Public WiFi အကောင်းဆုံးနိုင်ငံများ

Image Source: http://www.jayflewelling.com

ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းမှာမိမိနိုင်ငံသူ၊နိုင်ငံသားများအင်တာနက်အခမဲ့အသုံးပြုနိုင်ဖို့ နိုင်ငံတော်အစိုးရကဖြစ်စေ၊ ကြိုးမဲ့ဆက်သွယ်ရေးနဲ့ အင်တာနက်၀န်ဆောင်မှုကုမ္ပဏီများကဖြစ်စေ၊ စီးပွားရေးလုပ်ငန်းကြီးများနှင့် အဖွဲ့အစည်းများကဖြစ်စေနေရာအနှံ့သော်လည်းကောင်း၊ ပန်းခြံ၊ကမ်းခြေတို့လိုလူစည်ကားတဲ့နေရာတွေနဲ့ အစိုးရဌာနများ၊ တက္ကသိုလ်နဲ့ ဆေးရုံတို့မှာ Public WiFiတွေလွင့်ပေးထားကြပါတယ်။

အခမဲ့ဖြစ်နေတော့ လူသုံးများခြင်းနဲ့ပြောင်းပြန်အချိုးဖြစ်တဲ့ လိုင်းဆွဲအားမြန်၊ မမြန်ဆိုတာကတော့ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှု၊ ကြွယ်၀ချမ်းသာမှုနှင့် လူဦးရေအပေါ်မှာလည်းမူတည်ပါတယ်။ မြန်မာနိုင်ငံမှာလည်းဒီလို Public WiFiဧရိယာတွေရှိပါတယ်။ ရွှေတိဂုံဘုရား၊ ဆူးလေဘုရားအပြင် နိုင်ငံအနှံ့ကတက္ကသိုလ်တွေမှာလည်း Public WiFiတွေလွှင့်ပေးထားပါတယ်။ သုံးရတာတော့အဆင်မပြေပါဘူး။ တစ်နိုင်ငံလုံးအင်တာနက်အခမဲ့သုံးလို့ရအောင် နေရာအနှံ့ လိုင်းဆွဲအားကောင်းကောင်းနဲ့ လွှင့်ပေးထားတဲ့နိုင်ငံတွေလည်းရှိပါတယ်။ Public WiFiနဲ့ပက်သက်ပြီးကမ္ဘာပေါ်မှာလိုင်းဆွဲအားအကောင်းဆုံးသောနိုင်ငံတွေအကြောင်းကိုယခုဖော်ပြထားတဲ့လင့်ခ် Internet Journal ထဲကအတိုင်းအောက်မှာရေးသားပေးလိုက်ပါတယ်။

WiFiနည်းပညာထွက်ပေါ်လာတာဟာ ဆယ်စုနှစ်နှစ်ခုနီးပါးသာရှိသေးပေမယ့် မြန်နှုန်းမြင့် public access တွေအတွက်တောင်းဆိုချက်တွေက ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း မြင့်တက်လာခဲ့ပါတယ်။ အခုအခါမှာကမ္ဘာတစ်ဝန်းက public hotspot သန်းပေါင်းများစွာကနေ ထုတ်ကုန်တွေက အင်တာနက်နဲ့ အလွယ်တကူချိတ်ဆက်နိုင်နေပါပြီ။ ဒါ့အပြင်၂၀၁၈ခုနှစ်မှာကမ္ဘာတစ်ဝန်းက hotspot အရေအတွက်၈ဆမြင့်တက်ပြီး သန်း၃၀၀အထိရှိလာလိမ့်မယ်လို့ ညာရှင်အချို့ကခန့်မှန်းထားပါတယ်။ Hotspot အရေအတွက် တောင်းဆိုမှုမြင့်တက်လာတာနဲ့အမျှ အွန်လိုင်းဗီဒီယိုတွေကို အထစ်အငေါ့မရှိကြည့်ရှုနိုင်ဖို့နဲ့ ပမာဏများပြားတဲ့ data တွေကို download နဲ့ upload လုပ်ဖို့အတွက် လျင်မြန်တဲ့ connection speed ကို တောင်းဆိုချက်တွေကလည်း မြင့်တက်လာခဲ့ပါတယ်။

