှုရှိသော ထုတ်ကုန်ပစ္စည်းများကိုသာ လက်ခံရရှိနိုင်ရန် ယုံကြည်စိတ်ချရသော မိတ်ဖက်ရောင်းချသူများနှင့်သာ လက်တွဲလုပ်ကိုင်လျက်ရှိပါသည်။ ထို့ကြောင့် အချိန်တိုအတွင်းမှာပင် SUNNY eSTORE သည် ၎င်းနှင့်လက်တွဲလုပ်ကိုင်နေသော ရောင်းချသူ အများစုအတွက် ရောင်းအားအကောင်းဆုံး အွန်လိုင်းပလက်ဖောင်း တစ်ခု ဖြစ်လာခဲ့သည်။
အောက်ပါ Link တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။
Website: https://www.sunny.com.mm
Facebook: https://www.facebook.com/sunny.estore