မြန်မာနိုင်ငံက အရှိန်အဟုန်ရနေတဲ့ Facebook online shopping ၀န်ဆောင်မှုများအကြောင်း

Image Source: https://www.celebritypix.us

မြန်မာမှာလည်း စတင်ဆောင်ရွက်နေတဲ့ အွန်လိုင်းစျေးဝယ်ဆိုဒ်တွ တိုပွား လာနေပါတယ်။ ငွေပေးချေမှု စနစ် တွေလည်း သိပ်ပြီး မရှိသေးတဲ့ တာတို့၊ ငွေပေးချေဖို့အတွက် ကဒ် ကိုင်ဆောင်သူတွေ နည်းသေးတာတို့ကနေ၊ shopping site မဟုတ်တဲ့ facebook page တွေမှာ ကုန်ပစ္စည်းတွေကို မိတ်ဆက်ပြီး၊ Comment တို့ Message တို့ဖြင့် အပေးအယူ လုပ်ပြီး ရောင်းနေတဲ့ နေရာတွေကများပါတယ်။
ငွေပေးချေမှု လုပ်ငန်းစဉ် ဟာ Cash on delivery စနစ်တွေက များတယ်။ Delivery နဲ့ ပက်သက်ပြီး ပို့ဆောင်ပေးတဲ့ လုပ်ငန်းတွေ အတော်လေး ရှိပေမယ့်လို့၊ Delivery ပို့တဲ့ လုပ်ငန်း တွေဆီ မယုံကြည်လို့ သို့မဟုတ် ပို့ခဈေးကြီးလို့ သို့မဟုတ် အကြောင်းပြချက် မသိပေမယ့်လို့၊ ရောင်းနေတဲ့ ကုမ္ပဏီတွေက ကိုယ့်ဘာသာ ပို့တာတွေလည်းရှိတယ်။

Facebook Online Shopping Pages

1. delivery services ပါ ရနိုင်တဲ့အတွက် online shopping ကို လူကြိုက်များ
2.လူသက်သာ၊ အချိန်ကုန်သက်သာ၊ အိမ်မှာပဲနေရင်းနဲ့ ဈေးဝယ်ထွက်နိုင်
Service ကောင်း၊ qualityလည်း စိတ်ချရတဲ့ facebook မှ နာမည်ရလျက်ရှိတဲ့ online shopping page အနည်းငယ် တင်ပြပေးချင်ပါတယ်

My Fashion USA Online Shopping

My Fashion U.S.A သည် အရည်အသွေးကောင်းသော အဝတ်အထည်များ၊ ဒီဇိုင်းစုံ အမျိုးအစားစုံ Handbag များ ၊ နောက်ဆုံးပေါ် ဖိနပ်များနှင့် နာမည်ကြီး အဆင့်အတန်းမီ အလှကုန်ပစ္စည်းများအား USA, Japan နှင့် Singapore နိုင်ငံတို့မှ တိုက်ရိုက်တင်သွင်း၍ online မှတဆင့် ဝယ်ယူနိုင်ရန် ဝန်ဆောင်မှုပေးသော Page တစ်ခုပါ။
လူကိုုယ်တိုုင်လာရောက် ဝယ်ယူ၍သော်လည်းကောင်း၊ အိမ်တိုင်ရာရောက်ပို ့ဆောင်ပေးသော ဝန်ဆောင်မှုဖြင့်သော်လည်းကောင်း ဝယ်ယူရရှိနိုုင်ပါသည်။ လူကိုယ်တိုင်လာရောက် ဝယ်ယူသူများအတွက် fitting room လည်းထားရှိပါတယ်။မြန်မာနိုင်ငံမှာ အလွယ်တကူ မရနိုင်တဲ့ brand (H&M, forever21, Bershka, ZARA, SEPHORA, etc..)များကို instock ရနိုင်သည့်အပြင် pre order များလည်းလက်ခံခြင်း၊ ရောင်းချသည့် ပစ္စည်းများအား ၁၀၀% စစ်မှန်မှု အာမခံပေးခြင်း၊ customer service မှာ feedback ကောင်းရလျက်ရှိတဲ့ page တစ်ခုပါ။

