ဆန်းသစ်သည့် စွမ်းဆောင်မှုရည်များနှင့်OPPO A52 ကိုမြန်မာနိုင်ငံဈေးကွက်တွင် စတင်မိတ်ဆက်

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သော OPPO မှ Beyondthe Ordinary ဟူသောဆောင်ပုဒ်နှင့် အတူကြီးမား ကျယ်ပြန့်သော Display၊ စွမ်းဆောင်မှုကောင်းမွန်သည့် AI Quad Camera (၄) လုံးပါဝင်သောOPPO A52 ကို မြန်မာနိုင်ငံ ဈေးကွက်သို့စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
4 GB RAM + 128 GB ROM ပါရှိသော OPPO A52 တွင် လက်တွင် ကိုယ်တွယ်အသုံးပြုမှုကောင်းမွန်အောင် 3D Quad-Curve Body နှင့် ထုတ်လုပ်ထားကာဝင်ရိုးစွန်းမှ ကောင်းကင် အလင်းရောင်ပြောင်းလဲမှုကိုအခြေခံ၍ Twilight Black (အနက်ရောင်)နှင့် Stream White (အဖြူရောင်)ဟူ၍ ရောင်ပြေး (၂) ရောင်တို့ဖြင့် ရရှိနိုင်မည်ဖြစ်ပြီးမြန်မာ‌ကျပ်ငွေ ၂၉၉,၉၀၀ ကျပ်ဖြင့် မေလ ၁၂ ရက်နေ့မှစ၍မြန်မာနိုင်ငံအမြို့မြို့အနယ်နယ်ရှိဆိုင်များနှင့် shop.com.mm တို့တွင် ပို့ဆောင်ခအခမဲ့ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/

OPPO A52 သည် Screen-to-body Ratio: 90.5% ရှိပြီးသာမာန်ထက်ကျယ် 6.5-inch LCD Blind Hole Screen ပါရှိကာ Resolution အလွန်မြင့်မားသော Display Resolution: FHD + (2400 × 1080) PPI 405 ပါဝင်သည့်အပြင် In-Cell Touch Screen Technology ကိုထည့်သွင်းထားသောကြောင့် ဖုန်းအသုံးပြုခြင်း၊ ရုပ်ရှင်၊ ဗီဒီယိုများကြည့်ခြင်းနှင့် ဂိမ်းကစားခြင်းတို့ကိုအထူးကောင်းမွန်စေသည်။ မည်သည့် အလင်းရောင်အခြေအနေတွင်မဆိုဖုန်းကိုကောင်းမွန်စွာမြင်တွေ့ အသုံးပြုနိုင်သည့် AI Backlight Adjustment ပါဝင်ကာမျက်လုံးကိုအန္တရာယ်ဖြစ်စေသောအပြာရောင် အလင်းတန်းများမှ ကာကွယ်ပေးသည့် ထောက်ခံချက်လက်မှတ်ကိုလည်း TÜV Rheinland မှ ရရှိထားသည်။ လက်တွင် ကိုယ်တွယ်သုံးစွဲရန် အဆင်ပြေစေမည့် ကောင်းမွန်သော 3D Quad-curve body နှင့် Side Fingerprint Unlock (ဘေးဘက်လက်ဗွေစနစ် ဖုန်းလော့ခ်ဖွင့်ခြင်း) ပါဝင်သောကြောင့် Screen တွင် လက်‌ဗွေရာထင်ခြင်းမရှိဘဲလက်တစ်ဖက်တည်းနှင့် လွယ်လွယ်ကူကူ လျှင်မြန်စွာဖွင့်နိုင်မည် ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/

ကင်မရာစွမ်းဆောင်မှုများတွင် အမည်ကောင်းရထားသောOPPO သည် ယခု OPPO A52 ၏ ကျောဘက်ကင်မရာတွင် 12MP Main Camera၊ 8MP UltraWideCamera၊ 2MP Mono Camera၊ 2MP Portrait Cameraကင်မရာ (၄) လုံးကို အသုံးပြုထားပြီးရှေ့ဘက်ကင်မရာတွင် OPPO ၏ AI နည်းပညာသုံးအလှပြင်ခြင်းဆိုင်ရာများနှင့်အတူ ဆန်းသစ်လှပသော Selfie များဖန်တီးပေးနိုင်သော 16MP Front Camera ပါဝင်သည်။ 12MP Main Camera မှ ကြည်လင်ပြတ်သားသော ပုံရိပ်များကို ထုတ်လုပ်ပေးသည့်အပြင် 119° အလွန်ကျယ်သောထောင့်ကျယ်မှန်ဘီလူးပါဝင်သည့် UltraWide Camera မှလည်းမြင်ကွင်းကျယ် ဓာတ်ပုံဆန်းများကိုရရှိမည်ဖြစ်သည်။ 2MP Mono Camera နှင့် 2MP Portrait Camera ပါဝင်သော ကြောင့် ဆန်းသစ်လှပသော Portrait ဓာတ်ပုံများကိုပေးစွမ်းပြီးf/1.8 အလင်းဝင်ပေါက်ရှိမှန်ဘီလူးကအလင်းကို ပိုမိုဖမ်းယူနိုင်သည့်အပြင် ညအချိန်တွင် ရိုက်ကူးသော Ultra Night Mode 2.0 ကပါ ဓာတ်ပုံအရည်အသွေး ကိုပိုမိုကောင်းမွန်အောင် မြင့်တင်ပေးနိုင်သည်။ OPPO A52 တွင် ဗီဒီယိုရိုက်ကူးရာတွင် တုန်ခါမှုမဖြစ်ပေါ်စေသည့် Video Anti-Shake ပါဝင်ပြီးပုံရိပ်များကိုထင်ထင်ရှားရှားတည်တည်ငြိမ်ငြိမ် ရိုက်ကူးနိုင်မည်ဖြစ်သည်။ ထောင့်ကျယ်ဗီဒီယိုရိုက်ကူးမှု အသစ်နှင့် 120fps အနှေးရိုက်ကူးချက် Slow-motion ဗီဒီယိုလုပ်ဆောင်ချက်များကသက်ဝင်လှုပ်ရှားနေသောအမိုက်စား 4K ဗီဒီယိုကောင်းများကိုမှတ်တမ်းတင်ထားရှိနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/

