ဂိမ်းချစ်သူများအတွက် ကောင်းမွန်သည့် အတွေ့အကြုံများရရှိနိုင်သည့် “AppTouch” ဂိမ်းဝန်ဆောင်မှုအသစ်ကိုစတင်မိတ်ဆက်

MPT မှ ဂိမ်းဝန်ဆောင်မှုအသစ်ဖြစ်သည့် “AppTouch” ဝန်ဆောင်မှုကို Huawei Myanmar နှင့်အတူပူးပေါင်း၍ စတင် မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
MPT သုံးစွဲသူများအတွက် ဂိမ်းအက်ပလီကေးရှင်းများအပါအဝင် အဆင်မြှင့်တင်ထားသည့် ဒီဂျစ်တယ် ဖျော်ဖြေရေးဆိုင်ရာ ဝန်ဆောင်မှုအစီအစဉ်များကို ဆောင်ရွက်လိုက်ခြင်းဖြစ်ပြီး ယခုဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် နိုင်ငံတစ်ဝှမ်းမှ MPT သုံးစွဲ သူများအတွက် ပျော်ရွှင်ဖွယ်ကောင်းသည့် ဂိမ်းအစီအစဉ်များအားလုံးကို ဈေးနှှုန်းသက်သာစွာဖြင့် ဝန်ဆောင်မှုတစ်ခုတည်း တွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။

Photo Source – https://lotaya.mpt.com.mm/event/228

AppTouch ဝန်ဆောင်မှုတွင် Android မိုဘိုင်းလ်ဖုန်းများအတွက် လိုင်စင်ရယူထားပြီးဖြစ်သည့် ဒေါင်းလုတ်ယူနိုင်သော အရည်အသွေးမြင့်နာမည်ကျော် ဂိမ်းအစီအစဉ်များကို ထည့်သွင်းပေးထားသဖြင့် MPT သုံးစွဲသူများအနေဖြင့် Action ၊ Casual and Puzzle ၊ Chess and Cards ၊ Music ၊ Racing ၊ Role Playing ၊ Sports နှင့် Strategy ဂိမ်းများပါ ဝင်သည့် Android ဂိမ်းပေါင်း နှစ်ထောင်ကျော်ကို ကစားနိုင်မည်လည်းဖြစ်သည်။
ဂိမ်းကစားခြင်းကို အထူးနှစ်သက်သော မြန်မာလူငယ်များအနေဖြင့် နာမည်ကျော်ဂိမ်းများကို ဈေးနှုန်းသက်သာသည့် စာရင်းသွင်းခနှုန်းထားဖြင့် ကစားနိုင်ကြတော့မည်ဖြစ်ပြီး နေ့စဉ်၊ အပတ်စဉ်၊ လစဉ် သုံးစွဲသူများအနေဖြင့် နာမည်ကျော် ဂိမ်းများဖြစ်သည့် Legacy of Discord ၊ Mounment Valley ၊ Piano Tiles 2 ၊ Legend of Lords ၊ Monsu 2 နှင့် Subway Surfers ကဲ့သို့သော ဂိမ်းများကို ရယူနိုင်မည် ဖြစ်ပြီး၊ Football Champions 2019 ၊ Need for Speeds ၊ Dancer Ball ၊ Helix Jump ၊ BIKE BLAST ၊ ChooChoo Heroes ၊ Ninja Arashi နှင့် Beasts Evolved ကဲ့သို့သော ဂိမ်းများ ကိုလည်း ကျသင့်သလောက်ပေး အစီအစဉ် (Pay per Download(PPD)) ဖြင့် ကြိုက်သလောက် ဒေါင်းလုတ်ဆွဲကာ ကစား နိုင်မည်လည်းဖြစ်သည်။

