Selfie စွမ်းရည်မြင့် အံ့သြဖွယ်ဒီဇိုင်းဖြင့် Vivo V19 စမတ်ဖုန်း မြန်မာပြည်တွင်စတင်မိတ်ဆက်

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်း ကုမ္ပဏီတစ်ခုဖြစ်သော Vivo မှ Selfie စွမ်းရည်မြင့် အံ့သြဖွယ်ဒီဇိုင်းဖြင့် Vivo V19 စမတ်ဖုန်းကို မြန်မာပြည်တွင်ဈေးကွက်တွင် ၂၀၂၀ ခုနှစ် မေလ ၈ ရက်နေ့တွင်စတင်မိတ်ဆက်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။ V19 တွင်ထူး ခြားချက်အနေဖြင့် dual front 32MP+ 8 MP Super wide-angle ကင်မရာနှင့် AMOLED FHD+Ultra O မျက်နှာပြင်ဒီဇိုင်း တို့ပါဝင်ပြီး ထူးကဲသော Selfie စွမ်းရည်များ၊ အဆင့်မြင့်နည်းပညာများနှင့် သုံးစွဲသူများအတွက် ဆန်းသစ်သောအသွင်အပြင် ကို ပေးစွမ်းနိုင်သည်။ V19 အွန်လိုင်းမိတ်ဆက်ပွဲအခမ်းအနားကို ၂၀၂၀ ခုနှစ် မေလ ၈ ရက်နေ့ ညနေ ၆ နာရီမှက Vivo Myanmar Facebook Page စာမျက်နှာတွင် မိတ်ဆက်ခဲ့ခြင်းလည်းဖြစ်သည်။
“Vivo က သုံးစွဲသူတွေကို ရှေးရှုပြီး ဆန်းသစ်တီထွင်မှုတွေလုပ်နေပါတယ်။ သုံးစွဲသူတွေရဲ့ လိုအပ်ချက်ကို အပြည့်အဝနား လည်ပြီး ဖြည့်ဆည်းပေးနိုင်တယ်ဆိုတာ Vivo V19 မှာ ပေါ်လွင်ပါတယ်။ ထိပ်တန်း Selfie နည်းပညာ၊ လှပခန့်ညားတဲ့ဒီဇိုင်း၊ ခိုင်မာတဲ့စွမ်းဆောင်ရည်နဲ့အတူ V19 ဟာ ကင်မရာနဲ့ ဖျော်ဖြေရေးကဏ္ဍတွေကို စိတ်ဝင်စားတဲ့လူငယ်တွေအတွက် ပြည့်စုံစေ ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ Vivo အနေနဲ့ ကျွန်တော်တို့သုံးစွဲသူများရဲ့ လိုအပ်ချက်အတွက် ခေတ်ရေစီးကြောင်းနဲ့ ကိုက် ညီတဲ့နည်းပညာအသစ်တွေကို စဉ်ဆက်မပြတ်တီထွင်ဖန်တီးသွားမှာပါ။ Vivo က ခေတ်နဲ့ကိုက်ညီတဲ့ စမတ်ဖုန်းတစ်လုံးဖြစ် ပြီး သုံးစွဲသူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့အတွက် လူနေမှုဘဝကို အဆင့်အတန်းမြင့်နေပါတယ်” ဟု Vivo Mobile Myanmar ၏ Chief Operation Officer ဖြစ်သူ Mr.Nelson Ni မှ ပြောကြားသည်။