အောက်ဖော်ပြပါနိုင်ငံများကတော့ RottenWiFiကဖော်ပြထားတဲ့ အလျင်မြန်ဆုံး public WiFiတွေရှိတဲ့ နိုင်ငံ (၅) ခုဖြစ်ပါတယ်။ဒီအထဲမှာ Comcast လိုမျိုး အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီတွေရှိတဲ့ အမေရိကန်နိုင်ငံမပါဝင်ပါဘူး။

လစ်သူယေးနီးယား

Public WiFiအမြန်ဆုံးနိုင်ငံများစာရင်းရဲ့  ထိပ်ဆုံးမှာရပ်တည်နေတဲ့နိုင်ငံက လစ်သူယေးနီးယားပါ။ ပျှမ်းမျှ download speed က 16.6 Mbps ဖြစ်ပြီး အမေရိကန်နိုင်ငံထက် ၂ဆနီးပါးပိုမြန်ပါတယ်။

စင်ကာပူ

စင်ကာပူနိုင်ငံရဲ့publicWiFi ပျှမ်းမျှအမြန်နှုန်းက 15.5 Mbps ဖြစ်ပါတယ်။စင်ကာပူအစိုးရအနေနဲ့ Wireless@SGလို့ခေါ်တဲ့ hotspot ထောင်များစွာကနေတဆင့် အခမဲ့ public Wi-Fi ထောက်ပံ့ပေးမယ့်အစီအစဉ်တစ်ရပ်ကို စတင်ခဲ့ပါတယ်။၂၀၁၈ခုနှစ်မှာတော့ နိုင်ငံတစ်ဝန်း hotspot အရေအတွက်နှစ်ဆတိုးမြှင့်ပြီး ၂၀,၀၀၀အထိရောက်ရှိအောင်ဆောင်ရွက်သွားမယ်လို့ အစိုးရကကြေညာထားပါတယ်။

ဆွစ်ဇာလန်

ဆွစ်ဇာလန်နိုင်ငံကဒေသခံတွေနဲ့ နိုင်ငံခြားသားတွေဟာပန်းခြံတွေ၊ ကမ်းခြေတွေ၊ ပြတိုက်တွေစတဲ့ အများပိုင်ဧရိယာတွေကနေ public WiFiကို အသုံးပြုနိုင်ပါတယ်။ ပျှမ်းမျှအမြန်နှုန်းက 13.8 Mbps ပါ။

ဒိန်းမတ်

ဒိန်းမတ်မှာတော့ နိုင်ငံတစ်ဝန်းကလမ်းမီးတိုင်တွေနဲ့ချိတ်ဆက်ပြီး အခမဲ့ public WiFi hotspot တွေအနေနဲ့ သုံးနိုင်ပါတယ်။ ဒီအစီအစဉ်ဟာ “smart cities” အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး Copenhagen မှာ Cisco နဲ့အတူ ပူးပေါင်းဆောင်ရွက်ထားတာဖြစ်ပါတယ်။ ပျှမ်းမျှအမြန်နှုန်းက 12 Mbps ပါ။

ယူကေ

ယူကေဟာထိပ်ဆုံးငါးနိုင်ငံစာရင်းမှာ ပါဝင်ပေမယ့်လည်း အစိုးရအနေနဲ့ connectivity infrastructure ကိုအဆင့်မြှင့်တင်ဖို့ ဆန္ဒရှိနေပါတယ်။ အဲ့ဒီ hotspot တွေဟာ လက်ရှိယူကေတစ်ဝန်းမှာ သုံးနိုင်တဲ့ပျှမ်းမျှ download speed ထက် အဆ၁၀၀နီးပါးပိုမြန်မယ်လို့သိရပါတယ်။