MPT Club အဖွဲ့ဝင်များအတွက် အထူးခံစားခွင့်များ ရရှိခံစားနိုင်မည့် Global Single’s Day အထူးပရိုးမိုးရှင်းအစီအစဉ်ကိုမိတ်ဆက်

MPT သည် နိုဝင်ဘာလ ၁၁ ရက်တွင် ပြုလုပ်မည့် ကမ္ဘာတစ်ဝန်းတွင် လူသိများထင်ရှားသည့် Global Singles’ Day ကို ဂုဏ်ပြုဆင်နွှဲသည့် အနေဖြင့် မြန်မာနိုင်ငံတွင် ထိပ်တန်း အွန်လိုင်းရှော့ပင်းဝန်ဆောင်မှုတစ်ခုဖြစ်သည့် rgo47 နှင့် ပူးပေါင်းပြီး MPT Club အဖွဲ့ဝင်များအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ပရိုမိုးရှင်း အစီအစဉ်ကို ပြုလုပ်သွားမည် ဖြစ်သည်။
Diamond နှင့် Platinum အဆင့် MPT Club အဖွဲ့ဝင်များအနေဖြင့် နိုဝင်ဘာလ (၇) ရက်မှ (၁၅) ရက်အတွင်း rgo47 App ကို အသုံးပြု၍ “ဝုန်းဒိုင်းကြဲ” ပရိုမိုးရှင်း အစီအစဉ်ဖြင့် ဈေးဝယ်ယူမှုများ ပြုလုပ်ပါက စိတ်လှုပ်ရှားဖွယ် အကျိုးခံစားခွင့်များနှင့် အထူးအခွင့်အရေး များစွာတို့ကို ရရှိနိုင်မည်ဖြစ်ကြောင်း ယနေ့တွင် MPT က ထုတ်ပြန် ကြေညာလိုက်သည်။ MPT Club အဖွဲ့ဝင်များအနေဖြင့် ကမ္ဘာကျော် အမှတ်တံဆိပ်များဖြစ်သည့် L’Oreal ၊ Revlon ၊ Garnier ၊ Unilever နှင့် Maybelline တို့အပါအဝင် နိုင်ငံတကာမှ လူကြိုက်များသော အမှတ်တံဆိပ်ပေါင်း (၂၆) မှ ထုတ်လုပ်ထားသည့် အရည်အသွေးမြင့် ကုန်ပစ္စည်းများအပေါ်တွင် အများဆုံး ၉၀% အထိ အထူးလျှော့ဈေးကို ရရှိခံစားနိုင်မည် ဖြစ်သည်။

