စွမ်းဆောင်ရည်အမြင့်ဆုံးနှင့် အပါးလွှာဆုံး Galaxy AI တက်ဘလက်ဖြစ်လာတဲ့ Samsung Galaxy Tab S11 Series အသစ်ကို အထူးခံစားခွင့်များနှင့် ဝယ်ယူရရှိနိုင်ပြီ

Samsung Myanmar ကနေ နောက်ဆုံးပေါ် စွမ်းဆောင်ရည်နဲ့ ဉာဏ်ရည်အမြင့်မားဆုံး တက်ဘလက်တွေဖြစ်တဲ့ Galaxy Tab S11 Ultra နှင့် Galaxy Tab S11 တို့ကို မြန်မာနိုင်ငံဈေးကွက်အတွက် တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ နောက်ဆုံးပေါ် Galaxy AI လုပ်ဆောင်ချက်များ၊ One UI 8 နဲ့အတူ ဘက်စုံအသုံးဝင်မယ့် လုပ်ဆောင်ချက်အသစ်များ ပါဝင်လာတဲ့ Galaxt Tab S11 Ultra ဟာ လက်ရှိမှာ အပါးလွှာဆုံး နဲ့ ပရီမီယံအဖြစ်ဆုံး Galaxy တက်ဘလက် တစ်ခု ဖြစ်လာပါတယ်။ အသစ်ထွက်ရှိထားတဲ့ Galaxy Tab S11 Series တက်ဘလက် နှစ်ခုလုံးမှာ စွမ်းဆောင်ရည်မြင့် Hardware၊ အကောင်းမွန်ဆုံး သုံးစွဲမှုအတွေ့အကြုံကို ခံစားနိုင်စေမယ့် ကြီးမားတဲ့ မျက်နှာပြင်၊ အဆင့်မြှင့်တင်ပေးထားတဲ့ Samsung DeX  နဲ့ ပြန်လည်ဒီဇိုင်းဖန်တီးထားတဲ့ S Pen တို့ကို ထည့်သွင်းပေးထားတာကြောင့် လုပ်ဆောင်ချက်များစွာကို အလွယ်တကူနဲ့ တစ်ပြိုက်နက်လုပ်နိုင်စေပြီး လုပ်ငန်းဆောင်တာများ၊ ဆန်းသစ်ဖန်တီးမှုများ သာမက အကောင်းမွန်ဆုံး ဖျော်ဖြေရေးအတွေ့အကြုံကိုပါ ရရှိနိုင်အောင် ကူညီပေးနိုင်ဖို့ ဖန်တီးထားတာပါ။
“Galaxy Tab S11 Series အသစ်မှာ ဆန်းသစ်တီထွင်ထားတဲ့ AI နည်းပညာနဲ့ အဆင့်မြင့် Hardware နည်းပညာ တို့ကို ပေါင်းစပ်ထားတာကြောင့် Multitasking အတွေ့အကြုံအစစ်ကို ရရှိနိုင်ပြီး Samsung ရဲ့ စွမ်းဆောင်ရည်မြင့် မိုဘိုင်းလ်သုံးစွဲမှု အတွေ့အကြုံကို ခံစားနိုင်စေမှာပါ နောက်ဆုံးပေါ် Galaxy AI လုပ်ဆောင်ချက်တွေနဲ့ multimodal စွမ်းဆောင်ရည်အသစ်တွေပါဝင်တဲ့ Flagship တက်ဘလက်တွေဖြစ်တဲ့အတွက် အကောင်းမွန်ဆုံး လုပ်ဆောင်နိုင်စွမ်းကို ရရှိနိုင်စေပြီး အသုံးပြုသူတွေအနေနဲ့ ကြီးမားတဲ့မျက်နှာပြင်မှာ အလုပ်လုပ်ခြင်း၊ ဖန်တီးခြင်း စတာတွေကို ပိုမိုသဘာဝကျ ချောမွေ့စွာပြုလုပ်နိုင်ဖို့ ပံ့ပိုးကူညီပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။” လို့ Samsung Electronics၊ Mobile eXperience Business ရဲ့  Executive Vice President နဲ့ Head of Customer Experience Office ဖြစ်သူ Mr. Jay Kim ပြောကြားခဲ့ပါတယ်။
