MPT ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုကို တပ်ဆင်ခအခမဲ့နှင့် (၁)လစာ အခမဲ့ ပါဝင်မည့် သီတင်းကျွတ်အကြို ပရိုမိုးရှင်းအစီအစဉ်ကိုမိတ်ဆက်

MPT သည် သုံးစွဲသူများအတွက် မြန်ဆန်သက်သာပြီး စိတ်ချယုံကြည်ရသည့် မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာ အင်တာနက်ဝန်ဆောင်မှုကို မြန်မာနိုင်ငံ တစ်ဝန်းရှိ မြို့နယ်ပေါင်း ၇၀ အထိ ထပ်မံတိုးချဲ့ လိုက်ပြီဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဒုံးပျံအိမ်သုံး ဖိုင်ဘာအင်တာနက်ကို အောက်တိုဘာလအတွင်း တပ်ဆင်ပါက သီတင်းကျွတ်အကြို ပရိုမိုးရှင်း အနေဖြင့် နိုဝင်ဘာလအတွက် (၁) လစာ အခမဲ့အသုံးပြုခွင့်ကို ရရှိနိုင်မည် ဖြစ်သည်။ MPT အနေဖြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာ အင်တာနက်ကို မြန်မာနိုင်ငံတစ်ဝန်းတွင် ပိုမိုမြန်ဆန်စွာ တိုးချဲ့ဖြန့်ကျက်လျက်ရှိပြီး ဝန်ဆောင်မှုရရှိနိုင်သည့် နေရာအသေးစိတ်ကိုလည်း https://bit.ly/34gWfyD တွင် ကြည့်ရှု စစ်ဆေးနိုင်သည်။

Photo Source https://www.facebook.com/mptofficialpage

“အခုလို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်မားလာတဲ့ကာလမှာ အိမ်မှာနေပြီး အလုပ်လုပ်နေရတဲ့သူတွေ အတွက်သာမက အွန်လိုင်းသင်တန်းတက်နေရတဲ့သူတွေ ၊ မြန်နှုန်းမြင့် ဂိမ်းတွေကို အွန်လိုင်းကနေ အကန့်အသတ်မဲ့ ဆော့ကစားလိုသူတွေနဲ့ သီတင်းကျွတ်ပိတ်ရက်တွေမှာ အွန်လိုင်းကတစ်ဆင့် live show ဖျော်ဖြေပွဲတွေကို ကြည့်ရှုပြီးအနားယူအပန်းဖြေသူ တွေအတွက် မြန်ဆန်သက်သာပြီး စိတ်ချယုံကြည်ရတဲ့ မြန်နှုန်းမြင့် MPT ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ကို အထူးနှုန်းထားတွေနဲ့အတူ သီတင်းကျွတ်အကြို ပရိုမိုးရှင်း အစီအစဉ်ကိုပါ ထပ်မံပြီး မိတ်ဆက်ခွင့်ရတဲ့ အတွက်အထူး ဝမ်းမြောက်မိပါတယ်။ သီတင်းကျွတ်ကာလမှာ အားလုံးပဲ ကိုယ်ချစ်တဲ့သူတွေနဲ့ ကျန်းမာပျော်ရွှင်ပါစေ လို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်” ဟု MPT-KSGM JO ၏ စီးပွားရေးဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ ဦးကိုကို အောင်က ပြောကြားသည်။
မြန်ဆန်သက်သာပြီး စိတ်ချယုံကြည်ရသည့် မြန်နှုန်းမြင့် MPT ဒုံးပျံအိမ်သုံးဖိုင်ဘာ အင်တာနက်ကို ရယူအသုံးပြုလို သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်အချိန် အိမ်တွင်နေထိုင်စဉ် ကာလအတွင်း https://www.mpt.com.mm/mm/dome-pyan-form-individuals-mm/ မှတစ်ဆင့် ဝင်ရောက်လျှောက် ထားနိုင်ပြီး MPT ၏ FTTH ဘေလ်အပါအဝင် အခြား အသုံးပြုပြီးမှပေးချေရသည့် ဘေလ်ပေးဆောင် မှုများအတွက် MEB online payment၊ CB၊ KBZ၊ AYA၊ MAB Mobile Banking နှင့် MPT Money တို့မှ တစ်ဆင့် ဝန်ဆောင်ခပေးချေခြင်းကို လွယ်လင့်တကူ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

Photo Source https://www.facebook.com/mptofficialpage

MPT အနေဖြင့် သုံးစွဲသူများအားလုံးကို အကောင်းဆုံး ဝန်ဆောင်မှုများ ပေးအပ်နေသည့်အပြင် လူမှုအကျိုးပြု လှုပ်ရှားမှုများအနေဖြင့် မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု မြင့်မားလာသည့်ကာလ၌ မရှိမဖြစ်လိုအပ်သည့် ဆက်သွယ်ရေးဆိုင်ရာ အထောက်အပံ့များ ဖြစ်သော ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုနှင့် ဖုန်းလိုင်းဆက်သွယ်မှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအသီးသီးရှိ အသွားအလာ ကန့်သတ်ဆောင်ရွက်မှု နေရာ (Quarantine Center) များနှင့် ကုသရေးဌာနများတွင်ဆောင်ရွက် ပေးခဲ့ကာ မြန်နှုန်းမြင့် FTTH နှင့် B2B ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုများ၊ PSTN အော်တိုတယ်လီဖုန်းဝန်ဆောင်မှုနှင့် VOIP ဖုန်းလိုင်းများကို တပ်ဆင်ပေးခဲ့ပြီး ရန်ကုန်မြို့၊ သုဝဏ္ဏ ရှိ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန၊ ဧရာဝတီစင်တာ နှင့် ဖောင်ကြီး ကိုဗစ်-၁၉ ကုသရေးစင်တာတို့တွင် ဖိုင်ဘာအင်တာနက် ဆက်သွယ်မှုနှင့် Wi-Fi ကွန်ရက်စနစ် တပ်ဆင်ခြင်းကိုလည်း တိုးချဲ့ချိတ်ဆက် လှူဒါန်းခဲ့သည်။
MPT ၏ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုနှင့် ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍ သော်လည်းကောင်း၊ *2800# ကို ခေါ်ဆို၍လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက် (သို့) MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ် စာမျက်နှာတို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။