ခေတ်မှီနည်းပညာဖြင့် စိုက်ပျိုးရေးဖွံ့ဖြိုးမှုစီမံကိန်းအကောင်အထည်ဖော်ရေးအတွက် Ooredoo နှင့် UNDP တို့ပူးပေါင်း

အူရီဒူးမြန်မာနှင့်ယူအင်ဒီပီမြန်မာတို့သည် ရေရှည်တည်တံ့သော စီးပွားရေးလုပ်ငန်းများနှင့်စိုက်ပျိုးရေးဖွံ့ဖြိုးမှုစီမံကိန်း (SEAD) အကောင်အထည်ဖော်ရေးကို ကူညီပေးရန်အတွက် လုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်း သဘောတူညီချက်တစ်ရပ် အနေဖြင့် လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းသိရ သည်။

Photo Source By Myanmar Tech Press

အဆိုပါစီမံကိန်းသည် အူရီဒူးမြန်မာ၏ ခေတ်မီမိုဘိုင်းနည်းပညာနှင့် ယူအင်ဒီပီ၏ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသည့် လယ်ယာ လုပ်ငန်းအလေ့အထများ မြှင့်တင်ရေးအတွေ့အကြုံများကို အရှိန်အဟုန်ဖြင့် အသုံးချခြင်းဖြင့် မြန်မာနိုင်ငံ အပူပိုင်းဇုန်တွင် အားလုံးပါဝင်၍ ရေရှည်တည်တံ့သော ကျေးလက်ဒေသဖွံ့ဖြိုးရေး စံပြပုံစံတစ်ခုကို တည်ထောင်ရန်ရည်ရွယ်ထားကြောင်း လည်း သိရသည်။ ထို့အတွက်ကြောင့် မြင်းခြံမြို့နယ်နှင့်ညောင်ဦးမြို့နယ်တို့ရှိ ကျေးရွာပေါင်း (၁၃၀) တို့သည် ၁၅ လကြာမြင့်မည့် အဆိုပါစီမံကိန်းမှ အကျိုးကျေးဇူးများကို တိုက်ရိုက်ခံစားရမည်ဟု မျှော်မှန်းထားခြင်းလည်းဖြစ်သည်။
SEAD စီမံကိန်းသည် အပူပိုင်းဇုန်ရှိ အားနည်းချက်များရှိသော တောင်သူလယ်သမားများအား ဝင်ငွေရင်းမြစ်စုံလင်လာ စေရေးနှင့် ခံနိုင်ရည်ရှိသောအသက်မွေးဝမ်းကြောင်းမှုများကို မြှင့်တင်ပေးရန် စိုက်ပျိုးရေးကဏ္ဍတစ်ခု ဖြစ်လာစေရေးအတွက် ပံ့ပိုးပေးခြင်း၊ ရာသီဥတုဆိုင်ရာ အကြံပေးချက်များပေးပို့ခြင်း၊ အဓိကမိတ်ဖက် အစိုးရဌာနများနှင့်ပူးပေါင်း၍ ရေရှည်တည်တံ့သော စိုက်ပျိုးမွေးမြူရေး အလေ့အထကောင်းများမြှင့်တင်ပေးခြင်း၊ ရေရှည်တည်တံ့သော လယ်ယာလုပ်ငန်း ဖြစ်လာစေရန် ရောင်းလိုအားနှင့်ဝယ်လိုအားကို ချိန်ညှိဆောင်ရွက်ခြင်း၊ တောင်သူလယ်သမားများ၏ အသက်မွေးဝမ်း ကျောင်းစနစ်နှင့် ဆက်စပ်နေသည့် သွင်းအားစုများနှင့်ဝန်ဆောင်မှုများ ထောက်ပံ့ပေးခြင်း၊ စိုက်ပျိုးမွေးမြူရေးတွင် တန်ဖိုးမြင့် ထုတ်ကုန်များဖြစ်လာစေရန် ကူညီပေးခြင်း၊ တောင်သူလယ်သမားများအား(မိုဘိုင်းငွေကြေးကို အသုံးပြု၍) ချေးငွေစနစ် နှင့်ချိတ်ဆက်ပေးခြင်း၊ ဈေးကွက်များနှင့် ချိတ်ဆက်ပေးခြင်းတို့ ပါဝင်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်းသိရ သည်။

