ကုန်တင်ကားနှင့်နောက်တွဲယာဉ်များ အလွယ်တကူ ငှားရမ်းအသုံးပြုနိုင်သော Smart Trailer Sharing Platform စတင်မိတ်ဆက်

ရိုးမမော်တော်ယာဉ်များလီမိတက်မှ ကုန်စည်ထောက်ပံ့ပို့ဆောင်သည့် အခန်းကဏ္ဍတွင် လုပ်ကိုင်လျက်ရှိသော အသေးစားနှင့်အလတ်စား ဝန်ဆောင်မှုကုမ္ပဏီများအတွက် နည်းပညာမြင့် နောက်တွဲယာဉ်နှင့် ကုန်တင်ယာဉ်များ ကို အလွယ်တကူ ငှားရမ်းအသုံးပြုနိုင်ရန်အတွက် Smart Trailer Sharing Platormနှင့် စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ Website သည် ခေတ်မီနည်းပညာနှင့်ဖန်တီးထားသော အသုံးပြုရန်လွယ်ကူသော ဒီဇိုင်းများကို အသုံးပြုထားခြင်းလည်းဖြစ်သည်။

Photo Source – https://www.yomarentals.asia/

“လက်ရှိအချိန်တွင် ကုန်စည်ထောက်ပံ့ပို့ဆောင် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများအတွက် လိုအပ်သည့်ကာလအပိုင်း အခြားအတိုင်း နောက်တွဲယာဉ်နှင့် ကုန်တင်ယာဉ်များကို အလွယ်တကူငှားရမ်းအသုံးပြုနိုင်သည့် ဝန်ဆောင်မှုကိုထပ်မံတိုး ချဲ့မိတ်ဆက်နိုင်သည့်အတွက် ဝမ်းမြောက်မိပါတယ်” ဟု ရိုးမမော်တော်ယာဉ်များ လီမိတက်မှ တာဝန်ရှိသူ Mr. Allan Davidson, Head of Vehicle Leasing and Rental မှ ပြောကြားသည်။
Smart Trailer Sharing Platform မှတစ်ဆင့် ကုန်တင်ယာဉ်များ အမျိုးအစား စုံလင်စွာ ငှားရမ်းနိုင်သည့်အပြင် နေ့အလိုက်မှစတင်၍ လအပိုင်းအခြားအထိငှားရမ်းအသုံးပြုနိုင်မည်လည်းဖြစ်သည်။ ငှားရမ်းအသုံးပြုနိုင်သည့် ကုန်တင်ယာဉ် များမှာ Container Carrier (ကွန်တိန်နာသယ်ယာဉ်) ၊ low bed (ယန္တရားတင်ယာဉ်)၊ drop deck၊ curtain sider အစရှိသည့် ကုန်တင်ယာဉ် များအပြင် cement trailer (ဘိလပ်မြေတင်ယာဉ်) များဖြစ်သည်။

Photo Source – https://www.yomarentals.asia/

လက်ရှိအချိန်တွင် Yoma Trucks & Trailers အနေဖြင့် သီလဝါဆိပ်ကမ်း၊ ရန်ကုန်၊ မန္တလေးရှိ ကုန်တွင်း ဆိပ်ကမ်းများ၊ မြဝတီအစရှိသည့်နေရာများတွင် ကုန်တင်ယာဉ်နှင့် နောက်တွဲယာဉ်များငှားရမ်းနိုင် မည့်နေရာများ (rental hub) ထားရှိပြီး မကြာမီကာလများတွင် မူဆယ်မြို့တွင်လည်းထားရှိသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ကုန်စည်ထောက်ပံ့ ပို့ဆောင်ရေးကဏ္ဍတွင် ဝန်ဆောင်မှုပေးသော လုပ်ငန်းများအနေဖြင့် စိတ်ဝင်စားပါသူများနှင့် ကားငှားရမ်းလိုသူများ စိတ်ပါဝင်စားပါကလည်း Yomarentals.Asiaw ဝက်ဘ်ဆိုက်ကို ဝင်ရောက်ကာ အချက်အလက်များ ဖြည့်သွင်း၍ ငှားရမ်းနိုင်ကြောင်းလည်းသိရသည်။
ရိုးမမော်တော်ယာဉ်များလီမိတက်သည် နိုင်ငံခြားကုမ္ပဏီများ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများကို ဘယ်မောင်း မော်တော်ယာဉ် အသစ်များ၊ စက်ယန္တယားများ ငှားရမ်းသော ကုမ္ပဏီတစ်ခုဖြစ်ပြီး၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင် ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် ကားများကို Yoma Car Share Platform မှတစ်ဆင့် နာရီအပိုင်းအခြားမှစတင်၍ ရက် ၃၀ အထိ အွန်လိုင်းမှတစ်ဆင့် ငှားရမ်းနိုင်သော ဝန်ဆောင်မှုကို မြန်မာနိုင်ငံရှိ လေဆိပ်များနှင့် လူစည်ကား သောနေရာများတွင် ကားများထားရှိ၍ ငှားရမ်းသော ဝန်ဆောင်မှုကို စတင်မိတ်ဆက်ခဲ့သည်။ လက်ရှိတွင် မြို့ပေါင်း ၉ မြို့နယ်တွင် ကားငှားရမ်း နိုင်သော နေရာ (၂၄) ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးလျက်ရှိသည်။

Photo Source – https://www.yomarentals.asia/

ရိုးမမော်တော်ယာဉ်များ လီမိတက်သည် Caterpillar စက်ယန္တယား၏ တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်သော မြန်ရွှေပြည် စက်ယန္တယားလီမိတက်နှင့်လည်း ပူးပေါင်း၍ ဆောက်လုပ်ရေး၊ တူးဖော်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုသော စက်ယန္တယားများကို ငှားရမ်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။ ဂျပန်နိုင်ငံရှိ ထိပ်တန်း အငှားချခြင်းလုပ်ငန်း လုပ်ကိုင်သော Tokyo Century နှင့်ပူးပေါင်းပြီး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
အောက်ပါ Link မှဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.yomarentals.asia/