Photo Source https://www.facebook.com/VivomobileMM/

“ရှေ့ကင်မရာနှစ်လုံးပါရှိပြီး ပထမဆုံးအဖြစ် In-Display Fingerprint Scanning နည်းပညာလည်းပါဝင်တဲ့ V19 ဟာ ယခု မြန်မာနိုင်ငံကို ရောက်ရှိလာပြီဖြစ်တဲ့အကြောင်း ဝမ်းမြောက်ဂုဏ်ယူစွာနဲ့ အသိပေးကြေညာပါရစေ။ Vivo ရဲ့ V စီးရီးက camera အသားပေးတဲ့ စီးရီးဖြစ်တဲ့အတွက် flagship ဖုန်းဖြစ်တဲ့ ဒီ V19 မှာလည်း 32MP အရှေ့ကင်မရာနှစ်လုံးပါဝင်ပြီး ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ကောင်းမွန်လှပတဲ့ ဆယ်ဖီပုံများကို ဖမ်းယူနိုင်ပါတယ်”ဟု Vivo Mobile Myanmar ၏ Product Manager ဖြစ်သူ ကိုအောင်မင်းက ပြောကြားသည်။
V19 တွင် အရှေ့ဘက်ကင်မရာနှစ်လုံးအနေဖြင့် 32 MP ပင်မကင်မရာနှင့် 8MP အထူးမြင်ကွင်းကျယ်ကင်မရာတို့ပါရှိသည့် အတွက် အသုံးပြုသူများအတွက် မည့်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို အကောင်းဆုံး Selfie ကိုပေးစွမ်းနိုင်သည်။ အသက်ဝင်သော ရိုက်ချက်များအတွက် အနီးမြင်ကွင်းနှင့်နောက်ခံမြင်ကွင်းကြား အချိုးအစားကို ကောင်းမွန်စွာ ချိန်ညှိပေး နိုင်သည့် AI algorithm ပါဝင်သော ရှေ့ကင်မရာသည် wide-angle selfie ကို 105 degrees အထိ ရိုက်ကူးနိုင်ပါသည်။ ထို့ အပြင် Ultra-Stable Selfie Video ပါဝင်သည့်အတွက် မြင်ကွင်းကျယ် selfie ဗီဒီယိုများကို တည်ငြိမ်စွာ ရိုက်ကူးနိုင်မည်ဖြစ် သည်။
Vivo V19 ၏ အနောက်ဘက်အခြမ်းတွင် 48 MP ပင်မကင်မရာ၊ 8MP အထူးမြင်ကွင်းကျယ်ကင်မရာ၊ 2MP macro ကင်မရာ နှင့် 2MP bokeh ကင်မရာတို့ပေါင်းစပ်ထားသည့် စွမ်းဆောင်ရည်မြင့် AI Quad Camera ပါဝင်သည်။ V19 တွင် Ultra Stable Video အပြင် ပညာရှင်တစ်ဦးကဲ့သို့ လွယ်ကူစွာတည်းဖြတ်နိုင်ရန် AI Video Filter, AI Video Editor, AI Image နှင့် AI Image Matting ကဲ့သို့ AI ရုပ်ပုံနှင့်ဗီဒီယိုလုပ်ဆောင်ချက်များ ပါဝင်သည်။

