မြန်မာနိုင်ငံ၏ အကောင်းဆုံး အခမဲ့အွန်လိုင်းဈေးဝယ် ဝက်ဘ်ဆိုဒ် MYANMARKT.COM ကို တရားဝင်မိတ်ဆက်

မြန်မာနိုင်ငံ၏ အခမဲ့အွန်လိုင်းဈေးဝယ် ဝက်ဘ်ဆိုဒ်ဖြစ်သည့် MYANMARKT.COM ကို ရောင်းသူနှင့် ဝယ်သူများကြား ချိတ်ဆက်ပေးမည့်ရည်ရွယ်ချက်ဖြင့် အဆိုပါဝက်ဆိုက်ကို မြန်မာနိုင်ငံတွင်တရားဝင် မိတ်ဆက်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။ MYANMARKT.COM တွင် လာရောက်ရောင်းချသည့် ရောင်းသူများအနေဖြင့် မိမိ၏ကုန်ပစ္စည်းများကို အခမဲ့ရောင်းနိုင်သကဲ့သို့ ဝယ်ယူသူများသည် ဝန်ဆောင်ခ ပေးချေရန် မလိုအပ်ဘဲ အဆင်ပြေ ချောမွေ့စွာ ဝယ်ယူရရှိနိုင်မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ပထမဆုံး Portal ဖြစ်လာသည့် အဆိုပါဝက်က်ဆိုဒ်တွင် ကုန်ပစ္စည်းများ၊ မော်တော်ကားများ၊ အိမ်ခြံမြေများနှင့် ဝန်ဆောင်မှုများကို Myanmarkt.com မှတစ်ဆင့် အခမဲ့တင်ရောင်းချနိုင်ခြင်း၊ မြန်မာနိုင်ငံမှာ နေထိုင်သူများအနေနှင့် အိမ်မှာနေရင်း ဝန်ဆောင်ခပေးရန်မလိုဘဲ လိုအပ်သည်များကို တစ်နေရာတည်းမှာ ရှာဖွေဝယ်ယူနိုင်ခြင်း၊ လက်ရှိအချိန်မှာ ရောင်းသူ၊ ဝယ်သူနှစ်ဦးကြား လူချင်းအနီးကပ်တွေ့ဆုံမဝယ်ယူနိုင်သည့်အချိန် Myanmarkt.com မှာတင် ဆက်သွယ်ရောင်းဝယ်နိုင်ခြင်း တို့ကိုပြုလုပ်နိုင် မည်လည်းဖြစ်သည်။

Photo Source http://www.myanmarkt.com

“မြန်မာနိုင်ငံဟာ တိုးတက်ဖွံ့ဖြိုးလာတာနဲ့အညီ လူတွေရဲ့လိုအပ်ချက်၊ ကုမ္ပဏီတွေရဲ့လိုအပ်ချက်ကလည်း များပြားလာပါတယ်။ ကျွန်မတို့တွေက လိုအပ်နေတဲ့ ကုန်ပစ္စည်းတွေကိုရောင်းဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေကို ရှာဖွေရသလို လိုအပ်နေတဲ့အရာတွေကို ဝယ်ယူဖို့လည်း ရှာဖွေကြရပါတယ်။ အဲ့ဒါတွေက ဖိနပ်အသစ်လည်း ဖြစ်ချင်ဖြစ်မယ်။ ဖုန်းတစ်လုံးလည်း ဖြစ်ချင်ဖြစ်မယ်။ ကားတစ်စီးလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ကျွန်မတို့က နိုင်ငံရဲ့လိုအပ်နေတဲ့အရာတွေဖြစ်တဲ့ ရောင်းသူ၊ ဝယ်သူတွေကြား အခမဲ့အသုံးပြုလို့ရအောင် ချိတ်ဆက်ပေးနိုင်တဲ့ အွန်လိုင်းဈေးဝယ်တဲ့ဈေးကွက်တစ်ခုဖွံ့ဖြိုးလာအောင် ကြိုးစားဖို့ဆုံးဖြတ်ခဲ့တာပါ။ ဆက်လက်ပြီး MYANMARKT.COM ကို ပိုပြီး အလွယ်တကူ၊ မြန်မြန်ဆန်ဆန်နဲ့ အသုံးပြုနိုင်အောင် ကျွန်မတို့တွေ အမြဲကြိုးစားသွားမှာပါ” ဟု MYANMARKT.COM ၏ Chief Operating Officer ဖြစ်သူ ဒေါ်ကျော့စန္ဒီက ပြောကြားသည်။