Febberry Cosmetics

Febberry Cosmetics online shopping page သည် မြန်မာမိန်းကလေးများအား လှပစေချင်တဲ့ စေတနာကောင်းဖြင့်100% Authentic USA/SG Products ပစ္စည်းအစစ်အမှန်များကို ရောင်းချပေးလျက်ရှိတဲ့ page တစ်ခုပါ။
USA to YGN တိုက်ရိုက်တင်ပို့ ရောင်းချခြင်းဖြစ်တဲ့အတွက် ၁၀၀%ပစ္စည်းစစ်မှန်ကြောင်းနှင့် Quality ကိုအထူးအာမခံခြင်း။ Official Website များမှတစ်ဆင့်သာ ဝယ်ပေးခြင်း။ နယ်မြို့များမှဝယ်ယူလိုပါကလည်း ကားဂိတ်များမှတစ်ဆင့်ပို့ဆောင်ပေးခြင်း။ online shopping များရဲ့ ထုံးစံအရ အိမ်တိုင်ရာရောက်ပို့ ဆောင်ပေးသော ဝန်ဆောင်မှုပါ ရရှိပါတယ်။
အရည်အသွေးပြည့်ဝကောင်းမွန်တဲ့ နာမည်ရ brandများရဲ့ skincareများကို customer service feedback ကောင်းကောင်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိတဲ့ online shopping page တစ်ခုပါ။

စာအုပ်ရွာ Online Book shop

မြန်မာနိုင်ငံအနှံ့ မည်သည့်နေရာကမဆို စာအုပ်မှာယူလိုပါက စာအုပ်ရွာ online book shop page ၌ ဆက်သွယ်မှာယူနိုင်ပါသည်။ မှာယူသူလက်ဝယ်အထိ ပို့ဆောင်ပေးပြီး စာအုပ်ရရှိမှငွေပေးချေရမယ့် စနစ်ပါ။
-အမည်၊ဖုန်း၊နေရပ်လိပ်စာ အပြည်အစုံတို့ကို စာအုပ်ရွာ online book shop page တွင် massageပို့၍လည်း မှာယူနိုင်ပါတယ်။
page တွင် ရောင်းချသည့် စာအုပ်များကိုလည်း စာအုပ်ပုံတင်ပေးသည့်အပြင် စာရေးသူအမည်၊ စာအုပ်အမည်၊ ထုတ်ဝေသည့် စာပေတိုက်၊ ထုတ်ဝေသည့် အကြိမ်၊ စာအုပ်တန်ဖိုး၊ ပို့ဆောင်ခများကိုပါ ထည့်သွင်းကြေငြာပေးခြင်းမှာ စာဖတ်သူပရိတ်သတ်အတွက် အဆင်ပြေမယ်လို့ ထင်ပါတယ်။စာအုပ်ပါ အကြောင်းအရာလေးကိုလည်း အကျဉ်းရုံးထည့်သွင်းဖော်ပြပေးသည့်အတွက် စာဖတ်သူများအနေနှင့် စာအမြည်းဖတ်ပြီး မိမိကြိုက်နှစ်သက်ရာ စာအုပ်ကို ရွေးချယ်၍ မှာယူ နိုင်မှာပါ။ ကိုယ်မှာယုူတဲ့ စာအုပ်ကို မှာယူခြင်း cancel လုပ်မည်ဆိုပါကလည်း မှာယူပြီး ၆နာရီအတွင်း cancel လုပ်ပေးနိုင်ကြောင်းလည်း ထည့်သွင်းဖော်ပြထားတာ တွေ့ရပါတယ်။ customer service လည်း ကောင်းမွန်တဲ့ page တစ်ခုပါ။

SK-II Myanmar Authentic

SK-II Myanmar Authentic online shop ဟာ 2014 April 1 မှာ page စတင်ခဲ့ခြင်းဖြစ်တာကို ၎င်း facebook page business info: မှာဖော်ပြထားတာတွေ့ ရပါတယ်။ ၁၀၀% စစ်မှန်သည့် SK-II Product များကိုသာ Japan နိုင်ငံမှ တိုက်ရိုက်မှာယူပေးခြင်းဖြစ်တာကိုလည်း ၎င်းpage မှာပဲ ဖော်ပြထားပါတယ်။
page မှာတင်ရောင်းတဲ့ product များကိုလည်း အသုံးပြုပုံရော အကျိုးသက်ရောက်ပုံကိုပါ အသေးစိတ် ရှင်းပြပေးထားတာတွေ့ရပါတယ်။ customer များရဲ့ မေးသမျှကိုလည်း စိတ်ရှည် လက်ရှည် reply လုပ်ပေးနေတာလည်း တွေ့ရပါတယ်။ တစ်ချို့ post လေးတွေ မှာဆိုလည်း ygn မြို့တွင်း free delivery လို့ ဖော်ပြပေးထားတာ တွေ့ရပါတယ်။ Page ကိုကြည့်ရသလောက်တော့ page admin ကိုယ်တိုင် oversea သို့ သွားရောက်ဝယ်ယူပြီး instock item များကိုသာ ရောင်းချပုံရပါတယ်။ order လို့လည်းရမယ့်ပုံပါ။ အချိန်အကြာကြီး စောင့်စရာမလိုတာလည်း ၎င်း page ရဲ့ အားသာချက်တစ်ခုလို့ ထင်ပါတယ်။
SK-II product တစ်မျိုးတည်းကိုသာ 100% Authentic ဖြင့် ရောင်းချပေးပြီး customer service ကောင်းတဲ့ product အကြောင်း အသေးစိတ်သေချာရှင်းပြနိုင်တဲ့ page တစ်ခုလို့ ခန့်မှန်းရပါတယ်။

