မကြာခင်အသုံးပြုနိုင်တော့မည့် MIUI 12 နှင့် လုပ်ဆောင်ချက်အသစ်များ

MIUI ဆိုတာကတော့ တရုတ်နည်းပညာထုတ်လုပ်ရေးတစ်ခုဖြစ်တဲ့ Xiaomi က စမတ်ဖုန်းတွေ၊ တဘလက်တွေနဲ့ ကွန်ပြူတာတွေအတွက်ထုတ်လုပ်ထားတဲ့ Android Operation System တစ်ခု ဖြစ်ပါတယ်။ MIUI ကို ၂၀၁၀ ဩဂုတ်လမှာ စတင်မိတ်ဆက်အသုံးပြုခဲ့တာ အခုအချိန်ထိပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ လူသုံးများတဲ့ စမတ်ဖုန်းအမျိုးအစားတစ်ခု ဖြစ်လာခဲ့ပြီးတော့ ကမ္ဘာတစ်ဝှမ်း အသုံးပြုသူ သန်း ၄၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။ 

Photo source https://www.gsmarena.com/

ပထမဆုံး MIUI ကိုတော့ Andriod 2.2x Froyo ကိုအခြေခံပြီးတော့ တရုတ်Startup လုပ်ငန်းတစ်ခုြစ်တဲ့ Xiaomi Tech ကနေစပြီး တရုတ်ဘာသာစကားနဲ့ စတင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ တရုတ်ပြည်မက Xiaomi စမတ်ဖုန်းတွေကတော့ Google အသုံးပြုလို့ မရပေမယ့် တရုတ်နိုင်ငံပြင်ပမှာလည်း လုပ်ငန်းချဲ့ထွင်ထားတဲ့အတွက် တရုတ်ပြည်မအပြင်ဖက်က စမတ်ဖုန်းတွေမှာ တော့ Google Play Services နဲ့ Google App တွေဖြစ်တဲ့ Gmail, Google Maps, Google Play Store စတာတွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

MIUI အနေနဲ့လည်း အခုအချိန်အထိ Version ပေါင်းများစွာကို ထွက်ရှိထားပြီးပြီ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် ဩဂုတ်လ မှာတော့ ပထမဆုံး MIUI ဖြစ်တဲ့ MIUI 1 စတင်ထွက်ရှိခဲ့ပါတယ်။ Android Version ကတော့ 2.1ဖြစ်ပြီးတော့ MIUI 2 နဲ့ MIUI 3 ကိုတော့ UI ပြန်လည်ပြင်ဆင်ပြီး ထပ်မံထွက်ရှိထားတာဖြစ်ပါတယ်။ MIUI 4 မှာတော့ Anti-virus စနစ်ကို စတင်ဖြည့်သွင်းခဲ့ပါတယ်။ အခု လက်ရှိအချိန်အထိ MIUI 11 ထိ လုပ်ဆောင်စုံစုံလင်လင်နဲ့ ပေါ်ပေါက်နေပြီအထိ။ MIUI 11 ကိုတော့ ၂၀၁၉ ခုနှစ် အောက်တိုဘာလက စတင်အသုံးပြုခဲ့ပြီးတော့ Android Version 7.0 ကနေ 10.0 အထိမြင့်တင်နိုင်မှာ ဖြစ်ပါတယ်။

Photo source https://www.facebook.com/XiaomiGlobal/

MIUI 11 ကိုစတင်မိတ်ဆက်ပြီး မကြာခင်မှာတော့ Xiaomi ဟာ MIUI 12 ကိုစတင်လိုက်ပြီပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတော့ MIUI 12 ကိုစတင်အသုံးပြုနေပြီဖြစ်ပြီး မေလ ၁၉ ရက်နေ့မှာတော့ Online Launch Event နဲ့စတင်မိတ်ဆက်မှာ ဖြစ်ပါတယ်။ MIUI 12 မှာဆိုရင်တော့ Animation တွေက ပိုပြီး Smooth ဖြစ်နေမယ့် အပြင် အပြင်အဆင်ဒီဇိုင်းတွေကလည်း ပိုပြီးတော့ ခေတ်မှီနေမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့်စနစ်တစ်ခုလုံးကလည်း အရင်ထက်အများကြီး ကောင်းမွန်နေမယ်လို့သိရပါတယ်။