Photo Source By Myanmar Tech Press

“အူရီဒူးအနေက ယူအင်ဒီပီနဲ့ပူးပေါင်းဆောင်ရွက်မှုကို ဝမ်းမြောက်စွာနဲ့ကြေညာလိုပါတယ်။ ဘာကြောင့်လဲဆိုရင် မိုဘိုင်းနည်း ပညာဟာ ကျေးလက်ဖွံ့ဖြိုးရေးမှာအရေးပါတဲ့ အခန်းကဏ္ဍကပါဝင်နေပြီဆိုတာကို ကျွန်တော်တို့ အဓိကယုံကြည်ထား လို့ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ မိုဘိုင်းဆက်သွယ်ရေးနဲ့သတင်းအချက်အလက်နည်းပညာဟာ ကျေးလက်ဒေသနေ ပြည်သူ လူထုအတွက် အဓိကကျပြီး အခွင့်အလန်းကောင်းတွေနဲ့ ဗဟုသုတတွေကို မျှဝေခြင်းဖြင့်မြန်ဆန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေမှာဖြစ်တဲ့အပြင် ကမ္ဘာတစ်ဝန်းနဲ့လည်း သူတို့ကို ချိတ်ဆက်ပေးနိုင်မှာဖြစ်တာကြောင့် “ပြည်သူတို့၏ ဒစ်ဂျစ်တယ် ဘဝများ ပြည့်ဝမြင့်မားစေရန်” ဆိုတဲ့ အူရီဒူးရဲ့ ရည်မှန်းချက်နဲ့လည်း ကိုက်ညီပါတယ်။ လူတိုင်းအတွက် ပိုမိုကောင်းမွန်တဲ့ ဘဝတွေကိုပိုင်ဆိုင်ဖို့ ဖန်တီးပေးနိုင်တဲ့ ဒစ်ဂျစ်တယ်နည်းပညာ အသွင်ကူးပြောင်းဖော်ဆောင်ရေးမှာ တစိတ်တဒေသ အနေနဲ့ပါဝင် ပံ့ပိုးခွင့်ရတဲ့အတွက်ကြောင့် အူရီဒူးအနေနဲ့ ဂုဏ်ယူရပါတယ်” ဟု အူရီဒူးမြန်မာ၏ CEO ဖြစ်သူ Mr. Rajeev Sethi က ပြောကြားသည်။
“ပုဂ္ဂလိကကဏ္ဍဟာ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ (SDGs) ကို ရောက်ရှိဖို့ အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါတယ်၊ အဲဒီလို နားလည်သဘော ပေါက်ထားတဲ့အတွက် ယူအင်ဒီပီမြန်မာနဲ့ အူရီဒူးမြန်မာတို့ဟာ မြန်မာနိုင်ငံရဲ့ SDGs ပန်းတိုင်များကို ရောက်ရှိဖို့ကြိုးပမ်းရာမှာ တီထွင်ဆန်းသစ်ဖို့နဲ့ ပူးပေါင်းဆောင် ရွက်ဖို့ ကတိကဝတ်ပြုခဲ့ပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလကတည်းက နားလည်မှုစာချွန်လွှာတစ်စောင်ကို လက်မှတ်ရေး ထိုးခဲ့ပါတယ်။ ယူအင်ဒီပီအနေနဲ့ SEAD စီမံကိန်းမှာ အူရီဒူးမြန်မာနဲ့ ဆက်လက်တွဲဖက်ဆောင်ရွက်ရတဲ့အတွက် ကျေနပ် မိပါတယ်၊ SEAD စီမံကိန်းဟာ ကျေးလက်နေပြည်သူတွေကို သူတို့ရဲ့ဒေသတွင်း ဖွံဖြိုးရေးအခက်အခဲတွေကို ကျော်လွှား နိုင်စေဖို့ မိုဘိုင်းအိုင်စီတီနည်းပညာနဲ့ မောင်းနှင်နေတဲ့ ဈေးကွက်ချိတ်ဆက်မှုအလားအလာကောင်းတွေကို နားလည် သဘောပေါက်စေဖို့နဲ့ ထုတ်လုပ်မှုစွမ်းအားတိုးတက်စေဖို့အတွက် ကူညီပေးမှာဖြစ်ပါတယ်”ဟု ယူအင်ဒီပီ၏ လက်ရှိ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Gordan Johnson က ပြောကြားသည်။

Photo Source By Myanmar Tech Press

အူရီဒူးမြန်မာနှင့်ယူအင်ဒီပီမြန်မာတို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် နားလည်မှုစာချွန်လွှာတစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး မြန်မာနိုင်ငံ၏ SDGs ပန်းတိုင်များ ရရှိရေးတွင် ဒီဂျစ်တယ်နည်းပညာ၏ အလားအလာကို ဖွင့်ထုတ်ပေးမည့်အားဖြည့်လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန်အတွက် နှစ်နှစ်ကြာမျှ မိတ်ဖက်ဖွဲ့ စည်းဆောင်ရွက်ခဲ့ကြ ပြီးလည်းဖြစ်သည်။