Jibengu Shop

-Jibengu Shop အမည်ရတဲ့ Online shop ကတော့ ဂျပန်မှတင်သွင်းသော SK II အလှကုန်ပစ္စည်း စစ်စစ်များကို လက်လီ၊ လက္ကား ရောင်းချပေးနေတဲ့ page တစ်ခုဖြစ်ပါတယ်။ အခြားနာမည်ကြီး အလှကုန်brandများဖြစ်သော DIOR, CLINIQUE, ESTTE LAUDER များကိုလည်း ရောင်းချပေးလျက်ရှိပါသည်။ pageမှာတော့ japan မှတစ်ဆင့်တင်သွင်းသော အလှကုန်ပစ္စည်း စစ်စစ်များကိုသာ ရောင်းချပေးနေကြောင်း ဖော်ပြပေးထားတာတွေ့ရပါတယ်။
-https://www.facebook.com/pg/jibengu.shop/services/ဆိုတဲ့ link လေးတစ်ခုပေးထားပြီး ထိုlink မှတစ်ဆင့် ၎င်းတို့ရောင်းချပေးလျက်ရှိတဲ့ မှာယူနိုင်တဲ့ အလှကုန်ပစ္စည်းများနှင့်တကွ ဈေးနှုန်းများကိုပါ ဖော်ပြပေးထားတဲ့ အတွက်ကြောင့် ဝယ်ယူသူတွေအတွက်တော့ မိမိစိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်တဲ့ တကယ်ကိုအဆင်ပြေတဲ့ page တစ်ခုပါ။ ကုန်ပစ္စည်းမှာယူနည်း၊ ကုန်ပစ္စည်းပို့ဆောင်မှုစနစ် နှင့် ငွေပေးချေမှု စနစ်တို့ကိုပါ အသေးစိတ် ဖော်ပြပေးထားတာတွေ့ရပါတယ်။ မှာယူပြီး ၃ရက်အတွင်း ပို့ပေးနို်င်ပြီး ၃သောင်းဖိုးအထက် မှာယူမယ်ဆိုရင်တော့ အခမဲ့ပို့ပေးမှာပါ။ ပစ္စည်းလက်ခံရရှိပြီးမှသာ ငွေလက်ငင်းရှင်းပေးရမှာပါ။ SAT, SUN ရုံးပိတ်ရက်ဖြစ်ပြီး ရုံးချိန်အတွင်းမှာသာ မေးမြန်းသည်များကိို reply လုပ်နိုင်ပေမယ့်လည်း စိတ်ရှည်လက်ရှည် ဖြေကြားပေးနိုင်ပါတယ်။ ကုန်ပစ္စည်းများအကြောင်းကိုလည်း အသုံးပြုပုံနှင့်တကွ ရရှိနိုင်တဲ့ အကျိုးရလဒ်ကိုပါ သေချာဖော်ပြပေးထားတာတွေ့ရပြီး customer sevrvice လည်းကောင်းမွန်ပါတယ်။ 100% authentic ပစ္စည်းအစစ်အမှန်များကို တော်တော်လေး ဈေးနှုန်းချိုသာစွာနဲ့ရရှိနိုင်ပြီး အလှကုန်ပစ္စည်းbrandတစ်ခုကို စတင်စမ်းသပ်အသုံးပြုချင်သူတွေအတွက်တော့ ဒီ page လေးက တော်တော်လေးအဆင်ပြေမယ့် page တစ်ခုပါ။

Missha (Myanmar)