MIUI 12 မှာပြောင်းလဲသွားတဲ့အရာတစ်ခုကတော့ Control Center အသစ်ပေါင်းထည့်ထားခြင်းပဲ ဖြစ်ပါတယ်။ Home Screen ကနေ အောက်ကိုဆွဲချပြီးတော့ အလင်းအမှောင်လျော့တာ, Wi-Fi, Bluetooth, နဲ့ အင်တာနက်ပိတ်တာဖွင့်တာတွေကို ပြင်ဆင်နိုင်မှာပါ။ ပုံစံကတော့ iOS နဲ့ဆင်တူနေပြီးတော့ Layout ကို Setting မှာပြန်ပြင်နိုင်မှာ ဖြစ်ပါတယ်။ MIUI 12 ကိုအသုံးပြုလို့ သဘောမကျတဲ့သူအနေနဲ့လည်း MIUI 11 ကိုချက်ချင်းပြောင်းလည်း အသုံးပြုနိုင်ပါတယ်။ ဆန်းသစ်စိတ်လှုပ်ရှားစရာကောင်းတဲ့ နောက်ထပ် Feature တစ်ခုကတော့ Dynamic Wallpaper ဖြစ်ပါတယ်။ Live background wallpaper တစ်ခုအဖြစ် ကမ္ဘာဂြိုလ် ကနေ မာစ်ဂြိုလ်ကိုမြင်ရမယ့် ပုံစံပြုလုပ်ထားတာဖြစ်လို့ ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းမှာ ဖြစ်ပါတယ်။

Photo source https://www.gsmarena.com/

Animation တွေအကြောင်းကိုပြောရမယ်ဆိုရင်တော့ အသုံးပြုတဲ့စနစ်တစ်ခုလုံးမှာ ဆန်းသစ်တဲ့ Animation တွေ Transition တွေကိုသုံးထားတာ ဖြစ်ပါတယ်။ အသုံးပြုထားတဲ့ Animation တွေက ရိုးရှင်းပြီး ခေတ်မှီနေတဲ့အတွက်ကြောင့် အသုံးပြုရတာ ပိုပြီးတော့ အသက်ဝင်စေပါတယ်။ ဖုန်း Setting ထဲက Storage ကိုဖော်ပြတဲ့နေရာမှာ ဆလင်ဒါပုံစံအသုံးပြုထားပြီးတော့ အရောင်မျိုးစုံကတော့ အသုံးပြုထားတဲ့ အမျိုးအစားတွေကို ကိုယ်စားပြုဖော်ပြပေးနေတာ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး Battery ကိုကြည့်လိုက်ရင်လည်း အားသွင်းဖို့ကျန်ရှိနေသေးတဲ့ ပမာဏနဲ့ အသုံးပြုထားတဲ့ Battery ပမာဏတွေကို Animation နဲ့ပဲ ဖော်ပြပေးမှာပါ။

MIUI 12 ရဲ့ Navigation Gesture ကတော့ ဘယ်ဘက်ဒါမှမဟုတ် ညာဘက်ကိုဆွဲလိုက်ရင် အနောက်ဆုတ်တဲ့ခလုတ်ဖြစ်ပြီးတော့ မျက်နှာပြင်အောက်ခြေကနေ အပေါ်ကိုဆွဲလိုက်ရင်တော့ Home Screen ကိုရောက်သွားမှာပါ။ ဘေးကိုဆွဲပြီးဖိထားမယ်ဆိုရင်တော့ Overview Pane ကိုကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ MIUI 12 မှာအခြားအသုံးဝင်တဲ့ Features တွေအဖြစ် ကိုယ်လုပ်ချင်တဲ့ ကိစ္စတစ်ခုကိုကို ဖုန်းမသုံးချင်ဘဲ အာရုံစိုက်နိုင်အောင် ကူညီပေးမယ့် Focus Mode, Multi screen ပုံစံအသုံးပြုနိုင်မယ့် Floating Windows, Dark Mode, Xiaomi Smartphone, notebooks နဲ့ OPPO, Vivo, Realme Smartphone တွေအထိပါ အချက်အလက်တွေကူးပေးနိုင်တဲ့ Mi Share နဲ့ စက်ဘီးစီးတာ ပြေးတာတွေနဲ့ လှုပ်ရှားမှုတွေကို မှတ်သားပေးနိုင်တဲ့ Xiaomi Health တို့ပါဝင်မှာ ဖြစ်ပါတယ်။