ထို့ပြင် ကောင်းမွန်သည့် 5000mAh Battery ပါရှိသောကြောင့် အချိန်ကြာမြင့်စွာအသုံးပြုနိုင်သည့်အပြင် အခြားဖုန်း ကိုပြန်လည် အားသွင်းပေးနိုင်သော Reverse Charging လည်းပါဝင်သည်။ Type C အမျိုးအစားဖြစ်ကာ 18W Fast Charge System ပါဝင်သောကြောင့် ၄၅ မိနစ်အတွင်း 0 ရာခိုင်နှုန်း မှ 50 ရာခိုင်နှုန်းအထိအားပြန်ဖြည့်ပေးနိုင်သည်။ သီချင်း၊ ဓာတ်ပုံ၊ ဂိမ်းနှင့် ဗီဒီယိုများ၊ Application များစိတ်ကြိုက် သိမ်းဆည်းထားနိုင်သောကြီးမားသောသိုလှောင်မှုပမာဏ RAM 4GB + 128GB ROM ပါဝင်ပြီး Qualcomm Snapdragon Processor 665 Octa-Core Processor လည်းထည့်သွင်းထားသဖြင့် ဂိမ်းနှင့် ဗီဒီယိုတို့တွင်အထစ်အငေါ့မရှိချောမွေ့သောလုပ်ဆောင်မှုကိုရရှိစေသည်။ Dual Stereo Speaker + Dirac 2.0 ပါဝင်သောကြောင့် ဂီတသံ၊ ဗီဒီယိုနှင့် ဂိမ်းများ၏ အသံကိုအလိုအလျောက် ခွဲခြားပေးပြီးပိုမို ကောင်းမွန်သောအသံစွမ်းဆောင်မှုအတွေ့အကြုံကိုပေးနိုင်သည်။ Android Ver. 10 ကိုအခြေခံထားသောအဆင့်မြင့် ကောင်းမွန်သည့် ColorOS 7.1 နှင့်အတူ Dark Mode, Hyperboost၊ Smart Side Bar နှင့် Multi-User Mode စသည့် အလွန် အသုံးဝင်သောလုပ်ဆောင်မှုများလည်းပါဝင်သည်။
OPPO သည် ကမ္ဘာ့ စမတ်ဖုန်းထုတ်လုပ်သူများအနက် ရှေ့ဆောင် Brand တစ်ခုဖြစ်သည်။ ပထမဦးဆုံး smartphone “Smiley Face”ကို ၂ဝဝ၈ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည့် အချိန်မှ စ၍ OPPO သည် စိတ်ကျေနပ်ဖွယ် ဒီဇိုင်းနှင့် ဆန်းသစ်သောနည်းပညာများ၏ ပေါင်းစပ်မှုကိုရရှိနိုင်ရန် အစဉ်မပြတ် ကြိုးပမ်းလာခဲ့ရာယနေ့အခါတွင် Find နှင့် Reno Series တို့မှ ဦးဆောင်၍ အမျိုးအစားစုံလင်သည့် smart devices များ၊ ColorOS operating systemနှင့် OPPO Cloud နှင့် OPPO+ စသည့် Internet Service များကိုပါ ဝန်ဆောင်မှုပေးလျက်ရှိသည်။ OPPO သည် နိုင်ငံပေါင်း ၄ဝကျော်တွင် လည်ပတ်လျက်ရှိပြီးကမ္ဘာအနှံ့အပြားတွင် Research Institutes ၆ ခု ၊ R&D Centers ၄ ခု၊ London မြို့တွင် International Design Center တစ်ခုရှိပြီး OPPO ဝန်ထမ်း ၄၀,၀၀၀ ကျော်သည် သုံးစွဲသူတို့ ဘဝအဆင့်မြင့် တိုးတက်‌ရေး အတွက် ကြိုးပမ်းလျက် ရှိသည်။
အသေးစိတ်အချက်အလက်များပိုမိုသိရှိလိုပါက အောက်ပါ Link များတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
OPPO Myanmar Facebook – https://www.facebook.com/oppomyanmar/
OPPO A52- https://bit.ly/3bghmkG