OPPO မှ စွမ်းဆောင်ရည်မြင့် Enco Headphones များမြန်မာနိုင်ငံဈေးကွက်တွင်စတင်မိတ်ဆက်

OPPO မှ ထူးခြားကောင်းမွန်သောစမတ်ဖုန်းများသာမကအဆင့်မြင့် နည်းပညာနှင့်ဖုန်းနှင့် အခြားဆက်စပ်ပစ္စည်းများလည်း ထုတ်လုပ်လျှက်ရှိရာ ယခုအခါ စွမ်းဆောင်ရည်မြင့်မားသောကြိုးမဲ့ Enco Headphones များကို မြန်မာနိုင်ငံဈေးကွက်တွင် မိတ်ဆက်လိုက်ရောင်းချနေပြီဖြစ်ကြောင်းသိရသည်။ အဆိုပါ နားကြပ်များသည် OPPO ၏ ဆန်းသစ်ထူးခြားပြီး အဆင့်မြင့်နည်းပညာနှင့် ပြုလုပ်ထားသော OPPO ထုတ်ကုန်များမှတစ်ဆင့် ပိုမိုထူးခြားသောသုံးစွဲမှု များ‌ပေးစွမ်းနိုင်စေမည် ဟူသောရည်ရွယ်ချက်နှင့် အညီထုတ်လုပ်ထားခြင်းဖြစ်သည်။
မည်သည့်စမတ်ဖုန်းများနှင့် မဆိုအဆင်ပြေချောမွေ့စွာသုံးစွဲနိုင်မည့် ကြည်လင်ကောင်းမွန်သည့် Audio Experience ကိုရရှိစေပြီး Ultra-dynamic Speakers ပါဝင်သောပထမဦးဆုံး Wireless Headphones ဖြစ်သည့် OPPO Enco Free ကို ၂၀၂၀ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် OPPO ၏ Official Facebook Page တွင် တိုက်ရိုက် ထုတ်လွှင့်သည့် Online Launch Event မှ တစ်ဆင့် မြန်မာကျပ်ငွေ 139,900 ကျပ်ဖြင့် မြန်မာနိုင်ငံဈေးကွက်ကိုစတင်မိတ်ဆက်ခဲ့ကာအဖြူရောင်နှင့် အနက်ရောင်အရောင်(၂) မျိုးနှင့် ဝယ်ယူရရှိနိုင်သည်။ OPPO Enco Free ကိုမြန်မာနိုင်ငံအမြို့မြို့အနယ်နယ်မှ ဖုန်းဆိုင်များနှင့် shop.com.mm တို့တွင် ပို့ဆောင်ခအခမဲ့ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/287391841418711/posts/1601411090016773/

၂၀၂၀ ခုနှစ် မေလ ၁ ရက်မှ ၃၁ ရက်အတွင်းသတ်မှတ်ထားသော OPPO Reno Series (Reno3 Pro, Reno3, Reno2 & Reno2 F) မှ ထုတ်ကုန်တစ်ခုခုနှင့် OPPO Enco Free ကိုတစ်ပါတည်းဝယ်ယူသူများအတွက်လည်းကျပ် 20,000 တိတိကိုပြန်အမ်းငွေအဖြစ် ပေးအပ်သွားမည့် အစီအစဉ်ကိုလည်းပြုလုပ်ပေးလျက်ရှိသည်။ တပ်ဆင်မှုခိုင်မြဲအောင် ထိန်းပေးကာရေစိုခံပြီးဖုန်ဝင်မှုကိုကာကွယ်ပေးတဲ့ လှပတဲ့ အဖြူရောင် ဒီဇိုင်းနဲ့OPPO Enco W31 wireless headphones ကို မြန်မာကျပ်ငွေ 69,900 ကျပ်ဖြင့် မေလ ၂ ရက်နေ့ကစပြီးမြန်မာနိုင်ငံအမြို့မြို့အနယ်နယ်မှ ဖုန်းဆိုင်များနှင့် shop.com.mm တို့တွင် ပို့ဆောင်ခအခမဲ့ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။
High-Res wireless audio ပါဝင်ပြီးကျစ်လစ်လှပသောအနက်ရောင် ဒီဇိုင်းနှင့် OPPO Enco M31 Neckband Headphones ကို မြန်မာကျပ်ငွေ 49,900 ကျပ် ဖြင့် မေလ ၂ ရက်နေ့ကစတင်ကာ မြန်မာနိုင်ငံအမြို့မြို့အနယ်နယ်မှ ဖုန်းဆိုင်များနှင့် shop.com.mm တို့တွင် ပို့ဆောင်ခအခမဲ့ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/287391841418711/posts/1601411090016773/