Photo Source https://www.facebook.com/mptofficialpage

ဤပရိုမိုးရှင်း အစီအစဉ်အရ Diamond နှင့် Platinum အဆင့် MPT Club အဖွဲ့ဝင်များအနေဖြင့် rgo47 မှတစ်ဆင့် ဝယ်ယူမှုတန်ဖိုး အနည်းဆုံး ၂၀,၀၀၀ ကျပ်ဖိုး ဈေးဝယ်ယူလျှင် ၁၁,၁၁၁ ကျပ် အထူးလျှော့ဈေးနှင့် အိမ်တိုင်ရာရောက် အခမဲ့ ပို့ဆောင်ပေးမည့် ဝန်ဆောင်မှုတို့ကို ရရှိနိုင်မည့် တစ်ကြိမ်သာအသုံးပြုနိုင်သော အထူး ပရိုမိုကုဒ်ကို SMS မှတစ်ဆင့် လက်ခံရရှိမည် ဖြစ်သည်။ ထို့အပြင် MPT Money ကို အသုံးပြုကာ အနည်းဆုံး ၁၁,၁၁၁ ကျပ်ဖိုးနှင့် အထက် ဝယ်ယူပေးချေမှု ပြုလုပ်သော သုံးစွဲသူများအနေဖြင့် MPT Club ပွိုင့် ၁,၁၁၁ ပွိုင့် ကို ရရှိနိုင်မည် ဖြစ်သည်။
“ကျွန်တော်တို့ MPT ရဲ့ လေးစား တန်ဖိုးထားရတဲ့ သုံးစွဲသူတွေအတွက် တန်ဖိုးရှိတဲ့၊ စိတ်လှုပ်ရှားစရာကောင်းတဲ့ အကျိုးခံစားခွင့်တွေနဲ့ ပရိုမိုးရှင်း အစီအစဉ်တွေကို မိတ်ဆက်ပေးဖို့နဲ့ သုံးစွဲသူတွေရဲ့ ဒီဂျစ်တယ်ဘဝကို ပိုပြီးပြည့်စုံ ကောင်းမွန်စေဖို့အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ် ဆောင်ရွက်နေပါတယ်။ ဒီနှစ် Global Singles’ Day ကို ဂုဏ်ပြုဆင်နွှဲတဲ့အနေနဲ့ MPT Club အဖွဲ့ဝင်တွေအတွက် အထူးသီးသန့် ပရိုမိုးရှင်းတွေ စီစဉ်ပေးဖို့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း အွန်လိုင်းရှော့ပင်း ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ rgo47 နဲ့ ပူးပေါင်းပြီးတော့ စီစဉ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အထူးခံစားခွင့်တွေကို အချိန်မဆိုင်းဘဲ ရယူသုံးစွဲကြဖို့ တိုက်တွန်းလိုက်ပါရစေ။ ကိုဗစ်-၁၉ ကပ်ရောဂါကြီးကို တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ တိုက်ဖျက်နေကြရတဲ့အချိန်မှာ အိမ်မှာနေနေကြတဲ့ ကျွန်တော်တို့ရဲ့ သုံးစွဲသူအားလုံးအတွက် “နေ့ရက်တိုင်းမှာ စိုပြေမှာ MPT Club ရဲ့စေတနာ” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ယခုလိုမျိုး စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ ပရိုမိုးရှင်း အစီအစဉ်တွေကို ပြုလုပ်ပေးရခြင်းပဲ ဖြစ်ပါတယ်” ဟု MPT-KSGM JO ၏ စီးပွားရေးဌာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr. Tetsunori Nagashima မှ ပြောကြားသည်။

Photo Source https://www.facebook.com/mptofficialpage

rgo47 ၏ Singles’ Day ပရိုမိုးရှင်းအတွက် SMS မှတစ်ဆင့် ပရိုမိုကုဒ် (MPTWDK1111) ကို လက်ခံရယူနိုင်ရန် Diamond နှင့် Platinum အဆင့် MPT Club အဖွဲ့ဝင်များသည် MPT ဆင်းမ်ကတ်ကို အသုံးပြု၍ rgo47 အက်ပလီကေးရှင်းပေါ်တွင် အဖွဲ့ဝင်အဖြစ် စာရင်းသွင်းထားရန် လိုအပ်ပါသည်။ SMS ပရိုမိုကုဒ်ကို လက်ခံရရှိထားသည့် MPT Club အဖွဲ့ဝင် များသည် rgo47 App တွင် အဆိုပါ ကုဒ်နံပါတ်အား ဖြည့်သွင်းကာ အထူးခံစားခွင့်များကို ရယူနိုင်မည်ဖြစ်သည်။
MPT သုံးစွဲသူများ အနေဖြင့် SMS ကို အသုံးပြုပြီး ဖုန်းနံပါတ် 345 သို့ REG M/F ဟု စာတို (SMS) ပေးပို့ခြင်းဖြင့် လည်းကောင်း USSD ကို အသုံးပြုခြင်းနည်းလမ်းဖြင့် *345# ကို ရိုက်နှိပ်ခေါ်ဆို ခြင်းဖြင့်လည်းကောင်း MPT Club အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။ MPT Club အဖွဲ့ဝင်များအနေဖြင့် MPT Club Point များကို ဖုန်းငွေဖြည့်သွင်းမှုဖြင့် လည်းကောင်း၊ မိတ်ဖက်အဖွဲ့အစည်းများ၏ ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲခြင်းဖြင့်လည်းကောင်း ရရှိနိုင်မည် ဖြစ်သည်။
MPT Club နှင့် ပရိုမိုးရှင်းအစီအစဉ်များနှင့် ပတ်သက်ပြီး အသေးစိတ်ထပ်မံသိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက် (သို့) MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာတို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။