HUAWEI MatePad Pro: Flagship တက်ဘလက်အတွက် အတွေ့အကြုံအသစ်များအကြောင်း

Huawei MatePad Pro သည်ဈေးကွက်အတွင်းစတင်မိတ်ဆက်ခဲ့သည့်အချိန်မှစ၍ ၎င်း၏တစ်မူထူးခြားသောဒီဇိုင်းပုံစံနှင့် အများနှင့်မတူသည့် AI life ဂေဟစနစ် တို့ကြောင့် တန်ဖိုးမြင့်တက်ဘလက်ဈေးကွက်တွင် Huawei အတွက်နေရာတစ်ခုခိုင်မှာစေခဲ့သည်။ MatePad Pro ၏ ပွဲဦးထွက်အောင်မြင်မှုက Huawei ၏ ဒီဇိုင်းပိုင်းတွင်သာလွန်မှု၊ ဈေးကွက်ချဲ့ထွင်သည့်နေရာ၊ ဖြန့်ချိရေးနှင့်ဈေးကွက်အတွင်း နေရာတစ်နေရာအားပိုမိုသေချာစေခဲ့သည်။
MatePad Pro သည်သုံးစွဲသူများထံမှအပြုသဘောဆောင်သည့် တုံ့ပြန်မှုများရရှိခြင်းမှာ ဈေးကွက်အတွင်း ကာလကြာ လိုအပ်ချက်ဖြစ်သော အသံနှင့်ဗီဒီယိုရုပ်ပိုင်းဆိုင်ရာတိုးတက်ကောင်းမွန်အောင်လုပ်ဆောင်ပေးခြင်း၊ ဘဝအတွက် ရှု့ထောင့် မျိုးစုံမှ အသုံးပြုနိုင်ခြင်း၊ ဥပမာလုပ်ငန်းသုံး၊တစ်ကိုယ်ရည်သုံး၊ ဖျော်ဖြေရေးအတွက်ပါအသုံးဝင်အောင် ဖန်တီးထားခြင်း တို့ကြောင့်ဖြစ်သည်။
စွမ်းဆောင်ရည်မြင့်သောရုံးသုံးမိုဘိုင်းကိရိယာတစ်ခုအနေဖြင့် တက်ဘလက် သည် Huawei ၏ ကြီးမားသော seamless AI life ဂေဟစနစ်တွင် အဓိကအခန်းကဏ္ဏာန်မှပါဝင်ခဲ့သည်။ Media Pad 3 ဖြင့်အစပျိုးခဲ့သော Huawei တက်ဘလက် များသည် ရုပ်ရှင်ဗီဒီယိုကြည့်ရှုရာ တွင် ပထမတန်းစားအတွေ့ကြုံပေးနိုင်သည့်နည်းပညာများ ပါဝင်လာခဲ့သည်။ Media Pad M5 တွင် ၎င်း၏ 2K QHD မျက်နှာပြင်နှင့် PC mode တို့သည်မိုဘိုင်းရုံးသုံးလုပ်ဆောင်ချက် များအတွက်အဆင်ပြေချောမေ့ွ စေသည်။ ထို့အပြင် ကီးဘုတ်နှင့်တွဲဖက်အသုံးပြုပါက Media Pad M5 သည် တစ်ကိုယ်ရည်သုံးကွန်ပျူတာ တစ်ခုကဲ့သ့ို အသုံးပြုနိုင်သည်။ Huawei Media Pad M6 သည် အများနှင့်မတူသည့်မိုဘိုင်းရုံးသုံးလုပ်ဆောင်ချက်များပါဝင် လာခြင်းသာမက Huawei App Muliplier လုပ်ဆောင်ချက်ကြောင့်အက်ပလီကေးရှင်း တစ်ခုက Window နှစ်ခုတွင်အသုံးပြုနိုင်သည်။ နောက်ပိုင်းတွင် Media Pad စီးရီးများအား MatePad ဟုပြောင်းလဲခဲ့ခြင်းမှာ Huawei ၏တန်ဖိုးမြင့် စီးရီးတစ်ခုဖြစ်သည့် Mate စီးရီး၏ အနှစ်သာရဖြစ်သော နည်းပညာပိုင်းသာလွန်ကောင်းလွန်မှုကို အခြေခံ ခြင်းဖြစ်သည်။ ထို့အတွက်ကြောင့်ယခုထွက်ရှိလာသည့် MatePad များတွင် Multiscreen-collaboration လုပ်ဆောင်ချက် များပါဝင်လာပြီး စမတ်ဖုန်း၊ တက်ဘလက်များနှင့် တစ်ကိုယ်ရည်သုံးကွန်ပြူတာများအကြားရှိသော အတားအဆီးများကြား ပယ်ဖျက်နိုင်ခဲ့သည်။

