“Unsend” Feature ပါဝင်လာသည့် Facebook Messenger

Facebook Messenger အသုံးပြုသူအများစုဟာ မရည်ရွယ်ဘဲမတော်တဆ လူမှားပြီးပို့မိခြင်း၊ စကားလုံးအမှားများပို့မိခြင်း၊ စသည်တို့ကိုကြုံတွေဖူးကြမှာပါ။ ထိုသို့ဖြစ်လာတိုင်း တစ်ဖက်လူကိုအစိတ်အနှောင့်အယှက် မဖြစ်စေဘဲ ပြန်လည်ပြင်ဆင်လိုချင်ကြပါတယ်။ ယခင် Messenger Version တွေမှာတော့ မက်ဆေ့တွေကိုပြန်လည်ပြင်ဆင်၍မရနိင်သောကြောင့် တစ်ဖက်လူကိုသာခွင့်တောင်းပြီး အမှားပြင်ဆင်နိုင်ဖို့ အသစ်တစ်ဖန်ပြန်ပို့ခြင်းကိုပဲဖြစ်ဖြစ် လုပ်ဆောင်ကြရပါတယ်။ ထိုပြသနာကိုဖြေရှင်းနိုင်ရန် Facebook ၏ နောက်ဆုံးအသစ်ထွက်ရှိလာတဲ့ Messenger Version မှာတော့ Unsend Feature ပါဝင်လာပြီပဲဖြစ်ပါတယ်။

လွန်ခဲ့သည့် ဧပြီလတွင် လူများထံသို့ Mark Zuckerberg ပေးပို့သော မက်ဆေ့များသည် တိတ်တဆိတ်ဖျက်ခြင်းခံခဲ့ရပြီး ထိုလူအများမှပြန်လည်ပေးပို့သော မက်ဆေ့များမှာမူ မပျောက်မပျက်မူလအတိုင်းတည်ရှိနေပါသည်ဟု TechCrunch ဘက်မှ အသိပေးတိုင်ကြားခဲ့ပါတယ်။ ထိုစဉ်က Facebook သည် TechCrunch အား လုံခြုံရေးစနစ်အရ မက်ဆေ့များကို ဖျက်ပစ်ခြင်းကို ပြုလုပ်ခဲ့ရပြီး လူအများသုံးစွဲနိုင်ရန်လည်း လုပ်ဆောင်နေပါသည်ဟု ပြန်လည်ဖြေရှင်းခဲ့ပြီးနောက်၁၀လအကြာတွင် Facebook သုံးစွဲသူများကိုယ်တိုင် မိမိပေးပို့လိုက်သောမက်ဆေ့များအား လက်ခံသူ Inbox တွင်ပါ ကိုယ်တိုင်ဖျက်ပစ်နိုင်သည့် Feature ပေါ်ပေါက်လာခဲ့ပါတယ်။

 

Photo Source By Myanmar Tech Press

Facebook Messenger ၏ “ Remove for Everyone” button အသုံးဝင်ပုံ
မည်သည့် မက်ဆေ့၊ ဓာတ်ပုံ၊ ဗီဒီယိုနှင့် Link များကိုပိုမဆို ပေးပို့ပြီးသည့်အချိန်မှ၍ ၁၀မိနစ်အတွင်း ဖြတ်သိမ်းခြင်းကို PM(Personal Message) နှင့် Group Chat နှစ်ခုလုံးတွင်ပါ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ သင့်ဘက်နှင့်လက်ခံသူဘက် နှစ်မျိုးလုံးတွင်ဖြတ်သိမ်းနိုင်မှာဖြစ်ပင်မဲ့ တစ်ဖက်မှပေးပို့လာသော မက်ဆေ့များကိုတော့ ဖျက်ပစ်နိုင်မည်မဟုတ်ပါ။ Facebook အနေနှင့် ဖျက်ပစ်လိုက်သော မက်ဆေ့များကို တစ်ပါးသူအားထိခိုက်နစ်နာစေရန်အတွက် အသုံးပြုကြောင်းမဟုတ်သည်ဟု အတည်ပြုနိုင်ရန် အချိန်ကာလပိုင်းအရ ခဏတာသိမ်းဆည်းထားမှာဖြစ်ပါတယ်။