လက်ရှိအချိန်မှာ တစ်ကမ္ဘာလုံးတွင် ရင်ဆိုင်ကြုံတွေ့နေရသော COVID-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါကို မြန်မာနိုင်ငံအနေနှင့်လည်း ရင်ဆိုင်နေရသည့်အချိန် ဖြစ်သည့်အလျောက် လူမှု့ဆက်သွယ်မှုတွေကိုလည်း လျော့ချခဲ့ကြရပါသည်။ ယခုလိုအခြေအနေမှာ ကုမ္ပဏီများဘက်ကလည်း လုပ်ငန်းတာဝန်များကို ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်သွားနိုင်ရေးနှင့် ပြည်သူလူထုကလည်း လိုအပ်သည်များကို ရှာဖွေရန်အတွက် ပလက်ဖောင်းတစ်ခု ရှိထားသင့်သော အချိန်ဖြစ်သည့်အတွက် MYANMARKT.COM ကို ခြေလှမ်းစတင်ခဲ့ခြင်းလည်းဖြစ်သည်။

“ကျွန်မတို့အနေနဲ့လည်း အခုလိုခက်ခဲနေကြတဲ့အချိန် နည်းပညာမြင့် အကောင်းဆုံးနဲ့ အခမဲ့ဝန်ဆောင်မှုကို ကုမ္ပဏီများနှင့် သုံးစွဲသူများထံ မိတ်ဆက်ပေးနိုင်ခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်။ အပြင်မထွက်ကြဖို့ တားမြစ်နေတဲ့အချိန်မှာ အွန်လိုင်းဈေးဝယ်နေရာတွေက သုံးစွဲသူများအတွက် အကောင်းဆုံးနဲ့အလုံခြုံဆုံး ဖြစ်မှာပါ”ဟု ထိုသို့ ရည်ရွယ်ချက်ဖြင့် စတင်ဖြစ်ပုံအကြောင်းကို MYANMARKT.COM ၏ Chief Operating Officer ဖြစ်သူ ဒေါ်ကျော့စန္ဒီက ဆက်လက် ပြောကြားသည်။

Photo Source http://www.myanmarkt.com

ထို့အပြင် Portal ဘက်မှ မည်သည့် Product မှ ရောင်းချမှုမရှိခြင်းနှင့် ကော်မရှင်ကြေး ပေးသွင်းစရာမလိုသည့်အပြင် ရောင်းသူနှင့် ဝယ်သူကြား ဝင်ရောက်စွက်ဖက်မှုမရှိခြင်း စသည့်အချက်များသည် MYANMARKT.COM ၏ အားသာချက်များ ဖြစ်ပါသည်။ လုပ်ငန်းလုပ်ဆောင်သည့် ကြာချိန်မှာလည်း အချိန် (၂) မိနစ်နှင့် အဆင့် (၃) ဆင့်သာ ကြာမြင့်မည် ဖြစ်ပြီး ပထမအဆင့်တွင် ကုန်ပစ္စည်းပုံကို Upload တင်ခြင်း၊ ဒုတိယအဆင့်အနေဖြင့် ကုန်ပစ္စည်းအချက်အလက်များ ဖြည့်သွင်းခြင်းနှင့် တတိယအဆင့်တွင် ဆက်သွယ်ရမည့်အချက်အလက် ဖြည့်ခြင်းဖြင့် ဝယ်ယူသူများထံ ရောက်ရှိနိုင်ပါသည်။