Photo Source https://web.facebook.com/HuaweimobileMM/

MatePad Pro စီးရီးများသည် seamless AI life ဂေဟစနစ်အတွင်းလည်ပတ်ကာနောက် ထပ်ခြေလှမ်းတစ်ခုကို လှမ်းနိုင်ခဲ့သည်။ အနာဂတ်တွင် တက်ဘလက် သည်ပစ္စည်း တစ်ခုအနေသာမဟုတ်ပဲ နေ့စဉ်ဘဝအတွက်မမြင်နိုင်သော အကျိုးကျေးဇူးများကိုပေးစွမ်းမည့် အရာတစ်ခုဖြစ်လာမှာဖြစ်သည်။
MatePad Pro ရဲ့ဆန်းသစ်တီထွင်မှုသည် Huawei ၏နောက်ဆုံးပေါ်နည်းပညာများမှ ဆင်းသက်လာခြင်းကြောင့် Huawei ၏ တက်ဘလက်တီထွင်ဆန်းသစ်မှုအားကောင်းမွန် စွာဖန်တီးပေးနိုင်ခဲ့သည်။ ထိုသာလွန်ကောင်းမွန်မှုများအား 10.8 လက်မရှိသည့် 2K FullView Display, ၉၀ ရာခိုင်နှုန်း Screen-to-body ratio ရှိသည့်သေသပ်လှပသည့် အပြင်ပိုင်းဒီဇိုင်းတွင် မြင်တွေ့ရသည်။ အကောင်းဆုံးစွမ်းဆောင်ရည်အတွက်အထူးဒီဇိုင်းပြုလုပ်ထားသော Kirin 990 chipset တပ်ဆင်ထားပြီး အနုစိတ်သော 12 layers cooling structure ပါဝင်သည့်အတွက် MatePad Pro သည်အပူချိန်ကိုကောင်းစွာထိန်းချုပ်နိုင်ပါသည်။ MatePad Pro ရဲ့နောက်ထပ်ထူးခြားတဲ့အချက်သည်အခြားသော စမတ်ပစ္စည်းများနှင့် အပြန်အလှန်ချိတ်ဆက်လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။
ထိုအရာကတော့ Multi-screen collaboration ဖြစ်ပြီး မတူညီသောစက်ပစ္စည်းများကို ချော့မွေ့စွာအပြန်အလှန် ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်သည်။ မတူညီတဲ့ စက်ပစ္စည်းနှစ်ခုကို ဖန်သားပြင်တစ်ခုတည်းပေါ်တွင် အသုံးပြုနိုင်ခြင်း၊ ဖိုင်များ ကို တစ်နေရာမှတစ်နေရာသို့ အလွယ်တကူရွေ့ပြောင်းနိုင်ခြင်းများကြောင့် အလုပ်လုပ်ရာတွင်လွန်စွာ အထောက်ကူပြု စေသည်။

Photo Source https://web.facebook.com/HuaweimobileMM/

Huawei MatePad Pro သည် အလုပ်၊ သင်ကြားမှု နှင့်အပန်းဖြေမှုတို့အတွက် မရှိမဖြစ်သော အဖော်မွန်တစ်ခုဟူသော အယူအဆတစ်ခုကိုဖန်တီးလိုက်ခြင်းလည်းဖြစ်သည်။ Huawei ရဲ့”1+8+N” ဂေဟစနစ်၏ အဓိကအစိတ်အပိုင်း တစ်ခုဖြစ်သောဖုန်းနှင့် တက်ဘလက်များသည် အနာဂတ်ဘ၀ တွင်အဓိကနေရာမှပါဝင်လာမှာဖြစ်သည်။ Multi-Screen Collaboration သည် လုပ်ငန်း၊ မီဒီယာ၊ ပညာရေးနှင့် တီထွင်ဖန်တီးမှုနယ်ပယ်များတွင် တံခါးအသစ်များဖွင့်ပေးခဲ့သည်။ MatePad Pro သည် နောက်ဆုံးပေါ်တက်ဘလက် အမျိုးအစားသာမက အီလက်ထရွန်းနစ်ပစ္စည်း အသစ်တစ်ခုကိုပါ ကိုယ်စားပြုပါသည်။ တက်ဘလက် ကိုကောင်းမွန်သောဘဝနေထိုင်မှု၏ ပစ္စည်းတစ်ခုဖြစ်စေရန်ရည်ရွယ်၍ Huawei သည် ဆန်းသစ်တီထွင်သောတက်ဘလက်များကို ဆက်လက်ထုတ်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။