HUAWEI Y6p စမတ်ဖုန်းအား ၁၇၉၀၀၀ ကျပ်ဖြင့် Pre-Order စတင်မှာယူနိုင်

အရည်အသွေးအသင့်အတင့်ကောင်းမွန်တဲ့ Power bank တစ်လုံးနဲ့ Bluetooth Speaker တစ်လုံးတို့ကိုဝယ်မယ်ဆိုရင် အဆိုပါ ပစ္စည်း ၂ခုပေါင်းရဲ့ တန်ဖိုးဟာအကြမ်းဖျင်းအားဖြင့် အရည်အသွေးပေါ်မူတည်ပြီး ၈ သောင်းဝန်းကျင်ကနေ တစ်သိန်းခွဲ၊ နှစ်သိန်းကျပ် ဝန်းကျင်လောက်ထိရှိတတ်ပါတယ်။ ဒါပေမယ့် ငွေကျပ် နှစ်သိန်းမပြည့်တဲ့ပမာဏနဲ့ စွမ်းဆောင် ရည်ပိုင်းလည်း အသင့်အတင့်ကောင်းမွန်တဲ့အပြင် Power bank တစ်လုံးလိုပါ အသုံးပြုလို့ရတဲ့ ဖုန်းအသစ်တစ်လုံး ရရှိနိုင်မည်ဆိုရင် စိတ်ဝင်စားဖွယ် သတင်းပဲဖြစ်ပါလိမ့်မယ်။ HUAWEI မှ မကြာမီအချိန်ကာလအတွင်းက ထုတ်ပြန်ကြော်ငြာခဲ့သည့် HUAWEI Y6p က သုံးစွဲသူတို့အတွက် ဈေးနှုန်းသင့်တင့်စွာဖြင့် ဖျော်ဖြေရေးနှင့် နေ့စဉ်ဘဝ အသုံးပြုမှုအတွက် အတွေ့အကြုံကောင်းများယူဆောင်လာပေးမှာပဲဖြစ်ပါတယ်။
HUAWEI Y series စမတ်ဖုန်းအမျိုးအစားများဟာ ကင်မရာပိုင်းကောင်းမွန်သည့်အပြင် ဘက်စုံအသုံးပြုမှုအတွက် သင့်တော်ပြီးအကြမ်းခံနိုင်မှု စသည့် အချက်များကြောင့် မြန်မာနိုင်ငံဈေးကွက်အတွင်းနာမည်ကောင်းရပြီးသား စမတ်ဖုန်းအမျိုးအစားများဖြစ်ပါတယ်။ ယခု HUAWEI Y6p စမတ်ဖုန်းကို လက်ရှိဈေးကွက်တွင်ရှိနေတဲ့ ၂ သိန်းကျပ် အောက်ဖုန်းအချို့ထက် ပိုမိုများပြားသည့် RAM နဲ့ Storage ပမာဏဖြစ်သည့် 4GBRAM+64GBROM အသုံးပြုထားပြီး ဘက်ထရီပမာဏကိုလည်း 5000 mAh အထိ မြှင့်တင် ထည့်သွင်းအသုံးပြုပေးထားသည့်အတွက် တစ်နေကုန် ဖုန်းအသုံးပြုနေရသူ၊ မိုဘိုင်းဂိမ်းများကို နှစ်ခြိုက်ရူးသွပ်စွာဆော့ကစားတတ်ကြသည့် သုံးစွဲသူတို့အတွက် သင့်တော်သလို Power Bank တစ်ခုလိုပါ အသုံးပြုနိုင်မှာဖြစ်ပါသည်။ ဒါ့အပြင် 13MP Triple ကင်မရာဖြင့်လည်း အမှတ်တရများကို ပုံထွက်အရည်အသွေးကောင်းမွန်စွာဖြင့် မှတ်တမ်းတင်နိုင်ဦးမှာလည်း ဖြစ်ပါတယ်။