“ကျွန်မတို့ရဲ့ရည်မှန်းချက်ကတော့ ကြုံတွေ့နေရတဲ့ကျန်းမာရေးအခက်အခဲတွေမှာ ကိုယ့်နိုင်ငံကို တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးဖို့နဲ့ ကုမ္ပဏီတွေနဲ့ လူတွေရဲ့ကြားထဲက ဆက်သွယ်မှုတွေမှာ ကူညီပံ့ပိုးပေးဖို့ ရည်ရွယ်ပါတယ်။ နောက်ပြီး ကျွန်မတို့ဝက်ဆိုက်ကဝယ်ယူသူတွေကို Free Delivery နဲ့ပို့ဆောင်ပေးမှာပါ။ ဒါက နှစ်ဘက်စလုံးအတွက်လည်း အဆင်ပြေတဲ့နည်းလမ်းတစ်ခု ဖြစ်သလို ဒီလို အခမဲ့ဝန်ဆောင်မှုကြောင့် ဝယ်သူတွေက ကိုယ်တိုင်လာဝယ်စရာမလိုသလို လိုက်လံပို့ဆောင်ပေးမယ့် Delivery တာဝန်ရှိသူတွေကလည်း သတ်မှတ်ထားတဲ့လမ်းညွှန်ချက်တွေအတိုင်း ပို့ဆောင်ပေး မှာဖြစ်လို့ ရောင်းသူ၊ ဝယ်သူနဲ့ သူတို့တွေရဲ့မိသားစုတွေအတွက်လည်း လုံခြုံစိတ်ချနိုင်မှာပါ” ဟု ဒေါ်ကျော့စန္ဒီမှ ထပ်မံ ပြောကြားခဲ့သည်။

MYANMARKT.COM အနေနှင့်လည်း လက်ရှိအခြေအနေမှာ ကုန်ပစ္စည်းများ၊ ပညာရှင်များ၊ အိမ်ခြံမြေအရောင်းအဝယ်၊ ကုမ္ပဏီများနှင့် ဝက်ဆိုက်သုံးစွဲသူများအကြား အဆိုပါဝက်ဆိုက်ကို ကောင်းမွန်စွာအသုံးချပြီး အခမ်းအနားများ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ ဝန်ဆောင်မှုများနှင့် သတင်းထုတ်ပြန်ချက်များ ဖြန့်ဝေခြင်းတို့ကို လုပ်ဆောင်နိုင်ရန် အစဉ်အမြဲ ကူညီပံ့ပိုးသွားမည် ဖြစ်ပါသည်။ 

Photo Source http://www.myanmarkt.com

MYANMARKT.COM ကို ဆက်သွယ်ရေးလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများနှင့် ကုန်စည်ကဏ္ဍတို့မှ တာဝန်ရှိသူများထံ မိတ်ဆက်ခဲ့ပြီးဖြစ်ပြီး လူငယ်ကျွမ်းကျင်သူများအတွက် ယင်းလုပ်ငန်းများမှ Internship အစီအစဉ်များနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပံ့ပိုးပေးနေသည့်အစီအစဉ်များအတွက်လည်း ကူညီဆွေးနွေးပေးခဲ့ပြီးလည်းဖြစ်သည်။

MYANMARKT.COM က မြန်မာနိုင်ငံ၏ထိပ်တန်း အွန်လိုင်းဈေးဝယ် ဝက်ဘ်ဆိုဒ်ဖြစ်ပြီး ရောင်းသူနှင့်ဝယ်သူများအတွက် ရည်ရွယ်တည်ထောင်ထားပါသည်။ ရောင်းသူများက ရောင်းချလိုသည့်ပစ္စည်း၊ မော်တော်ကားနှင့် အိမ်ခြံမြေများကို အခမဲ့၊ ကော်မရှင်ခလုံးဝပေးသွင်းစရာမလိုဘဲ အဆိုပါဈေးဝယ်ဝက်ဆိုက်မှတစ်ဆင့် ရောင်းချနိုင်ပါသည်။ အလားတူ ဝယ်သူများ ကလည်း အမျိုးအစားစုံလင်လှသည့် အရည်အသွေးမြင့်ပစ္စည်းများ ဈေးနှုန်းမှန်ကန်စွာဖြင့် ရောင်းသူများထံမှ တိုက်ရိုက်ဝယ် ယူနိုင်မှာဖြစ်ပါသည်။ MYANMARKT.COM အနေနှင့် နေ့စဉ်နှင့်အမျှ ဝင်ရောက်ကြည့်ရှု့သူတွေ လျင်မြန်စွာကြီးမားလာပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံးနှင့် ချိတ်ဆက်နိုင်ခဲ့သလို လူအချင်းချင်း ခပ်ခွာခွာနေချိန်မှာ ပြည်သူများ လုပ်ငန်းလည်ပတ်နိုင်စေ ရန်လည်း ကူညီဖြစ်ခြင်းလည်းဖြစ်သည်။

MYANMARKT.COM နှင့်ပတ်သက်ပြီး အသေးစိတ်ထပ်မံသိရှိလိုပါက အောက်ပါ Link တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

http://www.myanmarkt.com