Photo Source – https://lotaya.mpt.com.mm/event/228

MPT သုံးစွဲသူများအနေဖြင့် AppTouch ဝန်ဆောင်မှုကို ၎င်း၏ ဝက်ဘ်ဆိုက် ဖြစ်သည့် http://apptouch.vip မှလည်း ကောင်း ၊ http://apptouch.vip ၏အောက်ခြေ တွင်ပြထားသည့် AppTouch application ခလုတ်ကိုနှိပ်ပြီး အက်ပလီ ကေးရှင်းကို ဒေါင်းလုတ်ရယူကာ မိုဘိုင်းလ်ဖုန်းမျက်နှာပြင်တွင် ပေါ်လာသည့် ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ခြင်း ဖြင့်လည်းကောင်း၊ လိုတရ Web Portal https://lotaya.mpt.com.mm/event/228 မှတစ်ဆင့် ရယူနိုင်မည်ဖြစ်သည်။
AppTouch ဝန်ဆောင်မှုကို ရယူရန်အတွက် သုံးစွဲသူများအနေဖြင့် တစ်ရက်စာအတွက် စာရင်းသွင်းရယူရန် 8550 သို့ “GD” သို့မဟုတ် “ON” ဟု စာတို (SMS) ပေးပို့ခြင်း၊ တစ်ပတ်စာအတွက် စာရင်းသွင်းရယူရန် 8550 သို့ “GW” ဟု စာတို (SMS) ပေးပို့ခြင်းနှင့် တစ်လစာအတွက် စာရင်းသွင်းရယူရန် 8550 သို့ “GM” ဟု စာတို (SMS) ပေးပို့ခြင်းတို့ဖြင့် စာရင်းသွင်းရယူနိုင်မည်ဖြစ်ပြီး တစ်ရက်စာအတွက် ၉၉ ကျပ်၊ တစ်ပတ်စာအတွက် ၄၉၉ ကျပ်နှင့် တစ်လစာအတွက် ၉၉၉ ကျပ် ကျသင့်မည်ဖြစ်သည်။

Photo Source – https://lotaya.mpt.com.mm/event/228

စာရင်းသွင်းရယူထားခြင်း မဟုတ်သည့် သုံးစွဲသူများအနေဖြင့်လည်း ၎င်းဝန်ဆောင်မှုတွင် ပါဝင်သည့် ဂိမ်းများကိုဝယ်ယူ လိုပါက ဒေါင်းလုတ်တစ်ကြိမ်ဆွဲတိုင်း အနည်းဆုံး ၃၀၀ ကျပ်မှစ၍ အများဆုံး (၃၂၀၀၀) ကျပ် အထိ ကျသင့်မည်ဖြစ်သည်။ စာရင်းသွင်းရယူထားသည့် သုံးစွဲသူများသည် VIP အသုံးပြုသူများအဆင့်ရရှိမည်ဖြစ်ပြီး AppTouch တွင်ပါဝင် သည့် ဂိမ်းများအားလုံးကို ရယူဆော့ကစားနိုင်မည်ဖြစ်ပြီး၊ VIP အသုံးပြုသူများ အနေဖြင့် အက်ပလီကေးရှင်းအတွင်း ဝယ်ယူမူများအားလုံးတွင်လည်း လျော့ဈေးရရှိမည်ဖြစ်ကြောင်းလည်းသိရသည်။
သုံးစွဲသူများကို MPT က ၎င်း ဝန်ဆောင်မှုကို ရယူသုံးစွဲသူများအတွက် အထူးပရိုမိုးရှင်းအစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၁) ရက် မှ သြဂုတ်လ (၂၀) ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ဝန်ဆောင်မှုရယူထားသော သုံးစွဲသူများအနေဖြင့် အထူးပရိုမိုးရှင်း အစီအစဉ်ကာလ (၂)လအတွင်း ရွှေဒင်္ဂါးပြား(၂) ဆု၊ Huawei Y7 Prime (၂) လုံး နှင့် (၃၀၀၀) ကျပ်တန် MPT ငွေဖြည့် ကတ်ပေါင်း ၆၀ တို့ကို ကံထူးနိုင်ခွင့်ရနိုင်မည် ဖြစ်သည်။ အသေးစိတ် အချက် အလက်များနှင့် စည်းမျဉ်း၊ စည်းကမ်းများကို https://lotaya.mpt.com.mm/event/228 တွင် ကြည့်ရှုနိုင်ကြောင်းလည်းသိရသည်။