Image: Samsung
ရရှိနိုင်မည့်အရောင်၊ ဈေးနှုန်း၊ အထူးခံစားခွင့်များနှင့် လက်ဆောင်များ
Galaxy Tab S11 Series တက်ဘလက်အသစ်တွေကို နီးစပ်ရာ Samsung Showroom နဲ့ အရောင်းကိုယ်စားလှယ်ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်မှာဖြစ်သလို Samsung ရဲ့ တရားဝင် eStore မှတင်ဆင့် Galaxy Tab S11 Ultra အတွက် လင့်ခ် (bit.ly/buy-TabS11Ultra) နဲ့ Galaxy Tab S11 အတွက် လင့်ခ် (bit.ly/buy-TabS11) တို့ကနေလည်း အဆင်ပြေ လွယ်ကူစွာဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Galaxy Tab S11 Series ကို Gray နဲ့ Silver အရောင်များနဲ့ ရရှိနိုင်မှာဖြစ်ပြီး  အောက်ပါ ဈေးနှုန်းများနဲ့ ဝယ်ယူနိုင်မှာပါ။
  • Galaxy Tab S11 Ultra (12/256 GB) – ၅,၆၀၅,၀၀၀ ကျပ်
  • Galaxy Tab S11 (12/256 GB) – ၄,၁၉၅,၀၀၀ ကျပ်
Galaxy Tab S11 Series တက်ဘလက်အသစ်တွေကို ဝယ်ယူရင် အောက်ပါ အထူးခံစားခွင့်တွေကိုလည်း ရရှိနိုင်ဦးမှာဖြစ်ပါတယ်။
  • ဖုန်းမှန်ကွဲခြင်းလဲလှယ်မှုအတွက် ငွေကျပ် (၇) သိန်း++ တန်ဖိုးရှိတဲ့ Samsung Care+ ဝန်ဆောင်မှုကို ဝယ်ယူတဲ့နေ့မှ (၁၂) လ အတွင်း သက်သာခွင့် (၁) ကြိမ် ရရှိနိုင်မှာဖြစ်ပါတယ်။
  • ATOM SIM Card ကို လက်ရှိအသုံးပြုနေသူနဲ့ SIM Card  အသစ် ဝယ်ယူအသုံးပြုသူတွေအနေနဲ့လည်း ATOM ရဲ့ ဒေတာလက်ဆောင် 8GB အထိ ကို (၆) ကြိမ် အခမဲ့ ရရှိသွားနိုင်မှာပါ။
  • အရစ်ကျဝယ်ယူလိုသူများအနေနဲ့လည်း AYA Pay ရဲ့ Buy Now Pay Later အစီအစဥ်နဲ့ ချိတ်ဆက်ပြီး (၆) လအတိုးမဲ့အရစ်ကျ ဝယ်ယူသွားနိုင်ဦးမှာပါ။
Samsung ရဲ့ နောက်ဆုံးပေါ် Galaxy ထုတ်ကုန်သစ်များနဲ့ပတ်သတ်ပြီး အသေးစိတ် ထပ်မံသိရှိလိုရင်တော့ မြန်မာနိုင်ငံတစ်ဝှမ်းရှိ Samsung Showroom များနှင့် အရောင်းကိုယ်စားလှယ်ဆိုင်ကြီးများ၊ Samsung Myanmar ရဲ့ တရားဝင် Website နဲ့ Facebook စာမျက်နှာများမှာ ဝင်ရောက်ကြည့်ရှုမေးမြန်းနိုင်မှာဖြစ်ပါတယ်။