Dr.Mario World မိုဘိုင်းဂိမ်းကိုဖြန့်ချိတော့မယ့် Nintendo

 

ပရိသတ်ကြီးထဲမှ Super Mario ကြိုက်နှစ်သက်သူများအဖို့တော့ နောက်ဆုံးထွက်ရှိထားတဲ့သတင်းတွေအရ Mario, The Legend of Zelda နှင့် Pokemon အစရှိတဲ့ ဗီဒီယိုဂိမ်းတွေကို ဖြန့်ချိထုတ်ဝေတဲ့ Nintendo ကုမ္ပဏီကနေပြီး Dr.Mario World အမည်ရှိတဲ့ မိုဘိုင်းဂိမ်းကိုဖြန့်ချီသွားမှာဖြစ်ပါတယ်။ Mario Kart ဂိမ်းကို ၂၀၁၉ နွေရာသီသို့ နောက်ကျပြီးမှဖြန့်ချီသွားမယ်ဆိုတဲ့သတင်းထွက်ပြီး နာရီပိုင်းခန့်အကြာမှာ ပရိသတ်တွေအဖို့ ဤသတင်းကောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 

Photo Source – https://pixabay.com/id/images/search/mario/

အဆိုပါ Dr. Mario World ဂိမ်းသည် မိုဘိုင်း Puzzle ဂိမ်းအမျိုးအစားဖြစ်ပြီး ယခုနှစ် ၂၀၁၉ နှစ်လယ်ပိုင်းလောက်မှာ ထွက်ရှိသွားမှာဖြစ်ပါတယ်။ အခမဲ့ဒေါင်းလုတ်ရယူပြီး ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ App ထဲတွင်မိမိရွေးချယ်မှုအရ ပါဝင်ပစ္စည်းများကိုလဲဝယ်ယူရရှိနိုင်ပါတယ်။ iOS နှင့် Android ဖုန်းနှစ်မျိုးစလုံးမှာ ဒေါင်းလုပ်ဆွဲ ရယူနိုင်ပါတယ်။ ဘာသာစကားများအနေဖြင့် အတော်များများပါဝင်မှာဖြစ်ပြီး ဂျပန်စကား နှင် အင်္ဂလိပ်စကား အဓိကပါဝင်မှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံအပါအဝင် စုစုပေါင်းခန့်မှန်းချေ နိုင်ငံပေါင်း ၆၀ မှာထုတ်ဝေဖြန့်ချီသွားမှာဖြစ်ပါတယ်။ ဂိမ်းဖြန့်ချီရာတွင် Line မိုဘိုင်းအက်ပလီကေးရှင်းနဲ့ စတစ်ကာများကိုထုတ်ဝေဖြန်ချီသော NHN Entertainment နှင့် တွဲဖက်ပူးပေါင်းဖြန့်ဝေသွားမှာဖြစ်မယ်ဆိုတာကလွဲပြီး မည်သည့်အရာကိုမှတရားဝင် ထုတ်ပြန်ထားခြင်းမရှိပါဘူး။

Photo Source – https://www.flickr.com/photos/jdhancock/7629235266

၂၀၁၆မှစ၍ မိုဘိုင်း ဂိမ်း ခေတ်ရေစီးကြောင်းနောက်လိုက်လာခဲ့သော Nintendo ကုမ္ပဏီအဖို့ Action Puzzle ဂိမ်းတစ်ခု ထုတ်ဝေခြင်းက ပရိသတ်များအကြားရေပန်းစား ပြောစမှတ်တစ်ခုဖြစ်လာခဲ့ပါတယ်။ Candy Crush ဂိမ်းပုံစံမျိုး ပဲထွက်ပေါ်လာမလား Nintendo က မိုဘိုင်းဂိမ်းမှာ အရည်အသွေးထိမ်းထားပြီး အောင်မြင်စွာလုပ်ဆောင်နိုင်တဲ့အကြောင်းကို ပြသလိုတာလားဆိုတာမျိုး ပရိသတ်တွေကြားအမြင်ကွဲလွဲခန့်မှန်းမှုများ ရှိလာခဲ့ပါတယ်။ ဆက်တိုက် Nintendo ကိုအားပေးလာတဲ့ အမာခံရိသတ်တွေကတော့ စိတ်ဝင်တစားမျှော်လင့်မှုများစွာနဲ့ရှိနေပါတယ်။ Line နှင့်တွဲဖက်ထုတ်လုတ်မှာဖြစ်တာကြောင့် ဂိမ်းဆော့ကစားရင် Line အကောင့်ပဲလိုအပ်မလား Line နှင့်အသုံးပြုဆော့ကစားသူများအဖို့ အထူးအခွင့်အရေးတွေများရရှိမလားဆိုတော့စောင့်မျှော်စရာတစ်ခုဖြစ်လာခဲ့ပါတယ်။

မူလ Dr. Mario World ဂိမ်းကို ၁၉၉၀ တွင် Nintendo Entertainment System အတွက် ဖြန့်ချီခဲ့တာဖြစ်ပြီး ဂိမ်းဆော့ကစားသူများသည် ရောင်စုံဆေးလုံးလေးများက အသုံးပြုပြီး ဗိုင်းရပ်စ်ကောင်များကို နှိမ်နှင်းရသော Tetris ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။Nintendo သည် Super Mario၊ Donkey Kong၊ Link and Princess Zelda၊ the Inklings နှင့်အခြားသော နာမည်ကြီးကာတွန်းဇာတ်ကောင်များကြောင့် နှစ် ၄၀ အတွင်း ဗီဒီယိုဂိမ်းပေါင်း ၄.၅ ဘီလီယံနှင့် Hardware ယူနစ်ပေါင်း ၇၁၀ မီလီယံကျော်ပေါင်း ရောင်းချနိုင်ခဲ့သော နာမည်ကျော် ဂိမ်းကုမ္ပဏီတစ်ခုဖြစ်လာခဲ့ပါတယ်။