ထိုဖျက်သိမ်းခြင်းအားပြုလုပ်နိုင်ရန် သင်ဖျက်လိုသည့် မက်ဆေ့အားနှိပ်ပြီး Remove ကိုရွေးပါ။ ခဏကြာပြီးးနောက် “Remove for you” နှင့် “Remove for everyone” နှစ်ခုပေါ်လာမည်ဖြစ်သည်။ “Remove for you” သည် ယခင် Version များတွင်ပါရှိသော Delete Messageနှင့် တူသည်။ ပေးပို့သောမက်ဆေ့များကို မိမိဘက်အခြမ်းတွင်သာ မမြင်နိုင်အောင်ဖျက်ပစ်ခြင်းဖြစ်ပြီး “Remove For Everyone” သည် မိမိတွင်သာမက လက်ခံသူဘက်တွင်ပါ( Group chat ဖြစ်ပါက အဖွဲ့ဝင်အားလုံး) တွင်မမြင်ရနိုင်အောင် ဖျက်ပစ်ခြင်းဖြစ်ပါတယ်။ ထို့နောက် “Chat တွင်ပါဝင်သောအဖွဲံဝင်အားလုံးအတွက် သင့်မက်ဆေ့သည် ထာဝရပျောက်ပျက်သွားမည်ဖြစ်သည်။. သင်ဖျက်ပစ်လိုက်ကြောင်းကို ထိုသူများသိရှိနိုင်မည်ဖြစ်သည်။” ဟူသောအသိပေးအကြောင်းကြားစာ ရောက်ရှိလာမည်ဖြစ်သည်။ သူဖျက်ပစ်မည်ဟု အတည်ပြုလိုက်ပါက သင်ပို့လိုက်သည့် မက်ဆေ့နေရာတွင်” သင်မက်ဆေ့ကိုဖျက်ပစ်လိုက်သည်” ဟူသော အမှတ်အသားပေါ်ပေါက်လာမှာဖြစ်ပါတယ်။ထို Unsend Feature ကို iOS ကော Android နှစ်မျိုးစလုံးတွင် နောက်ဆုံးထွက်ရှိလာထားသည့် Messenger Version ကို Update လုပ်ပြီးအသုံးပြုနိုင်ပါပြီ။

မက်ဆေ့ဖျက်ပစ်ရန် အချိန်၁၀မိနစ်ကန့်သတ်ထားခြင်းသည် မက်ဆေ့ဖျက်ပစ်ခြင်းလုပ်ငန်းစဉ်ကို စမ်းသပ်ရန်ဖြစ်ပြီး လူတစ်ဦးအနေဖြင့် မက်ဆေ့မှားပို့မိခြင်း၊ မပု့ိသင့်ဟု ပြန်လည်သုံးသပ်ခြင်းသည် အချိန်၁၀မိနစ်ခန့်သာ ကြာမြင့်သော်လည်း ၁၀မိနစ်အထိတိုးမြင့်ပေးထားကြောင်း ပြောကြားထားပြီး ဒီထက်ပိုပြီး အချိန်တိုးမြင့်ပေးရန် အစီအစဉ်မရှိဟု Facebook ဘက်မှပြောကြားလာပါတယ်။အချုပ်အားဖြင့်ဆိုရသော Facebook Messenger ၏ Unsend Feature သည် Unsend ပြုလုပ်နိုင်သော ပထမဆုံ: Chat Platform မဟုတ်သော်လဲ မက်ဆေ့အမှားများပို့မိခြင်း၊ စကားကျွံခြင်း၊ လူမှားပြီး ပို့မိခြင်းများအတွက် အချိန်မှီပြန်လည်ကယ်ဆယ်နိုင်သော Feature ကောင်းတစ်ခုဖြစ်သောကြောင့် တစ်ပါးသူမနစ်နာမထိခိုက်စေရန် အပြုသဘောဆောင်ပြီး အသုံးပြုရန်လိုအပ်ပေသည်။