Photo Source https://www.facebook.com/VivomobileMM/

ရှေ့ကင်မရာနှင့် နောက်ကင်မရာနှစ်ခုလုံးတွင် ညအချိန်၌ပင် ရင်သပ်ရှုမောဖွယ်ဓာတ်ပုံများကို ရိုက်ကူးနိုင်ရန် အထူးစနစ်များ တပ်ဆင်တပ်ဆင်ထားသည်။ အရှေ့ကင်မရာ၏ Super Night Selfie Mode သည် Layer-Based Beautification၊ Spatial Merging Denoising နှင့် Multiple Exposure လုပ်ဆောင်ချက်များပါဝင်သည့်အတွက် အသုံးပြုသူများကို ညအချိန်တွင် မြို့ ပြမိုးကုတ်စက်ဝိုင်းတွင်ဖြစ်စေ (သို့မဟုတ်) ကျေးလက်၏ ကြယ်စုံလင်သော ကောင်းကင်ဖြစ်စေ၊ မည်သည့်နေရာတွင်မဆို နောက်ခံအလှတရားတို့ကို နောက်ခံထားသည့် Selfie အလှများကို ဖမ်းယူရရှိနိုင်မှာဖြစ်သည်။ အနောက်ကင်မရာ၏ Multi- Frame Screening၊ Temporal Alignment နှင့် Spatial Merging Denoising တို့ပါဝင်သော Supper Night Portrait Mode သည် သုံးစွဲသူများကို ညအချိန်တွင်ပင် ဘဝ၏ ကြည်နူးဖွယ်ရာအချိန်များအား high-resolution ဓာတ်ပုံများအဖြစ် ဖမ်းယူသိမ်းဆည်းနိုင်မည်ဖြစ်သည်။
V19 တွင် သာလွန်ကောင်းမွန်သော E3 OLED ကိုသုံးထားသော ၆ ဒဿမ ၄၄ လက်မအကျယ် AMOLED FHD + Ultra O မျက်နှာပြင်ပါဝင်ပြီး 100 ရာခိုင်နှုန်း DCI-P3 color gamut အထိ ထောက်ပံ့ပေးသဖြင့် အသက်ဝင်တောက်ပသော အရောင် များထုတ်ပေးနိုင်သည်။ မျက်နှာပြင်အလင်းသည် ပတ်ဝန်းကျင်အလင်းနှင့်အညီ အလိုအလျောက် ညှိပြီး E2 OLEd ထက် အပြာရောင် အလင်း ၄၂ ရာခိုင်နှုန်း ပိုမိုစစ်ထုတ်ပေးနိုင်သဖြင့် သုံးစွဲသူများအတွက် ကျန်းမာရေးဆိုးကျိုးပိုနည်းစေသည်။
Vivo ၏ သုံးစွဲသူရှေးရှုကာ ဒီဇိုင်းဖန်တီးမှုအစဉ်အလာကို ဆက်ခံသော V19 ကို သက်တောင့်သက်သာဖြစ်ပြီး စတိုင်ကျစေ ရန် ပုံဖော်ထားသည်။ ကိုင်တွယ်ရလွယ်သော 3D ထောင့်ချိုးများရှိသည့် V19 သည် အသုံးပြုသူ၏ လက်တွင်အံဝင်ခွင်ကျဖြစ် နေစေပြီး Corning Gorilla Glass 6 က ခန့်ညားကျော့ရှင်းမှုကို ပေးစွမ်းပါသည်။
သာလွန်ထူးခြားသော Selfie လုပ်ဆောင်ချက်များနှင့် သေသပ်သော ဒီဇိုင်းရှိသည့်အပြင် V19 တွင် မြင့်မားသောစွမ်းဆောင် ရည်နှင့်တာရှည်အသုံးခံသော ဘက်ထရီပမာဏပါရှိသည်။ 4500mAh Super Capacity ဘက်ထရီကို အချိန်ကြာမြင့်စွာ အသုံးပြုနိုင်မည်ဖြစ်ပြီး နေ့စဉ်လှုပ်ရှားသွားလာနေသော သုံးစွဲသူများအတွက် 33W Vivo FlashCharge 2.0 နည်းပညာက 0 ရာခိုင်နှုန်းမှ ၅၄ ရာခိုင်နှုန်း သို့ မိနစ် ၃၀ အတွင်းမြန်ဆန်စွာ အားသွင်းပေးနိုင်သည်။
Qualcomm Snapdragon octa-core 712 processor ကြောင့် interface မြန်ဆန်ပြီး ထိပ်တန်းစွမ်းဆောင်ရည်ကို ပေးနိုင် သည်။ V19 ၏ စွမ်းအင်အသုံးပြုမှုများသော AI သုံးကင်မရာလုပ်ဆောင်ချက်များကို ထောက်ပံ့ပေးရန်အတွက် copper tube liquid cooling စနစ်ဖြင့် တည်ဆောက်ထားသဖြင့် CPU သက်တမ်းပိုကြာရှည်ခံသည့်အပြင် ဖုန်း၏ စွမ်းဆောင်ရည်ကိုလည်း စိတ်ချနိုင်ပြီး multitasking ကို အဆင်ပြေလွယ်ကူစွာပြုလုပ်နိုင်သည်။ 8 GB RAM နှင့် 128 GB ROM တို့ပါဝင်သဖြင့် အသုံး ပြုသူအနေဖြင့် အလုပ်၊ အနားယူမှု၊ ကစားခြင်းစသည်တို့အတွက် လိုအပ်သမျှ အားလုံးကို သိမ်းဆည်းနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/VivomobileMM/

Touch ထိန်းချုပ်မှုစနစ်ကို ပိုမိုကောင်းမွန်စေပြီး FPS ငြိမ်စေရန်ဆောင်ရွက်ပေးသော Multi-Turbo 3.0 အပြင် Fast Screen Capture၊ Screen Recording နှင့် Game Vibration ကဲ့သို့သော လုပ်ဆောင်ချက်များပါဝင်သည့် Ultra Game Mode တို့ကို V19 တွင် ထည့်သွင်းထားသဖြင့် ဂိမ်းကစားရာတွင် ပိုမိုအဆင်ပြေအားရစေမည်ဖြစ်သည်။
Vivo သည် တိုက်ရိုက် Live ပြသနေသည့်အချိန်အတွင်း ၅၇၉၈၀၀ ကျပ်တန်ဖိုးရှိသော V19 ၏ ဈေးနှုန်းကို တရားဝင်ကြေ ညာခဲ့သည်။ V19 ကို ကိုယ်ထည့်အရောင်အားဖြင့် Gleam Black နှင့် Sleek Sliver ဟူ၍ လှပဆန်းသစ်သော အရောင်နှစ် မျိုးဖြင့် မေလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကြိုတင်မှာယူခြင်းကို ပြုလုပ်နိုင်မည်ဖြစ်ပြီး ထိုကာလအတွင်းကြိုတင်မှာယူသည့် အသုံးပြုသူများသည် Bluetooth Speaker ကိုပါ လက်ခံရရှိမည်ဖြစ်သည်။ မြန်မာနိုင်ငံအတွက် ပထမဆုံးရောင်းချမှုကို မေလ ၁၆ ရက်နေ့တွင်စတင်မည်ဖြစ်ပြီး မေလ ၁၆ ရက်နေ့တွင် စတင်ဝယ်ယူသူများအား လက်ဆောင်အနေဖြင့် 10000 mAh ပါရှိသည့် Power Bank ကိုရရှိမှာဖြစ်သည်။