-Missha brandသည် Korean နိုင်ငံ၏ရောင်းအားအကောင်းဆုံးနှင့် လူကြိုက်အများဆုံးအလှကုန်ဖြစ်၍ထူးခြားသော အရည်အသွေးနှင့် သဘာဝမှရရှိသော အလှကုန်ဖြစ်ပြီး သုံးစွဲပြီးသူတိုင်းကြိုက်နှစ်သက်မှုကို အပြည့်အဝရရှိထားသော အလှကုန်ဖြစ်သည်ကို Missha(Myanmar) page တွင်ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံ၏ သရုပ်ဆောင်အကယ်ဒမီမင်းသမီး နန္ဒာလှိုင်သုံးစွဲပြီး မြန်မာနိုင်ငံ၏ တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်းထားသော အရည်အသွေးစိတ်ချရသည့် ပစ္စည်းဖြစ်သည်ကိုလည်း page တွင်တင်ထားသည့် info အရသိရပါတယ်။ အမျိုးသားသုံးနှင့်အမျိုးသမီးသုံး ရနိုင်သဖြင့် သုံးစွဲရအဆင်ပြေမယ့် brand ဖြစ်နိုင်မှာပါ။ online delivery service ရသလို official showroom များလည်း ဖွင့်လှစ်ရောင်းချပေးနေပါတယ်။ customer များမေးမြန်းသည်များကို မြန်မြန်ဆန်ဆန် reply လုပ်နိုင်တဲ့ အချက်ကတော့ Online ကနေ ရောင်းချနေတဲ့ page တစ်ခုရဲ့ အဓိကလိုအပ်ချက်ဖြစ်သလို အဓိကအားသာချက်တစ်ခုလိုလည်း ဆိုနိုင်ပါတယ်။ Missha(Myanmar) page ရဲ့ admin ဟာ customer reply and relation ကို ဦးစားပေးသူတစ်ယောက်ဆိုတာကိုလည်း comment reply တွင်တွေ့ရိိှရပြီး ဒါကတော့ online shopping service တစ်ခုအနေနဲ့ အားသာချက်တစ်ခုလို့ ဆိုရမှာပါ။ ကုန်ပစ္စည်းရဲ့ ဈေးနှုန်းနှင့်တကွ အသုံးပြုပုံ၊ ရရှိနိုင်တဲ့result ကိုပါ အသေးစိတ်ရှင်းပြပေးနိုင်နိုင်တဲ့ page တစ်ခုပါ။ တစ်ဦးတည်းကိုယ်စားလှယ်ယူရောင်းချပေးနေတဲ့ အတွက်ကြောင့် ပစ္စည်းစစ်မှန်မှု စိတ်ချရမှာပါ။

IDEAL Classic Clothing

IDEAL Classic Clothing online shop ဟာဆိုရင် အမျိုးသမီးဝတ်လက်ရက်ချည်ထည်များ၊ ဇာ၊ ပိုးစစ်လွန်းကြိုးကြီးချိတ် နှင့် ပိုးထည်ဒီဇိုင်းအစုံအလင်၊ ကွန်ပြူတာပန်းထိုးချည်ထည်များ၊ တိုင်းရင်းသားရိုးရာချည်ထည်များ၊ အမျိုးသားဝတ် ချည်/ပိုးပုဆိုးများကို စျေးနုှန်းချိုုသာစွာ လက်လီ/လက်ကား မှာယူရရှိနိုင်ပြီး customer များစိတ်တိုင်းကျ အကောင်းဆုံးဝန်ဆောင်မှု၊ ချိုသာသောစျေးနှုန်းတို့ဖြင့် အဆင်ပြေစွာဝယ်ယူနိုင်ရန် ဝန်ဆောင်မှု ပေးနေတယ်ဆိုတဲ့အကြောင်းကို ၎င်း page တွင်ဖော်ပြပေးထားပါတယ်။ customer reply လည်းသေချာလေး လုပ်ပေးတာတွေ့ရတယ်။ ပွဲနေပွဲထိုင်ကအစ ထသွားထလာအထိ အဆင်ဒီဇိုင်းစုံကို customer service ကောင်းကောင်းဖြင့် ရောင်းချပေးနေတဲ့ page တစ်ခုပါ။ ဈေးနှုန်းကိုလည်း တစ်ပါတည်းဖော်ပြပြီး quality and service feedback အလွန်ကောင်းမွန်တဲ့ page တစ်ခုပါ။

လက်ငင်းငွေပေးချေမှုက အဓိကဖြစ်ပေမယ့်လို့、ကဒ်သုံးတဲ့သူတွေလည်း နည်းနည်းဆီ တိုးလာနေတယ်။
・Credit Card ကိုင်ဆောင်မှု တိုးတက်ခြင်း
・ဆိုင်တွေက တောင်းဆိုမှုနိုင်ချေတွေ တိုးပွားလာဖို့ ရည်သန် (ငွေပေးချေဖြင့် ပစ္စည်းတွေက မရောက်ဖူးဆိုတဲ့ မယုံကြည်ရမှုတွေ ရှိတယ်။)
・Card အခြေအနေ စတာတွေကို Online ဖြင့် Input လုပ်တဲ့ လုံခြုံစိတ်ချရမှု နဲ့ပက်သက်တဲ့ စိတ်မချမှုတွေကို ဖယ်ရှားခြင်းဆိုတဲ့ အချက်တွေကို စိတ်ကျေနပ်ရင်、EC Site တွေကို အသုံပြုတဲ့သူတွေလည်း တိုးပွားမယ်လို့ ထင်ရပြီး、အဲ့လိုဖြစ်လာရင်、EC Site အရေတွက်တွေလည်း တိုးပွားသွားမှာမဟုတ်ပါလား။