OPPO Enco Free Headphones သည် ဈေးကွက်ထဲတွင် 13.4 mm ultra-dynamic speakers ပါဝင်သည့် ပထမဆုံးကြိုးမဲ့ နားကြပ်ဖြစ်ပြီး Slide and Tap intuitive Touch Controls, AAC Audio Support တို့ ပါဝင်သောကြောင့် မည်သည့် စမတ်ဖုန်းနဲ့ မဆိုချိတ်ဆက်သုံးစွဲရန် လွယ်ကူသည်။ Dual Magnetic Circuits နှင့် အဆင့်မြင့် Speaker ကြီးတွေမှာသာအသုံးပြုသော FPC lever – technology ကိုသုံးထားသောကြောင့် Bass သံကောင်းကောင်းနား ဆင်နိုင်သောနားကြပ်လည်းဖြစ်သည်။ ဂိမ်းကစားသူများနှင့် video ကြည့်ရှုရတာကိုနှစ်ခြိုက်သူတွေအတွက် Bluetooth Transmission တွင် အသံနောက်ကျခြင်းမဖြစ်အောင် OPPO Binaural Low-latency Bluetooth Transmission က Audio ကိုထည့်သွင်းပေးထားပြီးဖုန်း Calls တွေအတွက် AI Noise Cancellation ပါရှိသောကြောင့် ဆူညံသောပတ်ဝန်းကျင်တွင်ပင် အသံများကိုဖုန်းနဲ့ ၁၀ မီတာ အကွာအဝေးထိကြည်လင်ပြတ်သားစွာကြားနိုင်မည်ဖြစ်သည်။ In-ear and Semi-in-ear Tips ကိုစိတ်ကြိုက်လဲလှယ် အသုံးပြုနိုင်ပြီး ၂၅ နာရီကြာအသုံးပြုနိုင်မည်ဖြစ်သည်။
သံစဉ်တွေနှင့် စိတ်ကြိုက်ပျော်မြူးနိုင်မည့် OPPO Enco W31 သင့်တင့်သောဈေးနှုန်းနှင့် ကြိုးမဲ့ နားကြပ်ကောင်းကောင်းရှာ နေသူများအတွက် သင့်တော်သော OPPO Enco W31 တွင် Binaural Low-latency Bluetooth Transmission ပါဝင်သောကြောင့် ဘယ်စမတ်ဖုန်းနဲ့မဆိုအခက်အခဲမရှိအသုံးပြုနိုင်ပြီးရေစိုခံကာဖုန်ဝင်မှုကိုကာကွယ်ပေးသည်။ ထို့ပြင် Wireless Range ၁၀ မီတာရှိပြီးနားတွင် ခိုင်မြဲစွာတပ်ထားနိုင်သောဒီဇိုင်းနှင့် ထုတ်လုပ်ထား၍ သွားလာလှုပ်ရှားအားကစား လုပ်ချိန်တို့တွင် အခက်အခဲမရှိသုံးနိုင်သည်။သီချင်းနားထောင်ရာတွင် Balance Moodနှင့် Bass Mode ဟူ၍ Audio Mode (၂) မျိုးလည်းပါဝင်ကာဖုန်းပြောတဲ့အချိန် ပြင်ပအသံပိုများမပါစေဖို့ Anti-wind Noise Chambers နဲ့ Environmental Noise Cancellation Algorithm က လုပ်ဆောင်ပေးသည့်အပြင် နားကြပ်တစ်ဖက်စီတွင် Internal High Sensitivity Microphones (၂) ခုစီပါဝင်သောကြောင့် ကိုယ့်အသံကိုတစ်ဖက်ကကြည်ကြည်လင်လင် ကြားရစေမည်ဖြစ်သည်။

Photo Source https://www.facebook.com/287391841418711/posts/1601411090016773/

ကျစ်လစ်လှပသော Neckband ဒီဇိုင်းနှင့် OPPO Enco M31သည် 9.2mm Full-range Dynamic Drivers, PET Titanium Composite Diaphragms နှင့် Independent Bass Chambers တို့ ပါဝင်သောHigh-Res Wireless Audio Headphones ဖြစ်ပြီး AI Call Noise Reduction လည်းပါရှိသောကြောင့် ဖုန်းပြောဆိုရာမှာမလိုအပ်သောတခြားအသံတွေ မပါအောင် လုပ်ဆောင်ပေးသည်။ Bluetooth 5.0 ပါဝင်သောကြောင့် ဖုန်းနှင့် ၁၀မီတာကျော် ‌ဝေးကွာသောနေရာအထိ ကောင်းကောင်း ချိတ်ဆက်သုံးနိုင်မှာဖြစ်ပြီး (၁၂) နာရီကြာအသုံးခံသည်။
လှပသောအသွင်အပြင်၊ ကောင်းမွန်သောစွမ်းဆောင်ရည်များနှင့် အရည်အသွေးမြင့် OPPO Enco Headphones များနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက အောက်ပါ Link များတွင်ဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.facebook.com/287391841418711/posts/1601411090016773/
https://www.oppo.com/mm/