Photo Source https://web.facebook.com/HuaweimobileMM/

HUAWEI Y6p မှာ ဘက်ထရီပမာဏ 5000 mAh ကိုတပ်ဆင်အသုံးပြုထားပြီး တစ်နေကုန်ဖုန်းအသုံးပြုမှုအတွက် လုံလောက်စေမည့် ပမာဏဖြစ်သည့်အပြင် OTG cable မှတစ်ဆင့် 6W reverse charging စနစ်ကိုအသုံးပြုနိုင်အောင် စီစဉ်ပေးထားပါတယ်။ အခြားသောဖုန်းနှင့် devices များကို 5V/1.2A output ဖြင့် ပြန်လည်အားဖြည့်သွင်းပေးနိုင်သော Power bank တစ်ခုအဖြစ်လည်း အသုံးချနိုင်ဦးမှာဖြစ်ပါတယ်။ ဖျော်ဖြေရေးပိုင်းအသုံးချမှုအတွက်လည်း အားကောင်းတဲ့ Speaker ကိုထည့်သွင်းအသုံးပြုပေးထားပြီး Bass အသံထွက်ပိုင်းကိုလည်းပိုမိုရှင်းလင်းစွာခံစားရရှိစေမှာဖြစ်ပါတယ်။ HUAWEI Y6p မှာ ထည့်သွင်းတပ်ဆင်ပေးထားတဲ့ စပီကာအမျိုးအစားမှာ 88db (အသံကျယ်လောင်မှုကိုတိုင်း တာသည့်ယူနစ်တစ်မျိုး) အထိ ထုတ်လွှတ်နိုင်စွမ်းရှိကာဈေးကွက်အတွင်းရှိ သမရိုးကျ ဖုန်းမော်ဒယ်များထက်လည်း သိသိသာသာကောင်းမွန်သည့် အကြားအာရုံပိုင်းအတွေ့အကြုံကိုခံစားရရှိစေမှာဖြစ်ပြီး Bluetooth Speaker တစ်လုံးအလားလည်း အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။
ဈေးကွက်အတွင်းရှိ ကျပ်နှစ်သိန်းအောက်ကျသင့်တဲ့ ဖုန်းမော်ဒယ်အမျိုးအစားအများစုမှာ internal storage 32GB ဖြင့်အများဆံုံးတွေ့ရလေ့ရှိပါတယ်။ System ပိုင်းအသုံးပြုမှုအတွက် အနည်းဆုံး 7GB ပမာဏကိုဖဲ့ပေးလိုက်ရပြီးသောအခါ အသုံးပြုသူအတွက် အမှန်တကယ် အသုံးပြုနိုင်မည့် သိုလှောင်မှု ပမာဏမှာ 20 GB ဝန်းကျင်သာကျန်ရှိပါတော့တယ်။ အရည်အသွေးပြည့် သီချင်းဖိုင်တစ်ဖိုင်အတွက် 10MB ဝန်းကျင်နှင့် HD အရည်အသွေးရှိသည့် ရုပ်ရှင်ကားတစ်ကားဟာ 1.5GB မှ 2GB ဝန်းကျင်ခန့် ပျမ်းမျှ File size အရွယ်အစားရှိတတ်သည့်အတွက် 32 GB သိုလှောင်မှု ပမာဏမှာ ယနေ့ခေတ်ကာလနဲ့ လိုက်လျောညီထွေမှု မရှိတော့တဲ့ ပမာဏလည်း ဖြစ်ပါတယ်။ HUAWEI Y6p တွင် သိုလှောင်မှု ပမာဏကို 64 GB အထိထည့်သွင်းပေးထားပြီး အမှန်တကယ် အသုံးပြုနိုင်မည့် ပမာဏကလည်း 50GB ဝန်းကျင် အထိရှိလာတဲ့အတွက် ရုပ်ရှင်ကားများသီချင်းများစွာကို ပိုမိုသိမ်းထားနိုင်မှာလည်း ဖြစ်ပါတယ်။

Photo Source https://web.facebook.com/HuaweimobileMM/

HUAWEI Y6p မှာ ကင်မရာသုံးလုံးတပ်ဆင်ပေးထားပြီး အဓိကကင်မရာအဖြစ် 13MP sensor နဲ့အတူ ၁၂၀ ဒီဂရီအထိ ရိုက်ကူးနိုင်မည့် 5MP ultra-wide angle lens ၊ 2MP depth ကင်မရာတို့ပါရှိပါတယ်။ Portrait နဲ့ Landscape ပိုင်းရိုက်ကူးမှု အတွက် ကောင်းမွန်စွာပုံဖော်ရိုက်ကူးစေနိုင်မှာလည်း ဖြစ်ပါတယ်။ ထို့အပြင် 8MP selfie ကင်မရာကိုလည်း တပ်ဆင်ပေးထားပြီး လူငယ်များအကြားရေပန်းစားနေသည့် snap beauty selfie များကိုဖန်တီးနိုင်မည့် beautification algorithms (HUAWEI ကိုယ်ပိုင်နည်းပညာ) ကိုလည်းအသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။
HUAWEI Y6p ဟာ ကျစ်လစ်သေသပ်ပြီး အမြင်ဆန်းစေမယ့် ဒီဇိုင်းပိုင်းဖြင့် Entry level အမျိုးအစားစမတ်ဖုန်းတစ်လုံး လည်းဖြစ်ပါတယ်။ ၆ ဒဿမ ၃ လက်မရှိသော HUAWEI Dewdrop မျက်နှာပြင်အမျိုးအစားကိုအသုံးပြုထားပါတယ်။ အရှေ့ကင်မရာအရွယ်အစားကိုလည်း ပိုမိုသေးသွယ်လာအောင် ဖန်တီးထားနိုင်ခဲ့ခြင်းကြောင့် မျက်နှာပြင်အရွယ်အစားတွင် Screen-to-body ratio ၈၈ ဒဿမ ၄ ရာခိုင်နှုန်း အထိရှိလာခဲ့ပြီး ဖုန်းအသုံးပြုမှုအတွက် ပိုမိုကျယ်ပြန့်သည့် မြင်ကွင်းအတွေ့အကြုံပိုင်းကို ခံစားရရှိစေနိုင်မှာဖြစ်ပါတယ်။ အရောင်အားဖြင့်လည်း ခရမ်းရောင် (phantom purple)၊ အစိမ်းရောင် (Emerald Green) နဲ့ အနက်ရောင် (Midnight Black) စတဲ့ အရောင်သုံးမျိုးရွေးချယ်နိုင်မှာဖြစ်ပြီး မေလ ၃၁ ရက်နေ့အထိ နီးစပ်ရာဆိုင်များမှာ ၁၇၉၀၀၀ ကျပ်ဖြင့် Pre-Order မှာယူနိုင်မည်ဖြစ်ပြီး Pre-Order မှာယူသူများအတွက် လည်း HUAWEI band 3e ကိုလည်းလက်ဆောင်ရရှိဦးမှာဖြစ်ပါတယ်။